Wednesday 6 August 2014

ပြည်တွင်းတက္ကသိုလ်များနှင့် နိုင်ငံတကာတက္ကသိုလ်များ အပြန်အလှန် ဖလှယ်ဆောင် ရွက်နိုင်ရန်အတွက် Credit Transfer များ ပြင်ဆင်ဆောင်ရွက် လျက်ရှိ

ပြည်တွင်းတက္ကသိုလ်များနှင့် နိုင်ငံတကာတက္ကသိုလ်များ အပြန်အလှန် ဖလှယ်ဆောင်ရွက်နိုင်ရန်အတွက် Credit Transfer များကို ဆောင်ရွက်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဒေါက်တာဇော်မင်းအောင်ကပြောသည်။ တက္ကသိုလ်များမှ Credit System ကို ၂၀၁၄-၁၅ ပညာ သင်နှစ် မှ စတင်၍ အသုံးပြုခဲ့ပြီး Credit Bank System ကို ကျင့်သုံးလျက်ရှိကြောင်းသိရသည်။
"Credit System ဆိုတာ ပြည်ပတက္ကသိုလ်တွေမှာဆိုရင်တော့ သတ်မှတ်ထားတာက ပထမနှစ်ကို Credit 180 သတ်မှတ်ထားတယ်ဆိုရင် ကျောင်းသားက ငါးဘာသာသင်မယ်ဆိုရင် ဘာသာရပ်ကို Credit နဲ့ ပြန်ခွဲချ လိုက်တယ်။ ဥပမာ တစ်ဘာသာကို Credit 30 ဆိုရင် မော်ဂျူး ခြောက်ခုယူရမယ်။ ဒီမော်ဂျူး ခြောက်ခုမှာ Credit 180 ပြည့်တယ်ဆိုရင် အောင်ပြီ။ အမေရိကန်မှာဆိုရင် ဘာသာရပ် တစ်ခုယူလိုက်တယ် အဲ့ဒီဘာသာရပ်မှာ Credit 360 ပြည့်သွားရင် ဘွဲ့ရပြီ။ ဘွဲ့ရသွားလို့ တစ်ခြားဘာသာ ကို ထပ်တက်မယ်ဆိုရင်လည်း အဲ့ဒီနှစ်ခုက ဆက်စပ်နေတယ်ဆိုရင် အစကနေပြန်တက်စရာမလိုဘူး။ ကိုယ်လိုအပ်တဲ့ Credit ပေါ်မူတည်ပြီးပဲ လိုအပ်တဲ့ Credit ပေါ်မူတည်ပြီး သက်ဆိုင်ရာဘာသာရပ်ကို ဆက်တက်ရင်ရတဲ့ စနစ်မျိုးပါ။ ဒီမှာ ဒီလို နိုင်ငံတကာတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး Credit Transfer တွေလုပ်မယ်ဆိုရင်တော့ ကျောင်းသူကျောင်းသားတွေအတွက် အရမ်းကိုကောင်းပါတယ်" ဟု Study Abroad မှ ဒေါ်လွင်လွင်အောင်က ပြောသည်။

နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် ပညာရေးမြှင့်တင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တက္ကသိုလ် များတွင် ပညာရေး အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များ၊ သက်မွေး ဝမ်းကျောင်းပညာရပ်များအတွက်ပါ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာတက္ကသိုလ်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ သုတေသနဓာတ်ခွဲခန်းသုံးပစ္စည်းများကို သိပ္ပံလက်တွေ့ခန်းများတွင် ဖြည့်ဆည်းပေးလျက်ရှိပြီး တက္ကသိုလ်တိုင်းရှိ လက်တွေ့ခန်းများကို Class Size အလိုက် ၁၀ ဦးမှ ၂၅ ဦးအထိ အုပ်စုဖွဲ့ပြီး အဖွဲ့လိုက်သော်လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီဖြင့်လည်းကောင်း သိပ္ပံပစ္စည်းများကို လက်တွေ့ကိုင်တွယ်အသုံးပြုခြင်း၊ စမ်းသပ်မှုပြုလုပ်ခြင်း၊ လက်တွေ့စစ်ဆေးခြင်း၊ အကဲဖြတ်ခြင်း၊ Credit သတ်မှတ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Internet Journal

No comments:

Post a Comment