Thursday 4 September 2014

အင်းစိန်ခုံးကျော်တံတားသစ် ယခုလအတွင်း တင်ဒါခေါ်၍ တရားဝင် သတင်းထုတ်ပြန်ပေးမည်

အင်းစိန် ခုံးကျော်တံတားသစ် အခြေခံတည်ဆောက်ရေးလုပ်ငန်း အတွက် စက်တင်ဘာ ပထမပတ် အတွင်း တင်ဒါခေါ်ယူ၍ တရားဝင်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမြို့ပြတံတားမှ အင်ဂျင် နီယာမှူးကြီး ဦးမျိုး ဇော်ထူးက ပြောသည်။
အဆိုပါ တံတားသစ်ကို လာမည့်နိုဝင်ဘာလတွင် စတင်ဆောက် လုပ်ရန် ရည်မှန်းထားပြီး လတ်တ လော တွင် လုပ်သားများနေထိုင်ရေး အတွက် ယာယီSite ရုံးများ တည် ဆောက်နေခြင်း၊ တံတားဘောင် ထုတ်ခြင်း စသည့် ပဏာမ အခြေခံအဆောက်အအုံအချို့မှာ ပြီးစီးနေပြီ ဖြစ်ကြောင်း ၄င်းကဆိုသည်။

”လက်ရှိတံတားကို အပြန်လမ်း သုံးပြီး အသစ်ကို အသွားလမ်းအဖြစ် ခွဲသုံးမယ်။ ယာဉ်ကြောခွဲထုတ်လိုက် ရင် ယာဉ်ကျပ်တည်းမှု လျော့သွား မှာပါ” ဟု ၄င်းကပြော သည်။

ထို့အပြင် တံတားအကျယ်ကို သုံးဆယ့်လေးပေနှင့် အလျားတစ်ရာ့ တစ်ဆယ့်ခြောက်ပေအထိ ဆောက် လုပ်မည်ဖြစ်ပြီး တင်ဒါခေါ်ယူမှုအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကသာ စီမံဆောင်ရွက်သွားမည်ဟု ၄င်းကဆိုသည်။

”တင်ဒါခေါ်တဲ့အပိုင်းက ကျွန် တော်နဲ့မဆိုင်ဘူး။ တင်ဒါအောင်မယ့် လုပ်ငန်းရှင်အဖွဲ့ကို အသေးစိတ် ကြီးကြပ်ပြီး ခိုင်းပေးဖို့ပဲ တာဝန်ယူ ထားတယ်” ဟု အထက်ပါ အင်ဂျင် နီယာမှူးကြီးက ပြောသည်။
အဆိုပါတံတားသစ်ဆောက် လုပ်ခြင်းနှင့်ပတ်သက်၍ အင်းစိန်မြို့ နယ်မှ ကိုဖြိုးဝေက ”ဒါကြီး ဆောက် လိုက်ရင် တော်တော်အဆင်ပြေသွား မယ်။ ပထမတစ်လမ်းတည်း ဆို ကား ပိတ်ရင်အရမ်းကြာပါတယ်” ဟု ၄င်း က ပြောသည်။

ထိုတံတား တည်ဆောက်ရေး အတွက် ဘတ်ဂျက်ကို သန်း ၅ဝဝ ရရှိထားသော်လည်း မလောက်ငနိုင် ၍ စည်းမျဉ်းနှင့်အညီ တွက်ချက်ပြီး မြန်မာ့မီးရထားရုံးချုပ် မှ ဖြည့် စွက် ဘတ်ဂျက် သန်း ၂ဝဝဝ ကို လွှတ် တော် သို့ ထပ်မံတင်သွင်းသွားမည် ဖြစ်ကြောင်းသိရသည်။

အောင်ဇော်ထူး
Popular Journal

No comments:

Post a Comment