Thursday 4 September 2014

ယာဉ်စီးခပိုတောင်းသည့် တိုင်စာပေါင်း တစ်လအတွင်း ၈၀ ကျော်ရှိဟု မထသပြော

ရန်ကုန်မြို့တွင်း ပြေးဆွဲ လျက်ရှိသည့် ခရီးသည်တင်ယာဉ် လိုင်းများတွင် ယာဉ်စီးခပိုမို တောင်းခံနေ ကြခြင်းကြောင့် မထ သ (ဗဟို)သို့ သြဂုတ်လအတွင်း တိုင်စာပေါင်း ၈၀ ကျော် ရောက် ရှိခဲ့ပြီး သက်ဆိုင်ရာ ယာဉ်လိုင်း များအလိုက် အရေးယူဆောင် ရွက်ခဲ့ကြောင်း မထသ(ဗဟို)မှ သတင်းရရှိသည်။
ယာဉ်စီးခ ပိုမိုတောင်းခံမှုကြောင့် မထသ(ဗဟို)သို့ ၂၀၁၄ ဇန်နဝါရီမှ သြဂုတ်လအထိ တိုင် စာပေါင်း လေးထော င်ေ ကျာ် တိုင် ကြားခဲ့ပြီး သက်ဆိုင်ရာ ယာဉ် လိုင်းများမှ ယာဉ်မောင်း၊ ယာဉ် နောက် လိုက် များ ကို အရေးယူခဲ့ ခြင်းဖြစ်သည်။

‘‘သြဂုတ်လအတွင်းမှာ တိုင်စာ ၈၀ ကျော် ရောက်ရှိလာတယ်။ ဒါက အွန်လိုင်းကနေ တိုင်ကြား တာ မပါသေးဘူး။ ကျွန်တော်တို့ ဘက်က အရေးယူပြီးတိုင်း တိုင်ကြားတဲ့သူတွေဆီကို ပြန်ပြီးအ  ကြောင်း ကြားပေးပါတယ်’’ ဟု မထသ(ဗဟို) အတွင်းရေးမှူး ဦး ဘမြင့်က ပြောသည်။

ယာဉ်စီးခ ပိုတောင်းနေမှုမှာ ရန်ကုန်မြို့တွင်း နေ့စဉ်သွားလာ လှုပ်ရှားလျက်ရှိသည့် ခရီးသည်များ အမြဲတမ်း ကြုံတွေ့နေရ သည့် ပြဿနာတစ်ရပ်ဖြစ်နေ ကြောင်း အဆိုပါယာဉ်စီးခ ပို တောင်းမှုမှသည် ယာဉ်နောက် လိုက်များက ခရီးသည်များကို မ ချေမငံ ဆက်ဆံပြောဆိုသည့်အ တွက် ခရီးသည်များ စိတ် မချမ်း မသာဖြစ်နေ ရကြောင်း ထို့ကြောင့်မထသ(ဗဟို)က ခရီးသည်များiPay စနစ်ဖြင့် ငွေဖြတ် ပိုင်းပေးဆောင် သည့် အစီအစဉ်တစ် ခု အကောင်အထည်ဖော် ဆောင်ရွက်နေသော် လည်း အောင်မြင်မှု မရရှိသေးကြောင်း ၎င်းက ပြောကြားသည်။

‘‘iPay စနစ်ကို အကောင်အ ထည်ဖော် ဆောင်ရွက်နေပါသော် လည်း အခုချိန်ထိ မအောင်မြင် သေးဘူး။ ဘာကြောင့် မအောင် မြင်လဲဆိုတာက ယာဉ်နောက် လိုက်တွေကြောင့်ပဲ။ ယာဉ်နောက်လိုက်တွေက ငွေကို သူတို့ကိုင်သုံး ချင်ကြတယ်။ ဒါကြောင့် ကားပေါ် မှာပါတဲ့ iPay စက်ကို တစ်ခုမ ဟုတ်တစ်ခု အကြောင်းပြတတ် ကြတယ်။ ဒါကြောင့် ဒီလက်မှတ် ပေးပြီး ယာဉ်စီးတဲ့စနစ်ကို အ ကောင်းဆုံးလုပ်နိုင်ဖို့ အတွက် iPay ကုမ္ပဏီနဲ့ ထပ်ပြီးညှိနှိုင်းနေ တယ်’’ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှသောင်းမြင့်က ပြောသည်။

iPay စနစ်ကို ယာဉ်စီးခပုံ သေ ထားရှိသည့် ပါရမီ၊ အဓိပတိ ယာဉ်လိုင်းများတွင် စတင်အသုံး ပြုခဲ့သော် လည်း အောင်မြင်မှုမရ ရှိခဲ့ကြောင်း ယခုနှစ်နောက်ပိုင်း တွင် အဆိုပါယာဉ်များတွင် iPay စက် တပ်ဆင် ထားသည့် ယာဉ် များ လျော့နည်းသွားကြောင်း ခရီးသည်များက ပြောသည်။

‘‘iPay နဲ့ စီးလို့ရမယ်ဆိုပြီး စတေကာတွေ ကပ်ထားတယ်။ တကယ်တမ်းလည်း ပေးစီးရော စက်ကပျက်နေ တာတို့ ဘက်ထရီ ကုန်နေတာတို့နဲ့ အမြဲတိုးနေတော့ ပိုက်ဆံပေးစီးရတာပဲ။ iPay ကတ်လုပ်ထားတာ အပိုဖြစ်နေတယ်’’ ဟု ကမာရွတ်မြို့နယ်တွင် နေထိုင်သည့် မခင်မာစိုးက ပြောသည်။

7Day DAILY

No comments:

Post a Comment