Thursday 4 September 2014

သမ္မတ ဦးသိန်းစိန် ဥရောပသို့ ရောက် ရှိနေစဉ် မြန်မာ့လူ့အခွင့်အရေး စိုးရိမ် ဖွယ်ရာ အချို့နှင့်ပတ်သက်၍ တိုက် တွန်းသည့် အိတ်ဖွင့်ပေးစာ ကို နိုင်ငံ တကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ အပါအ၀င် အဖွဲ့အစည်း သုံးခုက EU သို့ ပေးပို့


ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ ရောက်ရှိနေသော သမ္မတဦးသိန်းစိန်နှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ် အား စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (Photo: AFP)
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများ မြှင့်တင်ရန်အတွက် ကုသမဂ္ဂအထွေထွေ ညီလာခံ တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများအတွက် ဖြေရှင်းချက်နှင့် ဆုံးဖြတ်ချက်တစ်ခု ယခုနှစ် တွင် ထပ်မံချမှတ်နိုင်ရန် အတွက် တိုက်တွန်းပေးရန် ပြောကြားထားသည့် အိတ်ဖွင့်ပေးစာတစ်စောင် ကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)၊ နိုင်ငံတကာလူ့အခွင့်အရေး ဖက်ဒရေးရှင်း (the International Federation for Human Rights-FIDH) နှင့် FIDH အဖွဲ့ဝင် Alternative ASEAN Network on Burma  (ALTSEAN-Burma) တို့က ဥရောပသမဂ္ဂ (EU) သို့ စက်တင်ဘာ ၁ ရက်က ပေးပို့ခဲ့သည်။
အဆိုပါ အိတ်ဖွင့်ပေးစာတွင် လာမည့်ကုလသမဂ္ဂ အထွေထွေညီလာခံတွင် EU နှင့် EU အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများ တိုးတက်ကောင်းမွန်စေရန် ကုလသမဂ္ဂ ဆုံးဖြတ်ချက် တစ်ရပ် ထပ်မံချမှတ်ရန် တိုက်တွန်းစေလိုကြောင်း၊ ထိုကဲ့သို့ ချမှတ်ရန် ပျက်ကွက် ပါက မြန်မာနိုင်ငံတွင် အခြေခံလူ့အခွင့်အရေးများ ရရှိရန် ဆောင်ရွက်မှုအတွက် အန္တရာယ်ရှိနိုင်ကြောင်း၊ ယခုနှစ် အတွင်း မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးအပေါ် ခြိမ်းခြောက်ခံရမှုများ ပိုမိုများပြားလာကြောင်း ဖော်ပြ ပါရှိသည်။

“EU အနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုများကိုဖြေရှင်းမယ့် ဆုံးဖြတ်ချက်မျိုး ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ချမှတ်နိုင်ဖို့ ပံ့ပိုးပေးပါလို့ တိုက်တွန်းပါတယ်။ လက်ရှိမှာ တိုင်းရင်းသား လူနည်းစုတွေရဲ့ အခြေအနေ၊ လူ့အခွင့်အရေး ကာကွယ်သူတွေ တက်ကြွ လှုပ်ရှား သူတွေကို ဖမ်းဆီးထောင်ချမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးမယူတာတွေ ဒီလိုမျိုး စိုးရိမ်ဖွယ်ရာ အခြေအနေတွေ ရှိနေပါတယ်” ဟု အိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်တို့ အပေါ် တင်းကျပ်မှုများ ရှိနေသည်။ သမ္မတဦးသိန်းစိန် အနေဖြင့် ၂ဝ၁၃ ခုနှစ်အကုန်တွင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးမည်ဟု ကတိပေးခဲ့သော်လည်း လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက် ခဲ့ကြောင်း၊ ၂ဝ၁၄ ခုနှစ်အတွင်း လူ့အခွင့်အရေးလှုပ်ရှားသူ၊ နိုင်ငံရေးလှုပ်ရှားသူများနှင့် လယ်သမား အမြောက် အမြား ထပ်မံဖမ်းဆီးခံခဲ့ရပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၇ဝ ထက်မနည်း မြန်မာနိုင်ငံရှိ အကျဉ်းထောင်များ၌ ရှိနေသေးကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဝေဖန်ထားသည်။ ထို့ပြင် သတင်းထောက်များနှင့် စာနယ်ဇင်းသမားများကို ဖမ်းဆီးထောင်ချခြင်းကလည်း မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို များစွာထိခိုက်စေ သည်ဟု ၎င်း တို့က ဆိုသည်။

ဂျာမနီနိုင်ငံသို့ ရောက်ရှိနေသော သမ္မတဦးသိန်းစိန်နှင့်အဖွဲ့အား တွေ့ရစဉ် (ဓာတ်ပုံ-သမ္မတရုံး ၀က်ဘ် ဆိုက်)

လွန်ခဲ့သော ၂၃ နှစ်တာ ကာလအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် သည် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးမြှင့်တင်ရန် ကြိုးပမ်းမှုများကို နိုင်ငံတကာမှ ထောက် ခံကြောင်း ပြသသည့် အဓိကအင်အားတစ်ရပ် ဖြစ်ခဲ့သည်။ EU သည် အဆိုပါဆုံးဖြတ်ချက်များ ချမှတ်ရာ တွင် အဓိက ကဏ္ဍမှ အစဉ်အမြဲပါဝင်ခဲ့ပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများ ကို ဖြေ ရှင်းရန် အတွက် အဓိကထောက်ပံ့ ပေးခဲ့သူလည်းဖြစ်သည်။

ထို့ကြောင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ FIDH နှင့် ALTSEAN-Burma အဖွဲ့တို့သည် မြန်မာနိုင်ငံ ၏ လူ့အခွင့်အရေး ကဏ္ဍအပေါ် EU ၏ လွှမ်းမိုးနိုင်မှုကို အသိအမှတ်ပြုကြောင်း၊ မကြာသေးမီက စတင် ခဲ့သော EU-မြန်မာ လူ့အခွင့်အရေး ဆွေးနွေးပွဲများသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုများ ကို ဖြေရှင်းရန်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ကြောင်း အဆိုပါ အိတ်ဖွင့်ပေးစာ၌ ဖော်ပြထားသည်။

အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် တစ်နှစ်အလိုတွင် မြန်မာနိုင်ငံအနေဖြင့် အရေးပါသည့် ကဏ္ဍ များတွင် လူ့အခွင့်အရေးဆိုင်ရာ ဖော်ဆောင်နိုင်မှုများ ပျက်ကွက်နေပြီး ဖော်ဆောင်ပြီး ကဏ္ဍများ၌ လည်း စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေးဆုံးရှုံးမှုများ ဖြစ်ပေါ်ခြင်းကြောင့် EU အနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအပေါ် နိုင်ငံတကာ ဖြေရှင်းမှုနည်းလမ်းများ ဆက်လက်ထားရှိရန်လိုအပ်သည်ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။ ထို့ကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို ဆက်လက်ထောက်ခံပြီး ထပ်မံချမှတ်နိုင်ရန် လိုအပ်သည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ယုံကြည်သည်။

စက်တင်ဘာ ၂ ရက်နှင့် ၃ ရက်တွင် ကျင်းပမည့် (၆၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင် မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် ဖော်ဆောင်နိုင်ရန် EU က အဓိကပံ့ပိုးရန် အဆိုပါ နိုင်ငံတကာ အဖွဲ့အစည်းသုံးခုက တောင်းဆိုခြင်းဖြစ်သည်။

၂ဝ၁၄ ခုနှစ်အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် တိုင်းရင်းသားဒေသ များတွင် နိုင်ငံတကာလူ့အခွင့်အရေး ပြဌာန်းချက်များကို ဖောက်ဖျက်မှု အများအပြား ဖြစ်ပေါ်ခဲ့ကြောင်း၊ လက်နက် ကိုင် အဖွဲ့အစည်းများမှ တရားမဝင်သတ်ဖြတ်မှု၊ နှိပ်စက်မှု၊ ချုပ်နှောင်မှုများနှင့် အဓမ္မမှုများ ကျူးလွန် ခဲ့ကြောင်း၊ ထိုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အရေးယူမှု အားနည်းနေကြောင်း EU သို့ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဥရောပသုံးနိုင်ငံခရီးစဉ်အဖြစ် ဂျာမနီ၊ ဆွစ်ဇာလန်နှင့် နယ်သာလန်နိုင်ငံ များသို့ သွားရောက်လျက်ရှိပြီး စက်တင်ဘာ ၂ ရက်က ဂျာမနီနိုင်ငံသို့ ရောက်ရှိခဲ့သည်။

 Eleven Media Group

No comments:

Post a Comment