Wednesday 6 August 2014

ပြန်ကြားရေးဝန်ကြီးသစ်လက်ထက်MRTV မှထုတ်လွှင့်ပြသမှု ကျင့်ဝတ်နဲ့ ညီ မညီ မေးခွန်းထုတ်စရာဖြစ်

Photo: ပြန်ကြားရေးဝန်ကြီးသစ်လက်ထက်MRTV မှထုတ်လွှင့်ပြသမှု ကျင့်ဝတ်နဲ့ ညီ မညီ မေးခွန်းထုတ်စရာဖြစ်
Wednesday, August 6, 2014 

ပြန်ကြားရေး  ၀န်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းက စာနယ်ဇင်း ကျင့်ဝတ်ပါ အချက် များကို  မြန်မာနိုင်ငံ  စာနယ်ဇင်း ကောင်စီက လေးစား လိုက်နာပြီး သတင်းများရေးသားဖော်ပြလျက် ရှိကြောင်း နိုင်ငံပိုင်သတင်းစာ၌ ယခုလ ၅ ရက်တွင် ဖော်ပြထား သည်။

သတင်းနှင့်စာနယ်ဇင်းလုပ် ငန်းကကျင့်ဝတ်နှင့်အညီ ရေးသား ဖော်ပြနေသည် ဆိုသော်လည်း ပြန်ကြားရေးဝန်ကြီးဌာနလက် အောက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင် သံကြားမှ  ယခုလ ၅ ရက် ည ၈နာရီတွင်ထုတ်လွှင့်ခဲ့သော နိုင်ငံ တကာ သတင်းတစ်ပုဒ်သည် မီဒီ ယာကျင့်ဝတ် (သို့) ရုပ်သံလွှင့် ကျင့်ဝတ်နှင့် ညီ၊မညီ ဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်လာကြောင်း အယ်ဒီတာတစ်ဦးကပြောသည်။

မြန်မာ့အသံမှာ ထုတ်လွှင့်ခဲ့ သည့် သတင်းတစ်ပုဒ်တွင် နိုင်ဂျီး ရီးယားနိုင်ငံမှ ဘိုကိုဟာရမ် စစ် သွေးကြွသူပုန်များကို နိုင်ဂျီးရီး ယားစစ်သားများက ရက်ရက်စက် စက် လည်လှီးသတ်ဖြတ်နေပုံကို သတင်းအနေဖြင့် တင်ပြသွား ခဲ့ သောကြောင့် မေးခွန်း ထုတ်စရာ ဖြစ်ကြောင်း ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

““ရုပ်မြင်သံကြားဆိုတာ အရွယ်မျိုးစုံနဲ့မိသားစုတွေကြည့် ကြတာပါ။ အခု မြန်မာ့အသံက ပြတဲ့သတင်းမှာ နိုင်ဂျီးရီးယား စစ်သားတွေက သူပုန်တွေကို တစ်ယောက်ချင်းလှဲပြီး ကြက်တွေ ကိုလည်လှီးသလိုလှီးပြတဲ့ ပြကွက် ကို ပြသွားပါတယ်။ ကျွန်တော့် အမျိုးသမီးဆိုရင်ကြောက် လို့အော် တောင် အော်ပါတယ်။ ကလေး တွေကိုမကြည့်ဖို့ မျက်စိမှိတ်ခိုင်း ရတယ်။ နိုင်ငံခြားအက်ရှက်ဇာတ် ကားတွေတောင် အဲဒီလိုပြကွက် မျိုးမပြဘူး။ အခုဟာက တကယ် သတ်ဖြတ်နေတာဆိုတော့ ကျွန် တော်တောင်ကြည့်ပြီး ကြောက် သွားတယ်။ နှလုံးရောဂါရှိတဲ့သူ ဆိုရင် ရှော့ခ်တောင် ဖြစ်သွားနိုင် တယ်။ ကျွန်တော်သာ ရုပ်မြင်သံ ကြားက တာဝန်ရှိသူဆိုရင် ဒီလို ပြကွက်မျိုးပါတဲ့သတင်းကို မတင် ဆက်ဘူး။ ဘယ်သူ့အတွက်မှ အကျိုးမရှိလို့ပဲ””ဟု ၎င်းက ထပ် လောင်းပြောကြားခဲ့သည်။

အစိုးရအနေဖြင့် ပုဂ္ဂလိက စာနယ်ဇင်းသမားများအား ကျင့် ၀တ်နှင့် မညီ ရေးသားမှုကြောင့် ဖမ်းဆီးအရေးယူမှုများရှိနေ၍ ဝေဖန်မှုများ ခံနေရပြီး သမ်္မတနှင့် စာနယ်ဇင်းကောင်စီ(ယာယီ)တို့ တွေ့ဆုံဆွေးနွေးမှုများရှိပြီးနောက် သတင်းနှင့်  စာနယ်ဇင်းဌာနက ကျင့်ဝတ်နှင့်အညီရေးသားကြောင်း အသိပေး  ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။

သို့သော် ပုံနှိပ်မီဒီယာနှင့် စာလျှင် ရုပ်သံလွှင့် မီဒီယာနှင့် ပတ်သက်ပြီး အရေးယူ ဆောင် ရွက်မှုအားနည်းကြောင်း ဝေဖန် ပြောကြားမှုများရှိနေသည်။

Hot News Journal
ပြန်ကြားရေး  ၀န်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းက စာနယ်ဇင်း ကျင့်ဝတ်ပါ အချက် များကို  မြန် မာနိုင် ငံ  စာနယ်ဇင်း ကောင်စီက လေးစား လိုက်နာပြီး သတင်းများရေးသားဖော်ပြလျက် ရှိကြောင်း နိုင်ငံ ပိုင် သတင်းစာ၌ ယခုလ ၅ ရက်တွင် ဖော်ပြထား သည်။
သတင်းနှင့်စာနယ်ဇင်းလုပ် ငန်းကကျင့်ဝတ်နှင့်အညီ ရေးသား ဖော်ပြနေသည် ဆိုသော်လည်း ပြန်ကြားရေး ၀န်ကြီးဌာနလက် အောက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင် သံကြားမှ  ယခုလ ၅ ရက် ည ၈နာရီတွင်ထုတ်လွှင့် ခဲ့သော နိုင်ငံ တကာ သတင်းတစ်ပုဒ်သည် မီဒီ ယာကျင့်ဝတ် (သို့) ရုပ်သံလွှင့် ကျင့်ဝတ်နှင့် ညီ၊မညီ ဆိုသည် ကို  မေးခွန်းထုတ်စရာဖြစ်လာကြောင်း အယ်ဒီတာတစ်ဦးကပြောသည်။

မြန်မာ့အသံမှာ ထုတ်လွှင့်ခဲ့ သည့် သတင်းတစ်ပုဒ်တွင် နိုင်ဂျီး ရီးယားနိုင်ငံမှ ဘိုကိုဟာရမ် စစ် သွေးကြွ သူပုန်များကို နိုင်ဂျီးရီး ယားစစ်သားများက ရက်ရက်စက် စက် လည်လှီးသတ်ဖြတ်နေပုံကို သတင်းအနေဖြင့် တင်ပြသွား ခဲ့ သောကြောင့် မေးခွန်း ထုတ်စရာ ဖြစ်ကြောင်း ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

““ရုပ်မြင်သံကြားဆိုတာ အရွယ်မျိုးစုံနဲ့မိသားစုတွေကြည့် ကြတာပါ။ အခု မြန်မာ့အသံက ပြတဲ့သတင်း မှာ နိုင်ဂျီးရီးယား စစ်သားတွေက သူပုန်တွေကို တစ်ယောက်ချင်းလှဲပြီး ကြက်တွေ ကိုလည်လှီး သလိုလှီးပြတဲ့ ပြကွက် ကို ပြသွားပါတယ်။ ကျွန်တော့် အမျိုးသမီးဆိုရင်ကြောက် လို့အော် တောင် အော် ပါတယ်။ ကလေး တွေကိုမကြည့်ဖို့ မျက်စိမှိတ်ခိုင်း ရတယ်။ နိုင်ငံခြားအက်ရှက်ဇာတ် ကားတွေတောင် အဲဒီလိုပြကွက် မျိုးမပြဘူး။ အခုဟာက တကယ် သတ်ဖြတ်နေတာဆိုတော့ ကျွန် တော်တောင်ကြည့် ပြီး ကြောက် သွားတယ်။ နှလုံးရောဂါရှိတဲ့သူ ဆိုရင် ရှော့ခ်တောင် ဖြစ်သွားနိုင် တယ်။ ကျွန်တော်သာ ရုပ်မြင်သံ ကြားက တာဝန်ရှိသူဆိုရင် ဒီလို ပြကွက်မျိုးပါတဲ့သတင်းကို မတင် ဆက်ဘူး။ ဘယ်သူ့အတွက်မှ အကျိုးမရှိလို့ပဲ””ဟု ၎င်းက ထပ် လောင်းပြောကြားခဲ့သည်။

အစိုးရအနေဖြင့် ပုဂ္ဂလိက စာနယ်ဇင်းသမားများအား ကျင့် ၀တ်နှင့် မညီ ရေးသားမှုကြောင့် ဖမ်းဆီး အရေး ယူမှု များရှိနေ၍ ဝေဖန်မှုများ ခံနေရပြီး သမ်္မတနှင့် စာနယ်ဇင်းကောင်စီ (ယာယီ) တို့ တွေ့ဆုံဆွေးနွေးမှု များရှိပြီးနောက် သတင်းနှင့်  စာနယ်ဇင်းဌာနက ကျင့်ဝတ်နှင့်အညီရေးသားကြောင်း အသိပေး  ထုတ်ပြန် ခဲ့ခြင်း ဖြစ် သည်။

သို့သော် ပုံနှိပ်မီဒီယာနှင့် စာလျှင် ရုပ်သံလွှင့် မီဒီယာနှင့် ပတ်သက်ပြီး အရေးယူ ဆောင် ရွက်မှု အား နည်းကြောင်း ဝေဖန် ပြောကြားမှုများရှိနေသည်။

Hot News Journal

No comments:

Post a Comment