Thursday 4 September 2014

ကားနှင့်ပတ်သက်သည့် နိုင်ငံတကာ ကုန်စည်ပြပွဲ ကျင်းပမည်

ယာဉ်အပိုပစ္စည်းနှင့် ၀န် ဆောင်မှုဆိုင်ရာ နိုင်ငံတကာ စက်မှုကုန်စည်ပြပွဲကို ရန်ကုန်မြို့ တပ်မတော် ခန်းမ တွင် ကျင်းပပြု လုပ်မည်ဖြစ်ကြောင်းသတင်းရရှိသည်။
၎င်းပြပွဲကို AMB EVENTS ၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့ တပ်မ တော်ခန်းမတွင် စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ပြပွဲတွင် နိုင်ငံပေါင်း ၂၀ မှ လာရောက်ပြသသူ ၂၅၀ ကျော်က ကုန်ပစ္စည်းသစ်မိတ်ဆက်မှုများကို အဓိက ပြ သ သွားမည်ဖြစ် ကြောင်း သိရသည်။

ပြပွဲတွင် မြန်မာနိုင်ငံသို့ ကားအပိုပစ္စည်းများ တင်သွင်းရန် ပြည်တွင်းလုပ်ငန်းရှင် ကိုယ်စားလှယ်ရှာဖွေခြင်း များ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများလည်း ပါဝင်သွားမည် ဖြစ်သည်။

ပြပွဲတွင် နိုင်ငံတကာယာဉ် အပိုပစ္စည်း နာမည်ကြီး အမှတ် တံဆိပ်များဖြစ်သည့် BOSCH, MICHELIN, MOTUL, Stallion Lubricants အစရှိသော ကုန်အ မှတ်တံဆိပ်များ အဓိကပါဝင် ပြသရန် ရည်ရွယ် ထားသည်။

နိုင်ငံတကာမှ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ထိုင်ဝမ်၊ မလေးရှား၊ စင်ကာပူတို့မှ ကုမ္ပဏီများက အဓိက လာရောက်ပြ သရောင်းချမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကားတင် သွင်းမှုဆိုင်ရာ မူဝါဒများ အ ပြောင်းအလဲ ပြုလုပ်ပြီးနောက် ကားနှင့်ပတ်သက် သည့် လိုအပ် သော ယာဉ်အပိုပစ္စည်းများ လို အပ်ချက်မှာ မြင့်မားလျက်ရှိသော ကြောင့် ယခုပြပွဲသည် နိုင်ငံ တ ကာမှ ယာဉ်အပိုပစ္စည်းရောင်း ၀ယ်ရေးကုမ္ပဏီများ ဈေးကွက် လေ့လာခွင့်ရမည့် အခြေအနေ လည်း ဖြစ် သည်။

ကမ္ဘာတွင် ၂၀၁၃ ခုနှစ်၌ ယာဉ်အပိုပစ္စည်းဈေးကွက်လို အပ်ချက်သည် ၃၀ ရာခိုင်နှုန်းအ ထိ ဆက်တိုက်မြင့် မားနေပြီး ၂၀၁၄ခုနှစ်တွင် ၁၅ ရာခိုင်နှုန်းအထိ ထပ်မံတိုးတက်ရန် ရည်ရွယ်ထားသည်။

7Day DAILY

No comments:

Post a Comment