Wednesday 6 August 2014

စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကလေးငယ်၏ ရောဂါမှာ အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသကဲ့သို့ အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရခြင်းမဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ငြင်းဆို

Photo: စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကလေးငယ်၏ ရောဂါမှာ အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသကဲ့သို့ အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရခြင်းမဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ငြင်းဆို
Wednesday, August 6, 2014

စစ်တွေမြို့ ပြည်နယ်အထွေထွေဆေးရုံကြီးတွင် ကုသမှုခံယူနေသော ကလေးတစ်ဦးတွင် အီဘိုလာရောဂါဖြစ်ပွားနေခြင်း မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ငြင်းဆိုခဲ့ကြောင်း သြဂုတ် ၅ ရက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်း ဖော်ပြချက်အား ကိုးကား သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနက အီဘိုလာရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ယနေ့အထိ အီဘိုလာရောဂါဖြစ်ပွားသူမရှိကြောင်း၊ အင်တာနက်သတင်းတွင် ဖော်ပြထားသည့် အဆိုပါသတင်းမှာ မှားယွင်းဖော်ပြချက်သာဖြစ်သည်ကို ကျန်းမာရေးဝန်ကြီးဌာနမှ သိရှိရကြောင်း မြန်မာမာ့ရုပ်မြင်သံကြားသတင်းမှ ဖော်ပြခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီးတွင် ကလေးငယ်တစ်ဦး Ebola Virus ရောဂါဖြင့် ဆေးကုသမှုခံယူနေကြောင်း အင်တာနက်သတင်းများတွင် သြဂုတ် ၄ ရက်မှစတင်၍ ဖော်ပြလျက်ရှိပြီး လူနာမှာ မင်းပြားမြို့နယ် ကမ်းနီကျေးရွာနေ အသက်ခြောက်နှစ်အရွယ်ရှိ မောင်မျိုးလင်းနိုင်ဆိုသူဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်သည် ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီမှစတင်၍ ဆာလ်ဖာဆေး မတည့်ခြင်းကြောင့်ဖြစ်ပေါ်လာသော Stevens–Johnson Syndrome ရောဂါဖြင့် စစ်တွေမြို့ ပြည်နယ်အထွေထွေဆေးရုံကြီး ကလေးကုသဆောင်၌ တက်ရောက်ကုသနေသူဖြစ်ကြောင်း မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သည်။

ဆက်လက်ပြီး လူနာသည် အဖျားရောဂါဖြင့် ၎င်း၏ရွာတွင် ဇူလိုင် ၂၁ ရက်မှစ၍ ဆေးသောက်ခဲ့ပြီး နှစ်ရက်အကြာ ဇူလိုင် ၂၃ ရက်တွင် မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံမှတစ်ဆင့် စစ်တွေမြို့ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီးသို့ လွှဲပြောင်းရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ မောင်မျိုးလင်းနိုင်၏ အခြေအနေမှာ သက်သာကောင်းမွန်လာပြီဖြစ်ပြီး အဆိုပါ Stevens–Johnson Syndrome ရောဂါသည် မွေးရာပါခုခံအားစနစ် ချို့ယွင်းနေသူများတွင် ဆေးဝါးဓာတ်မတည့်ခြင်း၊ အထူးသဖြင့် ဆာလ်ဖာဓာတ်ပါဝင်သော ဆေးဝါးများကြောင့် ဖြစ်ပွားပြီး Human Immuno Deficiency Virus, Coxsackievirus အသည်းရောင်ရောဂါပိုး၊ တုပ်ကွေးရောဂါပိုးတို့ ၀င်ရောက်ခြင်း၊ ကင်ဆာရောဂါဖြစ်ခြင်းတို့ကြောင့် ဖြစ်ပွားလေ့ရှိကြောင်း၊ ဆေးဝါးဓာတ်မတည့်မှုကြောင့် အများဆုံးဖြစ်ပွားလေ့ရှိကြောင်း တစ်ဆက်တည်း သိရသည်။

 အဆိုပါရောဂါဖြစ်ပွားပါက ပထမဦးစွာ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့ဖြစ်ကာ နောက်ပိုင်းတွင် ပါးစပ်၊ နှုတ်ခမ်း၊ လိင်အင်္ဂါနှင့် စအိုပတ်ဝန်းကျင်တို့တွင် အနာများဖြစ်ပေါ်ခြင်း၊ ပါးစပ်ထဲတွင် အနာများဖြစ်ပွားပါက လူနာသည် အလွန်အမင်းနာကျင်ပြီး အစာမစားနိုင်ခြင်း၊ ကလေးငယ်များတွင် ယင်းရောဂါဖြစ်ပွားပါက လူနာရာခိုင်နှုန်း ၃၀ ၌ မျက်စိနာခြင်းဖြစ်ပွားနိုင်ကြောင်း၊ မျက်နှာ၊ ခန္ဓာကိုယ်၊ ခြေလက်၊ ခြေဖ၀ါးများတွင် တစ်လက်မပတ်လည်ခန့် အနီပြင်များထွက်ခြင်း၊ မျက်ကြည်လွှာ ပျက်စီးခြင်း၊ မျက်စိကန်းခြင်း၊ ကိုယ်တွင်းကလီစာများ ပျက်စီးခြင်းတို့ဖြစ်နိုင်ကြောင်း သိရသည်။

“အဲဒီ့သတင်းက ဖေ့စ်ဘွတ်မှာပြန့်နေတာကို ကျွန်တော်တို့ကြားပါတယ်။ ဒါက တကယ်မဟုတ်ပါဘူး။ တကယ်သာ ပြည်တွင်းမှာကူးစက်မှုရှိနေရင် ကျွန်တော်တို့ဘက်က ထုတ်ပြန်ချက်တွေကို အချိန်မီလုပ်ဆောင်သွားမှာဖြစ်ပြီး ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းတွေကို အများသိအောင် ဆောင်ရွက်သွားမှာပါ”ဟု ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက သြ ဂုတ် ၅ ရက် မွန်းလွဲပိုင်းက The Daily Eleven ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။

ယခုကဲ့သို့ အင်တာနက်စာမျက်နှာများပေါ်တွင် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ကလေးငယ် စစ်တွေဆေးရုံတွင် ကုသခံနေရသည်ဆိုသော သတင်းများပျံ့နှံ့နေခြင်းနှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် နှင့် သမ္မတရုံးညွှန်ကြားရေးမှူး မှူးဇ်ာတို့၏ ဖေ့ဘွတ်စာမျက်နှာများတွင် ညနေပိုင်းကတည်းက ကျန်းမာရေးဝန်ကြီးဌာန၏ ငြင်းဆိုမှုကို ဖော်ပြထားပြီး ဆက်လက်မဖြန့်ဝေကြရန် တိုက်တွန်းထားသည်။

Eleven Media Group 

Facebook စာမျက်နှာတွင် ပျံ့နှံ့နေသော လူနာကလေးငယ်၏ ဓာတ်ပုံများ
Facebook စာမျက်နှာတွင် ပျံ့နှံ့နေသော လူနာကလေးငယ်၏ ဓာတ်ပုံများ
စစ်တွေမြို့ ပြည်နယ်အထွေထွေဆေးရုံကြီးတွင် ကုသမှုခံယူနေသော ကလေးတစ်ဦးတွင် အီဘိုလာရော ဂါဖြစ် ပွားနေခြင်း မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ငြင်းဆိုခဲ့ကြောင်း သြဂုတ် ၅ ရက် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားသတင်း ဖော်ပြချက်အား ကိုးကား သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနက အီဘိုလာရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို ဆောင်ရွက်လျက် ရှိပြီး မြန်မာနိုင်ငံတွင် ယနေ့အထိ အီဘိုလာရောဂါဖြစ်ပွားသူမရှိကြောင်း၊ အင်တာနက်သတင်းတွင် ဖော်ပြ ထားသည့် အဆိုပါသတင်းမှာ မှားယွင်းဖော်ပြချက်သာဖြစ်သည်ကို ကျန်းမာရေးဝန်ကြီးဌာနမှ သိရှိရကြော င်း မြန်မာ့ ရုပ်မြင် သံကြား သတင်းမှ ဖော်ပြခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီးတွင် ကလေးငယ်တစ်ဦး Ebola Virus ရောဂါဖြင့် ဆေးကုသမှုခံယူနေကြောင်း အင်တာနက်သတင်းများတွင် သြဂုတ် ၄ ရက်မှစတင် ၍ ဖော်ပြ လျက်ရှိပြီး လူနာမှာ မင်းပြားမြို့နယ် ကမ်းနီကျေးရွာနေ အသက်ခြောက်နှစ်အရွယ် ရှိ မောင်မျိုးလင်းနိုင် ဆိုသူဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်သည် ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီမှစတင်၍ ဆာလ်ဖာဆေး မတည့်ခြင်းကြောင့်ဖြစ်ပေါ်လာသော Stevens–Johnson Syndrome ရောဂါဖြင့် စစ်တွေမြို့ ပြည်နယ် အထွေထွေဆေးရုံကြီး ကလေးကုသဆောင်၌ တက်ရောက်ကုသနေသူဖြစ်ကြောင်း မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သည်။

ဆက်လက်ပြီး လူနာသည် အဖျားရောဂါဖြင့် ၎င်း၏ရွာတွင် ဇူလိုင် ၂၁ ရက်မှစ၍ ဆေးသောက် ခဲ့ပြီး နှစ်ရက် အကြာ ဇူလိုင် ၂၃ ရက်တွင် မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံမှတစ်ဆင့် စစ်တွေမြို့ပြည်နယ် အထွေထွေရောဂါ ကုဆေးရုံကြီးသို့ လွှဲပြောင်းရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ မောင်မျိုးလင်းနိုင်၏ အခြေအနေမှာ သက်သာကောင်းမွန်လာပြီဖြစ်ပြီး အဆိုပါ Stevens–Johnson Syndrome ရောဂါသည် မွေးရာပါခုခံအားစနစ် ချို့ယွင်းနေသူများတွင် ဆေးဝါးဓာတ်မတည့်ခြင်း၊ အထူးသဖြင့် ဆာလ်ဖာဓာတ်ပါဝင်သော ဆေးဝါးများကြောင့် ဖြစ်ပွားပြီး Human Immuno Deficiency Virus, Coxsackievirus အသည်းရောင်ရောဂါပိုး၊ တုပ်ကွေးရောဂါပိုးတို့ ၀င်ရောက်ခြင်း၊ ကင်ဆာရောဂါဖြစ်ခြင်းတို့ကြောင့် ဖြစ်ပွားလေ့ရှိကြောင်း၊ ဆေးဝါးဓာတ်မတည့်မှုကြောင့် အများဆုံးဖြစ် ပွားလေ့ ရှိကြောင်း တစ်ဆက်တည်း သိရသည်။

 အဆိုပါရောဂါဖြစ်ပွားပါက ပထမဦးစွာ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့ဖြစ် ကာ နောက် ပိုင်းတွင် ပါးစပ်၊ နှုတ်ခမ်း၊ လိင်အင်္ဂါနှင့် စအိုပတ်ဝန်းကျင်တို့တွင် အနာများဖြစ်ပေါ်ခြင်း၊ ပါးစပ်ထဲ တွင် အနာများဖြစ်ပွားပါက လူနာသည် အလွန်အမင်းနာကျင်ပြီး အစာမစားနိုင်ခြင်း၊ ကလေးငယ် များတွင် ယင်းရောဂါဖြစ်ပွားပါက လူနာရာခိုင်နှုန်း ၃၀ ၌ မျက်စိနာခြင်းဖြစ်ပွားနိုင်ကြောင်း၊ မျက်နှာ၊ ခန္ဓာကိုယ်၊ ခြေလက်၊ ခြေဖ၀ါးများတွင် တစ်လက်မပတ်လည်ခန့် အနီပြင်များထွက်ခြင်း၊ မျက်ကြည်လွှာ ပျက်စီးခြင်း၊ မျက်စိကန်းခြင်း၊ ကိုယ်တွင်းကလီစာများ ပျက်စီးခြင်းတို့ဖြစ်နိုင်ကြောင်း သိရသည်။

“အဲဒီ့သတင်းက ဖေ့စ်ဘွတ်မှာပြန့်နေတာကို ကျွန်တော်တို့ကြားပါတယ်။ ဒါက တကယ်မဟုတ်ပါဘူး။ တကယ်သာ ပြည်တွင်းမှာကူးစက်မှုရှိနေရင် ကျွန်တော်တို့ဘက်က ထုတ်ပြန်ချက်တွေကို အချိန်မီ လုပ်ဆောင် သွား မှာဖြစ်ပြီး ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းတွေကို အများသိအောင် ဆောင်ရွက်သွား မှာပါ”ဟု ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက သြ ဂုတ် ၅ ရက် မွန်းလွဲပိုင်းက The Daily Eleven ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။

ယခုကဲ့သို့ အင်တာနက်စာမျက်နှာများပေါ်တွင် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ကလေးငယ် စစ်တွေဆေး ရုံတွင် ကုသခံနေရသည်ဆိုသော သတင်းများပျံ့နှံ့နေခြင်းနှင့် ပတ်သက်ပြီး ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ် နှင့် သမ္မတရုံးညွှန်ကြားရေးမှူး မှူးဇ်ာတို့၏ ဖေ့ဘွတ်စာမျက်နှာများတွင် ညနေပိုင်းကတည်း က ကျန်းမာရေးဝန်ကြီးဌာန၏ ငြင်းဆိုမှုကို ဖော်ပြထားပြီး ဆက်လက်မဖြန့်ဝေကြရန် တိုက်တွန်းထားသည်။

Eleven Media Group

No comments:

Post a Comment