Thursday 4 September 2014

ဝေဖန်ခံနေရသည့် စည်ပင်နည်းဥပဒေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်များအား လူထုရွေးကောက်ပွဲ ပြုလုပ်တင်မြှောက်မည်

Photo: ဝေဖန်ခံနေရသည့် စည်ပင်နည်းဥပဒေဖြင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီဝင်များအား လူထုရွေးကောက်ပွဲ ပြုလုပ်တင်မြှောက်မည်
Thursday, September 4, 2014

နှစ်ပေါင်း ၅ဝကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ တော်စည်ပင် သာယာရေး ကော်မတီ အဆင့်ဆင့် ကော်မတီဝင်များ လူထု ရွေးချယ် တင်မြှောက်ပွဲကို ယခုစက် တင်ဘာလအတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောသည်။

''ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီရဲ့ မြို့နယ်အဆင့်လိုက် ခရိုင် အဆင့်လိုက် ကော်မတီဝင်တွေ ရဲ့ ရွေးကောက်တင်မြှောက်ပွဲကို ဒီလ ထဲမှာ ကျင်းပဖို့ရှိပါတယ်''ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီစီမံရေးရာဌာနမှ ဌာနမှူး ဦးတင်ကိုကိုက ''လောလောဆယ် တော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်ပြောလို့ မရသေးပါဘူး။ မကြာခင် အသေးစိတ် ထုတ်ပြန်ပေးပါမယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အချက်အချာကျ ဆုံး မြို့ကြီးနှစ်မြို့ဖြစ်သည့် ရန်ကုန် နှင့် မန္တလေးမြို့ကြီးများတွင် လွန်ခဲ့သည့် မဆလခေတ် ၁၉၆ဝ ပြည့်နှစ် ဝန်းကျင် က မြို့တော်ဝန်ရွေးကောက်ပွဲများကို စမ်းသပ်ကျင်းပခဲ့ဖူးပြီး ကျန်ပြည်နယ် နှင့်တိုင်းများတွင် ဗဟိုမှ တိုက်ရိုက် ခန့်အပ်သည့်ပုံစံကို ဆက်လက်ကျင့် သုံးခဲ့သည်။ ထိုအချိန်က ရွေးကောက် ပွဲများကို လက်လှမ်းမီခဲ့သည့် ဒီမိုက ရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌဦးသုဝေ ကပြောသည်။

''အများအားဖြင့်တော့ နာမည် ကြီးတဲ့သူတွေကိုပဲ ရွေးတာပဲ။ အတိုက် အခံတွေလဲပါတယ်။ ဖဆပလပြိုကွဲပြီး တဲ့နောက်ပိုင်း မြို့တော်ဝန်ရွေးကောက် ပွဲတွေလဲ ဒီနေ့အချိန်အထိ မရှိတော့ ဘူး'' ဟု၎င်းကပြောသည်။

ယခုလအတွင်း ကျင်းပမည့် ရန် ကုန်စည်ပင်သာယာရေး ကော်မတီ ဝင်အဆင့်ဆင့် ရွေးချယ်တင်မြှောက် ပွဲတွင် ၂ဝ၁၃ခုနှစ် စည်ပင်သာယာ ရေးဥပဒေ၊ နည်းဥပဒေများအရ အဖွဲ့ ဝင်ကိုးဦးပါဝင်သည့် ၄င်းကော်မတီ တွင် မြို့တော်ဝန် (ကော်မတီဥက္ကဋ္ဌ)ကို နိုင်ငံတော်သမ္မတမှ တိုက်ရိုက်ခန့်အပ် ၍လည်းကောင်း၊ အဖွဲ့ဝင်လေးဦးကို အစိုးရအဖွဲ့မှ တိုက်ရိုက်ခန့်အပ်၍လည်း ကောင်း၊ ကျန်အဖွဲ့ဝင်လေးဦးကို မြို့ တော်နယ်နိမိတ်အတွင်းရှိ ခရိုင်လေး ခုမှ ပြည်သူများက ရွေးချယ်တင်မြှောက် ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စည်ပင်နည်းဥပဒေသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန် လုပ်ဆောင်ထားခြင်းကြောင့် ပယ်ဖျက် ပေးရန် လွှတ်တော်ကိုယ်စားလှယ်များ က တင်ပြခဲ့သော်လည်း တိုင်းဒေသ ကြီးလွှတ်တော်က နဂိုမူလအတိုင်း အ တည်ပြုခဲ့သည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်ခံနေ သည့် နည်းဥပဒေတစ်ရပ်ဖြစ်ကြောင်း သိရသည်။

TheYangonTimes
Yangon Media Group
နှစ်ပေါင်း ၅ဝကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ တော်စည်ပင် သာယာရေး ကော်မတီ အဆင့်ဆင့် ကော်မတီဝင်များ လူထုရွေးချယ်တင်မြှောက်ပွဲကို ယခုစက်တင်ဘာလအတွင်း ကျင်းပသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း က ပြောသည်။
''ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီရဲ့ မြို့နယ်အဆင့်လိုက် ခရိုင် အဆင့်လိုက် ကော်မတီ ဝင်တွေ ရဲ့ ရွေးကောက်တင်မြှောက်ပွဲကို ဒီလ ထဲမှာ ကျင်းပဖို့ရှိပါတယ်''ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီစီမံရေးရာဌာနမှ ဌာနမှူး ဦးတင်ကိုကိုက ''လောလော ဆယ် တော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်ပြောလို့ မရသေးပါဘူး။ မကြာခင် အသေးစိတ် ထုတ်ပြန်ပေးပါမယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အချက်အချာကျ ဆုံး မြို့ကြီးနှစ်မြို့ဖြစ်သည့် ရန်ကုန် နှင့် မန္တလေးမြို့ကြီးများတွင် လွန်ခဲ့သည့် မဆလခေတ် ၁၉၆ဝ ပြည့်နှစ်ဝန်းကျင်က မြို့တော်ဝန်ရွေးကောက်ပွဲများကို စမ်းသပ်ကျင်းပခဲ့ဖူးပြီး ကျန်ပြည် နယ်နှင့်တိုင်းများတွင် ဗဟိုမှတိုက်ရိုက်ခန့်အပ်သည့်ပုံစံကို ဆက်လက်ကျင့်သုံးခဲ့သည်။ ထိုအချိန်က ရွေးေ ကာ က် ပွဲများကို လက်လှမ်းမီခဲ့သည့် ဒီမိုက ရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌဦးသုဝေ ကပြောသည်။

''အများအားဖြင့်တော့ နာမည် ကြီးတဲ့သူတွေကိုပဲ ရွေးတာပဲ။ အတိုက် အခံတွေလဲပါတယ်။ ဖဆပလ ပြိုကွဲပြီး တဲ့နောက်ပိုင်း မြို့တော်ဝန်ရွေးကောက် ပွဲတွေလဲ ဒီနေ့အချိန်အထိ မရှိတော့ ဘူး'' ဟု၎င်းကပြော သည်။

ယခုလအတွင်း ကျင်းပမည့် ရန် ကုန်စည်ပင်သာယာရေး ကော်မတီ ဝင်အဆင့်ဆင့် ရွေးချယ်တင်မြှောက် ပွဲတွင် ၂ဝ၁၃ခုနှစ် စည်ပင်သာယာ ရေးဥပဒေ၊ နည်းဥပဒေများအရ အဖွဲ့ ဝင်ကိုးဦးပါဝင်သည့် ၄င်းကော် မတီ တွင် မြို့တော်ဝန် (ကော်မတီဥက္ကဋ္ဌ)ကို နိုင်ငံတော်သမ္မတမှ တိုက်ရိုက်ခန့်အပ် ၍လည်းကောင်း၊ အဖွဲ့ဝင်လေးဦးကို အစိုးရအဖွဲ့မှ တိုက်ရိုက်ခန့်အပ်၍လည်း ကောင်း၊ ကျန်အဖွဲ့ဝင်လေးဦးကို မြို့ တော် နယ်နိမိတ်အတွင်းရှိ ခရိုင်လေး ခုမှ ပြည်သူများက ရွေးချယ်တင်မြှောက် ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စည်ပင်နည်းဥပဒေသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန် လုပ်ဆောင်ထားခြင်းကြောင့် ပယ်ဖျက် ပေးရန် လွှတ်တော်ကိုယ်စားလှယ်များ က တင်ပြခဲ့သော်လည်း တိုင်းဒေသ ကြီးလွှတ်တော်က နဂိုမူလအတိုင်း အတည်ပြုခဲ့သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခံနေသည့် နည်းဥပဒေ တစ်ရပ်ဖြစ်ကြောင်း သိရသည်။

TheYangonTimes
Yangon Media Group

No comments:

Post a Comment