Wednesday 6 August 2014

ဟီရိုရှီးမား အဏုမြူဗုံးကြဲခံရမှု ၆၉ နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်

Photo: ဟီရိုရှီးမား အဏုမြူဗုံးကြဲခံရမှု ၆၉ နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်
Wednesday, August 6, 2014

အမေရိကန်တို့က ဂျပန်နိုင်ငံ ဟီရိုရှားမားမြို့အား အဏုမြူဗုံးဖြင့် တိုက်ခိုက်ခဲ့မှု၏ ၆၉ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအား သြဂုတ် ၆ ရက်တွင် အဆိုပါ မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအပါအ၀င် အဏုမြူဗုံးကြဲခံရစဉ် ကာလက အသက်ရှင် ကျန်ရစ်သူများ၊ ဆွေမျိုးများ၊ အစိုးရအရာရှိများနှင့် နိုင်ငံခြားသံတမန်များတက် ရောက်ကာ ဗုံးကြဲခဲ့သည့်အချိန် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ငြိမ်သက်စွာ ဆုတောင်း ခဲ့ကြသည်။

Enola Gay ဟု အမည်ပေးထားသည့် အမေရိကန် ဘီ-၂၉ တိုက်လေယာဉ်သည် ၁၉၄၅ ခုနှစ်၊ သြဂုတ် ၆ ရက်က ဟီရိုရှီးမား မြို့ပေါ်သို့ အဏုမြူဗုံးတစ်လုံးကြဲချခဲ့ခြင်းသည် ဒုတိယကမ္ဘာစစ်အဆုံးသတ်သွား ခြင်း၏ အကြောင်းတစ်ခုအဖြစ် ပါဝင်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် အဆိုပါနှစ် ဒီဇင်ဘာလအထိ သေဆုံးသူပေါင်း ၁၄၀၀၀၀ ဦး ရှိခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအပြီး သုံးရက်အကြာတွင် နာဂါစကီဆိပ်ကမ်းမြို့အား ထပ်မံဗုံးကြဲတိုက်ခိုက်ခံခဲ့ရမှု ကြောင့် လူ ၇၀၀၀၀ သေဆုံးခဲ့ပြီး ၁၉၄၅ ခုနှစ်၊ သြဂုတ် ၁၅ ရက်တွင် ဂျပန်တို့ လက်နက်ချပြီး ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့သည်။ 

Ref:AFP
Mizzima News
အမေရိကန်တို့က ဂျပန်နိုင်ငံ ဟီရိုရှားမားမြို့အား အဏုမြူဗုံးဖြင့် တိုက်ခိုက်ခဲ့မှု၏ ၆၉ နှစ်ပြည့် အထိမ်း အမှတ် အခမ်းအနားအား သြဂုတ် ၆ ရက်တွင် အဆိုပါ မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအပါအ၀င် အဏုမြူဗုံးကြဲခံရစဉ် ကာလ က အသက်ရှင် ကျန်ရစ်သူများ၊ ဆွေမျိုးများ၊ အစိုးရအရာရှိများနှင့် နိုင်ငံခြား သံတမန်များ တက် ရောက်ကာ ဗုံးကြဲခဲ့သည့်အချိန် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ငြိမ်သက်စွာ ဆုတောင်း ခဲ့ ကြ သည်။

Enola Gay ဟု အမည်ပေးထားသည့် အမေရိကန် ဘီ-၂၉ တိုက်လေယာဉ်သည် ၁၉၄၅ ခုနှစ်၊ သြဂုတ် ၆ ရက်က ဟီရိုရှီးမား မြို့ပေါ်သို့ အဏုမြူဗုံးတစ်လုံးကြဲချခဲ့ခြင်းသည် ဒုတိယကမ္ဘာစစ်အဆုံးသတ်သွား ခြင်း၏ အကြောင်းတစ်ခုအဖြစ် ပါဝင်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် အဆိုပါနှစ် ဒီဇင်ဘာလအထိ သေဆုံးသူပေါင်း ၁၄၀၀၀၀ ဦး ရှိခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအပြီး သုံးရက်အကြာတွင် နာဂါစကီဆိပ်ကမ်းမြို့အား ထပ်မံဗုံးကြဲတိုက်ခိုက်ခံခဲ့ ရမှု ကြောင့် လူ ၇၀၀၀၀ သေဆုံးခဲ့ပြီး ၁၉၄၅ ခုနှစ်၊ သြဂုတ် ၁၅ ရက်တွင် ဂျပန်တို့ လက်နက်ချပြီး ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့သည်။

Ref:AFP
Mizzima News

No comments:

Post a Comment