Wednesday 6 August 2014

၇ မိုင် ချောင်းသာ အပန်းဖြေစခန်း ဆက်ဖွင့်ပြု၊ မပြု ကွင်းဆင်းစစ်ဆေး

Photo: ၇ မိုင် ချောင်းသာ အပန်းဖြေစခန်း ဆက်ဖွင့်ပြု၊ မပြု ကွင်းဆင်းစစ်ဆေး
Wednesday, August 6, 2014

မန္တလေးချောင်းသာ ဟု နာမည်ကြီးသည့် ၇ မိုင် အပန်း ဖြေစခန်း ဆက်လက် ဖွင့်လှစ် ခွင့်ပြု၊ မပြုနှင့်ပတ်သက်ပြီး ရေ အရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ် ထားကြောင်း သတင်းရရှိသည်။

ယင်း ၇ မိုင် အပန်းဖြေစခန်း သည် ပြင်ဦးလွင်မြို့နယ်၊ လွန် ကောင်းကျေးရွာ အုပ်စု၊ ရဲရွာ ရေ အားလျှပ်စစ်စီမံကိန်းသို့ သွား သည့်လမ်းတွင် တည်ရှိပြီး ဒုဋ္ဌ၀တီမြစ်ကမ်းနံဘေးတွင် ကမ်းခြေပုံစံ အပန်းဖြေစခန်းဖော်ဆောင်ထား ခြင်းဖြစ်သည်။ ၎င်းကို ဆက်လက် ဖွင့်ခွင့်ပြုရန် သင့်၊မသင့် ယခုနှစ်ဇွန်လ အတွင်းက ကွင်းဆင်းစစ် ဆေးခဲ့ပြီး ယင်းတွေ့ရှိချက်များ ကို ဇူလိုင်လအတွင်း ကပင် ရန် ကုန်မြို့ရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံးချုပ်သို့ တင်ပို့ထားပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သတင်း ရရှိသည်။

ယင်းအပန်းဖြေစခန်းတွင် ယခုနှစ် မေလ ၂၈ ရက်က အမျိုး သားတစ်ဦး သေဆုံးခဲ့ပြီး နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့က ယခုကဲ့သို့ ကွင်းဆင်းစစ်ဆေးခိုင်း ခြင်းဖြစ်ကြောင်း၊ ကွင်းဆင်းစစ် ဆေးရာ လယ်ယာမြေလုပ်ခွင့်ပြု ထားသည့် မြေပေါ်တွင် အခြား နည်းသုံးစွဲခွင့် လျှောက်ထားပြီး အပန်းဖြေစခန်း ဖွင့်ထားခြင်းဖြစ် သည်ကို တွေ့ရှိခဲ့ရကြောင်း ယင်း ဌာနမှ ဦးစီးမှူးဦးဝင်းလှိုင်က ပြောသည်။

‘‘စခန်းကို ဘယ်လိုတည် ထားလဲ၊ အသေးစိတ်တွေ တင်ပြ ထားပြီးပြီ။ ဆက်လုပ်သင့်၊ မလုပ် သင့် ရုံးချုပ်က ကျလာတဲ့အပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာ’’ ဟု ဦးဝင်းလှိုင်က ဆက်လက်ပြော သည်။မန္တလေးမြို့အနီးတစ်ဝိုက် တွင် ၇ မိုင်ချောင်းသာကဲ့သို့ အ ပန်းဖြေစခန်းမျိုး မရှိသလောက် နည်းပါးသည့်အတွက် ယင်းစခန်း ဆက်လက်ဖွင့်လှစ်စေချင်သော် လည်း လာရောက်လည်ပတ် သူများ၏ အသက်အန္တရာယ် လုံ ခြုံရေး စနစ်ကျသည့်နည်းလမ်း များ ထည့်သွင်းပေးစေလိုကြောင်း မန္တလေးမြို့မှ အမ်ဘီအေကျောင်း သူ မသန္တာအောင်ကပြောသည်။

၇ မိုင်ချောင်းသာအပန်းဖြေ စခန်းမှာ ၂၀၁၄ ခုနှစ် ဧပြီလ ဆန်းအချိန်မှ စတင်ပြီး မန္တလေး မြို့နှင့် အနီးတစ်ဝိုက်ရှိ ဒေသခံ များအကြားတွင် လူသိများကာ စည်ကားခဲ့ခြင်းဖြစ်ပြီး လာ ရောက်လည်ပတ်သူတစ်ဦး 
သေဆုံးမှုတစ်ကြိမ် ဖြစ်ခဲ့ဖူးသည်။

7Day News Journal
မန္တလေးချောင်းသာ ဟု နာမည်ကြီးသည့် ၇ မိုင် အပန်း ဖြေစခန်း ဆက်လက် ဖွင့်လှစ် ခွင့်ပြု၊ မပြုနှင့် ပတ်သက်ပြီး ရေ အရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးမှု များ ပြု လုပ် ထားကြောင်း သတင်းရရှိသည်။
ယင်း ၇ မိုင် အပန်းဖြေစခန်း သည် ပြင်ဦးလွင်မြို့နယ်၊ လွန် ကောင်းကျေးရွာ အုပ်စု၊ ရဲရွာ ရေ အားလျှပ်စစ် စီမံကိန်းသို့ သွား သည့်လမ်းတွင် တည်ရှိပြီး ဒုဋ္ဌ၀တီမြစ်ကမ်းနံဘေးတွင် ကမ်းခြေပုံစံ အပန်းဖြေ စခန်းဖော်ဆောင်ထား ခြင်းဖြစ်သည်။ ၎င်းကို ဆက်လက် ဖွင့်ခွင့်ပြုရန် သင့်၊မသင့် ယခုနှစ်ဇွန်လ အတွင်းက ကွင်းဆင်း စစ် ဆေးခဲ့ပြီး ယင်းတွေ့ရှိချက်များ ကို ဇူလိုင်လအတွင်း ကပင် ရန် ကုန်မြို့ရှိ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံးချုပ်သို့ တင်ပို့ထားပြီးဖြစ်ကြောင်း မန္တလေး တိုင်းဒေသ ကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သတင်း ရရှိသည်။

ယင်းအပန်းဖြေစခန်းတွင် ယခုနှစ် မေလ ၂၈ ရက်က အမျိုး သားတစ်ဦး သေဆုံးခဲ့ပြီး နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့က ယခုကဲ့သို့ ကွင်းဆင်းစစ်ဆေးခိုင်း ခြင်းဖြစ်ကြောင်း၊ ကွင်းဆင်းစစ် ဆေးရာ လယ်ယာမြေလုပ်ခွင့်ပြု ထားသည့် မြေပေါ်တွင် အခြား နည်းသုံးစွဲခွင့် လျှောက်ထားပြီး အပန်းဖြေစခန်း ဖွင့်ထားခြင်းဖြစ် သည်ကို တွေ့ရှိခဲ့ရကြောင်း ယင်း ဌာနမှ ဦးစီးမှူးဦးဝင်းလှိုင်က ပြောသည်။

‘‘စခန်းကို ဘယ်လိုတည် ထားလဲ၊ အသေးစိတ်တွေ တင်ပြ ထားပြီးပြီ။ ဆက်လုပ်သင့်၊ မလုပ် သင့် ရုံးချုပ်က ကျလာတဲ့အပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာ’’ ဟု ဦးဝင်းလှိုင်က ဆက်လက်ပြော သည်။မန္တလေးမြို့အနီး တစ်ဝိုက် တွင် ၇ မိုင်ချောင်းသာကဲ့သို့ အ ပန်းဖြေစခန်းမျိုး မရှိသလောက် နည်းပါးသည့်အတွက် ယင်းစခန်း ဆက်လက်ဖွင့်လှစ်စေချင်သော် လည်း လာရောက်လည်ပတ် သူများ၏ အသက်အန္တရာယ် လုံ ခြုံရေး စနစ်ကျသည့်နည်းလမ်း များ ထည့်သွင်းပေးစေလိုကြောင်း မန္တလေးမြို့မှ အမ်ဘီအေကျောင်း သူ မသန္တာအောင်ကပြောသည်။

၇ မိုင်ချောင်းသာအပန်းဖြေ စခန်းမှာ ၂၀၁၄ ခုနှစ် ဧပြီလ ဆန်းအချိန်မှ စတင်ပြီး မန္တလေး မြို့နှင့် အနီးတစ်ဝိုက်ရှိ ဒေသခံ များအကြားတွင် လူသိများကာ စည်ကားခဲ့ခြင်းဖြစ်ပြီး လာ ရောက်လည် ပတ်သူတစ်ဦး  သေဆုံးမှုတစ်ကြိမ် ဖြစ်ခဲ့ဖူးသည်။

7Day News Journal

No comments:

Post a Comment