Wednesday 6 August 2014

လူမှုကွန်ရက် စာမျက်က နှစ်ပေါင်း ၇၀ ကျော် ကွဲကွာနေသော ဇနီးမောင်နှံကို ပြန်လည် ဆုံဆည်ခွင့်ဖန်တီးပေး


တရုတ်-ဂျပန် စစ်ပွဲမတိုင်ခင် ထိမ်းမြားလက်ထပ်ခဲ့သည့် တရုတ်ဇနီးမောင်နှံ စုံတွဲတစ်တွဲသည် သတို့  သား၏ မိဘများက သဘောမတူသဖြင့် ခွဲပစ်လိုက်ရာ နှစ်ပေါင်း ၇၀ ကျော်ဝေးကွာခဲ့ရသည်။


ယင်းကာလအတွင်း သတို့ သား ပန်ဇီရှန်သည် မိဘတို့ သဘောတူသည့် အမျိုးသမီးတစ်ဦး နဲ့  လက် ထပ်ခဲ့ပြီး နောက်ပိုင်းတွင် အဆိုပါအမျိုးသမီးကွယ်လွန်သောအခါ သူ့ မှာ တစ်ဦးတည်းအထီကျန်စွာ ကျန်ရစ် ခဲ့ရတယ်။ ယခုအခါ တရုတ်လူမှုကွန်ယက်စာမျက်နှာ အကူအညီ တစ်ခုကြောင့် အဆိုပါ ဇနီးမောင်နှံသည် အွန်လိုင်းမှ တဆင့်ပြန်လည် ဆုံဆည်းခွင့် ရပြီး ပြန်လည် ပေါင်းဆည်းခွင့် ရသွားပြီးဖြစ် သည်။


ထိုကဲ့သို့ ပြန်လည်ဆုံဆည်းခွင့် ရခဲ့သည့်အပေါ် အသက် ၉၀ နှစ်အရွယ်ရှိ အဖိုးအို ပန်ဇီရှန်က “ ကျနော်နဲ့ ကျနော့်ချစ်သူ ဇောင်း ဟာ ဆယ်စုနှစ် ခုနှစ်ခု လောက်ဝေးကွာခဲ့ရတယ်။ အခုတော့ netizens လူမှုကွန်ယက်ကောင်းမှုနဲ့ ပြန်ဆုံဆည်းခွင့်ရခဲ့ပါပြီ ” ဟု ၀မ်းသာစကား ဆိုခဲ့သည်။


Ref:dailymail
Yangon Media Group 

No comments:

Post a Comment