Wednesday 6 August 2014

ပညာဒါနပြုတဲ့ မြန်မာနိုင်ငံသားဟောင်း ပြည်နှင်ဒဏ်ပေးခံရ

Photo: ပညာဒါနပြုတဲ့ မြန်မာနိုင်ငံသားဟောင်း ပြည်နှင်ဒဏ်ပေးခံရ
Wednesday, August 6, 2014

ရှစ်လေးလုံးကာလ မြေလတ်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ အမေရိကန်နိုင်ငံသား ဦးမောင်မောင်ဝမ်းဟာ ဇာတိ ရေနံချောင်း မြို့မှာ အင်္ဂလိပ်စာ ပညာဒါနပေးတာကို ဒေသခံ လဝက က တားမြစ်ပိတ်ပင်ပြီး မနေ့က ရန်ကုန်သို့ ပို့ဆောင်ကာ ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။ 

အမေရိကန်နိုင်ငံသား ခံယူထားသူ ဦးမောင်မောင်ဝမ်းဟာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ လဆန်းက လာ ရောက်ကာ အင်္ဂလိပ်စာပညာဒါန ပေးခြင်းများကို ရန်ကုန်တခွင်မှာလည်း လုပ်ဆောင်ခဲ့ပေ မယ့် ပြဿနာမရှိခဲ့ပါဘူး။ ဒါပေမယ့် ဇာတိ ရေနံချောင်းမြို့ မှာ သွားရောက်ပညာသင်ပေးစဉ်မှာ အခုလို တားမြစ်ခြင်း ခံရတာပါ။ 

 “ ( ၄ - ၈ - ၂၀၁၄ )ရေနံချောင်းမှာ အင်္ဂလိပ်စာပညာဒါန ပို့ချချက် သင်တန်းကို သင်ကြားခြင်းမပြုရန် မြို့နယ် လ၀က ဦးစီးမူးမှ ( တိုင်း လ၀က ဦးစီးမူး ဦးထွန်းဝေ ) ညွန်ကြားချက်အရဆိုပြီး လာရောက်ပိတ်ပင် ပါတယ်။ တရားဝင်စာ ထုတ် ပေးဖို့ တောင်းဆိုရာမှာတော့..သဲသဲကွဲကွဲအဖြေမပေးပါဘူး” လို့ ဦးမောင်မောင်ဝမ်း က သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။ 

 ဦးမောင်မောင်ဝမ်းက သူ့အား အင်္ဂလိပ်စာသင်ကြားမှုကို ပိတ်ပင်တာကြောင့် သူက အခုလိုမေးခွန်းထုတ်ပါ တယ်။ 

 “နိုင်ငံရပ်ခြား မိုင်ပေါင်း သောင်းနဲ့ ဝေးကွာတဲ့ အရပ်ကနေ မိမိနိုင်ငံသားများအတွက် တတ်နိုင်သလောက် ဘာ ပရောဂမှ မပါ စေတနာနဲ့ ကိုယ့် ထမင်းကိုယ်စား ပညာဒါန ပေးတာတောင် ပေးခွင့်မရှိ တော့ဘူးလား” လို့ ဦးမောင်မောင်ဝမ်းက ဆို ပါတယ်။ 

ရှင်းလင်းတဲ့ တုံ့ပြန်ဖြေရှင်းချက်မရသေးခင်ထိ ဦးမောင်မောင်ဝမ်းက အင်္ဂလိပ်စာသင်ကြားမှုကို ဆက်လုပ် မယ် ဆိုခဲ့ပေမယ့် မကွေးတိုင်း လဝက က ဦးမောင်မောင်ဝမ်းကို အခွင့်မရှိပဲ အင်္ဂလိပ်စာပညာဒါနဲ့ ပေးခဲ့တဲ့ အတွက် မြန်မာနိုင်ငံမှ ပြင်နှင်ဒဏ် ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ 

ဧရာဝတီ

 မြန်မာပြည်ပြန်ကာ ပညာဒါနပြုသူ အမေရိကန်နိုင်ငံသား ဦးမောင်မောင်ဝမ်း
မြန်မာပြည်ပြန်ကာ ပညာဒါနပြုသူ အမေရိကန်နိုင်ငံသား ဦးမောင်မောင်ဝမ်း
ရှစ်လေးလုံးကာလ မြေလတ်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ အမေရိကန်နိုင်ငံသား ဦးမောင်မောင် ဝမ်း ဟာ ဇာတိ ရေနံချောင်း မြို့မှာ အင်္ဂလိပ်စာ ပညာဒါနပေးတာကို ဒေသခံ လဝက က တားမြစ်ပိတ်ပင်ပြီး မနေ့က ရန်ကုန်သို့ ပို့ဆောင်ကာ ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံသား ခံယူထားသူ ဦးမောင်မောင်ဝမ်းဟာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ လဆန်းက လာ ရောက်ကာ အင်္ဂလိပ်စာပညာဒါန ပေးခြင်းများကို ရန်ကုန်တခွင်မှာလည်း လုပ်ဆောင်ခဲ့ပေ မယ့် ပြဿနာမရှိခဲ့ပါဘူး။ ဒါပေမယ့် ဇာတိ ရေနံချောင်းမြို့ မှာ သွားရောက်ပညာသင်ပေးစဉ်မှာ အခုလို တားမြစ်ခြင်း ခံရတာပါ။

 “ ( ၄ - ၈ - ၂၀၁၄ )ရေနံချောင်းမှာ အင်္ဂလိပ်စာပညာဒါန ပို့ချချက် သင်တန်းကို သင်ကြားခြင်းမပြုရန် မြို့နယ် လ၀က ဦးစီးမူးမှ ( တိုင်း လ၀က ဦးစီးမူး ဦးထွန်းဝေ ) ညွန်ကြားချက်အရဆိုပြီး လာရောက်ပိတ်ပင် ပါတယ်။ တရားဝင်စာ ထုတ် ပေးဖို့ တောင်းဆိုရာမှာတော့..သဲသဲကွဲကွဲအဖြေ မပေးပါဘူး” လို့ ဦးမောင်မောင်ဝမ်း က သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

 ဦးမောင်မောင်ဝမ်းက သူ့အား အင်္ဂလိပ်စာသင်ကြားမှုကို ပိတ်ပင်တာကြောင့် သူက အခုလိုမေးခွန်းထုတ်ပါ တယ်။

 “နိုင်ငံရပ်ခြား မိုင်ပေါင်း သောင်းနဲ့ ဝေးကွာတဲ့ အရပ်ကနေ မိမိနိုင်ငံသားများအတွက် တတ်နိုင်သလောက် ဘာ ပရောဂမှ မပါ စေတနာနဲ့ ကိုယ့် ထမင်းကိုယ်စား ပညာဒါန ပေးတာတောင် ပေးခွင့်မရှိ တော့ဘူးလား” လို့ ဦးမောင်မောင်ဝမ်းက ဆို ပါတယ်။

ရှင်းလင်းတဲ့ တုံ့ပြန်ဖြေရှင်းချက်မရသေးခင်ထိ ဦးမောင်မောင်ဝမ်းက အင်္ဂလိပ်စာသင်ကြားမှုကို ဆက်လုပ် မယ် ဆိုခဲ့ပေမယ့် မကွေးတိုင်း လဝက က ဦးမောင်မောင်ဝမ်းကို အခွင့်မရှိပဲ အင်္ဂလိပ်စာပညာဒါနဲ့ ပေးခဲ့တဲ့ အတွက် မြန်မာနိုင်ငံမှ ပြင်နှင်ဒဏ် ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီ

No comments:

Post a Comment