Wednesday 6 August 2014

နယ်စပ်တွင် အိန္ဒိယဘက်မှ ကျူးကျော်ဆောက်လုပ်ထားသော အဆောက်အအုံများကို ဖယ်ရှားပေးမည်ဟုဆို

မြန်မာပိုင်နက်အတွင်း အိန္ဒိယနိုင်ငံမှ ကျူးကျော်ဝင် ရောက်နေသော အဆောက်အအုံ များကို အိန္ဒိယနိုင်ငံ ဘက်က ဖယ် ရှားပေးရန် သဘောတူခဲ့ပြီး စစ် ဆေးရန်ကျန်ရှိနေသော ကျန် နယ်နိမိတ်နေရာများကိုလည်း ပူး တွဲစစ်ဆေးရန် သဘောတူညီခဲ့ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေး ရာဦးစီးဌာနမှ သတင်းရရှိသည်။
‘‘အိန္ဒိယနိုင်ငံဘက်က မှတ် တိုင် ၇၈ နားမှာရှိတဲ့ နယ်နိမိတ် မသတ်မှတ်ရသေးတဲ့ နေရာမှာ နယ်စပ်ဂိတ်ကို မဆောက်တော့ ဘဲ အခြားနေရာပြောင်းရွှေ့ ဆောက်ပေးမယ်လို့ အကြောင်း ကြားခဲ့ပါတယ်’’ ဟု ကောင် စစ်ရေးရာနှင့် ဥပဒေရေးရာဦစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချမ်းအေးက ပြောသည်။

တမူး-မိုရေးဒေသအနီး နှစ် နိုင်ငံနယ်နိမိတ်သတ်မှတ်မှုအရ သ ဘောတူညီချက်မရရှိသေးသည့် နေရာတွင် အိန္ဒိယနိုင်ငံဘက်က ကျူးကျော်ဆောက်လုပ်ထား သော အဆောက်အအုံဖယ်ရှား ပေးရန် အိန္ဒိယစစ်တပ်က သဘောတူညီခဲ့ပြီး အရပ်ဘက်အဆောက် အအုံအချို့ကို သက်ဆိုင်ရာဝန် ကြီးဌာနသို့ တင်ပြပေးမည်ဟု အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသို့ ဇူလိုင်လက အကြောင်းပြန်ခဲ့ သည်။

တမူး-မိုးရေးဒေသအနီးရှိ နှစ်နိုင်ငံနယ်နိမိတ်သတ်မှတ်ရန် သဘောတူညီချက်မရရှိသေး သည့် မှတ်တိုင် အမှတ် (၇၆) နှင့် (၇၈) အနီးနေရာတွင် နှစ်နိုင်ငံ ကျွမ်းကျင်မြေတိုင်းပညာရှင်များ ဇန်န၀ါရီက လေ့လာတိုင်း တာ ခြင်းများပြုလုပ်ခဲ့သည်။

အိန္ဒိယ-မြန်မာနယ်စပ်ရှိ ကဘော်ချိုင့်ဝှမ်းဧရိယာအတွင်း ဆောက်လုပ်ထားသော အ ဆောက်အအုံနှင့် မတိုင်းတာရ သေးသော မှတ်တိုင်ကိုးတိုင်နှင့် ပတ်သက်ပြီး အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရတို့ မျက်နှာစုံ ညီ ဆွေးနွေးပွဲကို မတ်လတွင် တစ် ကြိမ်ပြုလုပ်ခဲ့သည်။

ထိုနောက် လေ့လာတိုင်း တာမှုများကို မြေပုံထုတ်၍ အိန္ဒိ ယနိုင်ငံသို့ ပေးပို့ခဲ့ပြီး ဇူလိုင်လ တွင် တိုင်းတာချက်များကို အပြန် အလှန်ဆွေးနွေးမှုများပြုလုပ်ကာ သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ် သည်။

ဇူလိုင်လဆန်းက မြန်မာ့ အလင်းသတင်းစာ၏ ဘာသာပြန် သတင်းတစ်ပုဒ်ဖြစ်သော မြန်မာ -အိန္ဒိယ နယ်စပ် ရှိ ဧကပေါင်း သုံးထောင်ကျော်ကို အပြည်ပြည် ဆိုင်ရာနယ်နိမိတ်အဖြစ် သတ် မှတ်မည်ဆိုသည့် အချက်နှင့် ပတ် သက်၍ ထိုသဘောတူညီချက်မျိုး ကို အိန္ဒိယနိုင်ငံနှင့် ဆွေးနွေးခဲ့ ခြင်းမရှိသလို သဘောတူညီခဲ့ခြင်း လည်းမရှိကြောင်း ဦးချမ်းအေး ကထပ်မံပြောသည်။

‘‘ဒီဘက်မှာဆောက်နေတဲ့ အဆောက်အအုံကို ရပ်နားထား တယ်။ အဲဒီအဆောက်အအုံအ စား အစားထိုးအဆောက်အအုံ သူတို့နိုင်ငံဘက်မှာ ဆောက်ပြီး သွားရင် အခုမြန်မာဘက်မှာ ဆောက်ထားတဲ့ အဆောက်အအုံ ကို ဖျက်ပစ်မယ်ဆိုတဲ့ သဘော တူညီချက်ပဲ ရှိသေးတာပါ’’ဟု ကောင်စစ်ရေးရာနှင့် ဥပဒေရေး ရာဦးစီးဌာနမှ ဒုညွန်ကြားရေးမှူး ချုပ် ဦးစိန်ဦးကပြောသည်။

မြန်မာ-အိန္ဒိယနယ်စပ်တွင် အငြင်းပွားနေသော မှတ်တိုင် ၈၀ နှင့် ၈၂ နှင့်ကျန်မသတ်မှတ်ရသေး သည့်နေရာများတွင် နှစ်နိုင်ငံပူး တွဲစစ်ဆေးရန် ကျန်ရှိနေသေး သည်ဟု သတင်းရရှိသည်။

မြန်မာ-အိန္ဒိယနယ်နိမိတ် တိုင်းတာရေးစာချုပ်ကို ၁၉၆၇ ခုနှစ် မတ်လ ၁၈ ရက်တွင်ချုပ်ဆို ခဲ့ပြီး အဆိုပါစာချုပ်ကို အခြေခံ၍ နယ်နိမိတ်တိုင်းတာခြင်းများကို ၁၉၆၈ မှ ၁၉၇၂ ခုနှစ်အထိ ပြုလုပ်ခဲ့ သည်။ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် နယ်ခြားမှတ်တိုင် ၅၅ တိုင်တိုင်းတာခဲ့သော်လည်း မှတ်တိုင် ကိုးခုမှာ မတိုင်းတာရသေးပေ။

7Day Daily

No comments:

Post a Comment