Thursday 4 September 2014

ကစားသမားသစ်သုံးဦးအတွက် မန်ယူ ပေါင် ၄၂ သန်း ပိုပေးခဲ့ရ

Photo: ကစားသမားသစ်သုံးဦးအတွက် မန်ယူ ပေါင် ၄၂ သန်း ပိုပေးခဲ့ရ
Thursday, September 4, 2014

မန်ယူအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ခေါ်ယူခဲ့သည့် ကစားသမား သုံးဦးဖြစ်သော ဒီမာရီယာ၊ အန်ဒါဟာရီရာနှင့် လုခ်ရှောတို့ သုံးဦးအတွက် တန်ကြေး ထက် ပေါင် ၄၂ သန်း ပိုပေးခဲ့ရသည် ကို တွေ့ရကြောင်း ဘော လုံးဈေး ကွက် စောင့်ကြည့်ရေးအဖွဲ့ CIES Football Observatory က ထုတ်ပြန်သည်။

အဆိုပါအဖွဲ့၏ ထုတ်ပြန်မှုစာရင်းတွင် မန်ယူမှာ ဒီမာရီယာကို စံချိန်တင်ဈေး ပေါင် ၅၉ ဒသမ ၇ သန်းဖြင့် ခေါ်ယူခဲ့ရာ၌ ကစားသမား၏ ဈေးကွက်တန်ကြေး အစစ်အမှန်ထက် ပေါင် ၂၃ ဒသမ ၉ သန်း ပိုပေးခဲ့ရကြောင်း ဆိုသည်။ ထို့ပြင် မန်ယူသည် ဟာရီရာကိုခေါ်ရာတွင် စာချုပ်ပါ ပေါက်ဈေးထက် ပေါင် ၁၃ သန်း အပိုပေးခဲ့ကာ လုခ်ရှောအတွက် ပေါင် ငါးသန်း အပိုပေးခဲ့ရကြောင်း တွက်ချက်ဖော်ပြထားသည်။

CIES ၏ ထုတ်ပြန်မှုတွင်ကစားသမားများ၏ တန်ကြေးများကို ၎င်းတို့အသက်၊ အသင်းနှင့် စာချုပ်သက်တမ်း၊ ရရှိထားသည့်ဂိုးအရေအတွက်နှင့် ကစားသမား၏ တစ်ပွဲချင်းကစားထားသည့် စွမ်းဆောင်ရည် ရမှတ်များကို ထည့်သွင်းတွက်ချက်ပြီးမှ ကစားသမား၏ ဖြစ်နိုင်ခြေအရှိဆုံး ပြောင်းရွှေ့ကြေးကို တွက်ချက်ပြခြင်း ဖြစ်သည်။ အဖွဲ့သည် စာရင်းတွင် အင်္ဂလန်၊ စပိန်၊ ဂျာမနီ၊ အီတလီနှင့် ပြင်သစ်လိဂ်များမှ ကစားသမားများ၏ တန်ကြေးများကို တွက်ချက်ပြထားသည်။

၎င်းတို့က ရီးရဲလ်သည် ချယ်လ်ဆီးမှ ဒေးဗစ်လူးဝစ်အတွက် ပေါင်၂၃ ဒသမ ၁သန်း၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်  အတွက် ပေါင် ၁၉ ဒသမ ၉သန်း အသီးသီး အပိုပေးခဲ့ရကြောင်းဆိုသည်။ ထို့ပြင် ဈေးသက်သာစွာဖြင့် ကစားသမား ကောင်းများရခဲ့သည့် ကလပ်များအနက်လီဗာပူးမှာ ဘာလော့တယ်လီအား တန်ဖိုးအမှန်ပေါင် ၂၉ သန်းရှိသော်လည်း  ၁၆သန်းဖြင့် ရခဲ့ခြင်းကို ဖော်ပြခဲ့သလို ဆွာရက်ဇ်ကို ဘာစီလိုနာသို့ ရောင်းရာတွင် ပေါင် ၉ ဒသမ ၄ သန်းနစ်နာခဲ့ကြောင်း တွက်ချက်ဖော် ပြခဲ့သည်။    

Ref: Eurosports
7Day DAILY
မန်ယူအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ခေါ်ယူခဲ့သည့် ကစားသမား သုံးဦးဖြစ်သော ဒီမာရီယာ၊ အန်ဒါဟာရီရာနှင့် လုခ်ရှောတို့သုံးဦးအတွက် တန်ကြေးထက် ပေါင် ၄၂ သန်း ပိုပေးခဲ့ရသည် ကို တွေ့ ရကြောင်း ဘော လုံးဈေး ကွက် စောင့်ကြည့်ရေးအဖွဲ့ CIES Football Observatory က ထုတ်ပြန်သည်။
အဆိုပါအဖွဲ့၏ ထုတ်ပြန်မှုစာရင်းတွင် မန်ယူမှာ ဒီမာရီယာကို စံချိန်တင်ဈေး ပေါင် ၅၉ ဒသမ ၇ သန်းဖြင့် ခေါ်ယူခဲ့ရာ၌ ကစားသမား၏ ဈေးကွက်တန်ကြေး အစစ်အမှန်ထက် ပေါင် ၂၃ ဒသမ ၉ သန်း ပိုပေး ခဲ့ရကြောင်း ဆိုသည်။ ထို့ပြင် မန်ယူသည် ဟာရီရာကိုခေါ်ရာတွင် စာချုပ်ပါ ပေါက်ဈေးထက် ပေါင် ၁၃ သန်း အပိုပေးခဲ့ကာ လုခ်ရှောအတွက် ပေါင် ငါးသန်း အပိုပေးခဲ့ရကြောင်း တွက်ချက်ဖော်ပြထားသည်။

CIES ၏ ထုတ်ပြန်မှုတွင်ကစားသမားများ၏ တန်ကြေးများကို ၎င်းတို့အသက်၊ အသင်းနှင့် စာချုပ်သက်တမ်း၊ ရရှိထားသည့်ဂိုးအရေအတွက်နှင့် ကစားသမား၏ တစ်ပွဲချင်းကစားထားသည့် စွမ်းဆောင်ရည် ရမှတ်များကို ထည့်သွင်းတွက်ချက်ပြီးမှ ကစားသမား၏ ဖြစ်နိုင်ခြေအရှိဆုံး ပြောင်းရွှေ့ကြေးကို တွက်ချက်ပြခြင်း ဖြစ် သည်။ အဖွဲ့သည် စာရင်းတွင် အင်္ဂလန်၊ စပိန်၊ ဂျာမနီ၊ အီတလီနှင့် ပြင်သစ်လိဂ်များမှ ကစားသမားများ၏ တန်ကြေးများကို တွက်ချက်ပြထားသည်။

၎င်းတို့က ရီးရဲလ်သည် ချယ်လ်ဆီးမှ ဒေးဗစ်လူးဝစ်အတွက် ပေါင်၂၃ ဒသမ ၁သန်း၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်  အတွက် ပေါင် ၁၉ ဒသမ ၉သန်း အသီးသီး အပိုပေးခဲ့ရကြောင်းဆိုသည်။ ထို့ပြင် ဈေးသက်သာစွာဖြင့် ကစား သမား ကောင်းများရခဲ့သည့် ကလပ်များအနက်လီဗာပူးမှာ ဘာလော့တယ်လီအား တန်ဖိုးအမှန်ပေါင် ၂၉ သန်းရှိသော်လည်း  ၁၆သန်းဖြင့် ရခဲ့ခြင်းကို ဖော်ပြခဲ့သလို ဆွာရက်ဇ်ကို ဘာစီလိုနာသို့ ရောင်း ရာတွင် ပေါင် ၉ ဒသမ ၄ သန်းနစ်နာခဲ့ကြောင်း တွက်ချက်ဖော် ပြခဲ့သည်။   

Ref: Eurosports
7Day DAILY

No comments:

Post a Comment