Wednesday 6 August 2014

Facebook ပေါ်မတင်သင့်တဲ့ အချက် (၅) ချက်

Photo: Facebook ပေါ်မတင်သင့်တဲ့ အချက် (၅) ချက်
Wednesday, August 6, 2014

FACEBOOK ဟာ လူမှုကွန်ယက်တွေရဲ့ အင်ဂျင်စက်ကြီး ( the Google) တစ်ခုဖြစ် လာနေပါပြီ။ သင့်ရဲ့ status ကို အခုပဲ Update မလုပ်ဘူးဆိုရင် ဓါတ်ပုံတွေကို တင်တာ၊ (သို့) ထူးခြားတဲ့ မေးခွန်းမျိုးစုံတွေကို ရရှိပါလိမ့်မယ်။ ဘယ်သူ့ကိုမှပြောလေ့မရှိတဲ့ ကျွနိုပ်တို့ရဲ့ ကိုယ်ရေးသတင်းအချက်အလက်တွေကို တင်ကြတယ်။ နောက် ပြီး ကျွနိုပ်တို့ရဲ့ ကိုယ်ရေးအသေးစိတ်အချက်အလက်တွေကို မှန်မှန်ကန်ကန်ထည့်သွင်းပေးနေသရွေ့ လုံခြုံစိတ်ချရတယ်၊ ကိုယ့်သူငယ်ချင်းအချင်းချင်းဆက်သွယ်ရာမှာ အဆင်ပြေတယ်လို့ ထင်တတ်ကြတယ်။

ပြဿနာက ကျွန်ုပ်တို့ရဲ့သတင်းအချက်အလက်တွေကို ဘယ်သူတွေဝင်ရောက်ကြည့်ရှုနေကြသလဲဆိုတာ ဘယ်လိုမှမသိနိုင်ပါဘူး။ သင်နှင့် သင့်မိသားစု ဘေးကင်းလုံခြုံမှုရှိဖို့အတွက် သင့် facebook ပေါ်ထည့်မတင်သင့်တဲ့ အချက်အလက်အချို့ရှိပါတယ်။ Facebook နှင့် တခြားလူမှုကွန်ယက်တွေပေါ်ကနေ ဖယ်ထုတ်သင့်တာ (သို့) မတင်သင့်တဲ့ အချက်(၅) ချက်တွေက..

(၁) သင်နဲ့ သင့်မိသားစု မွေးနေ့ အပြည့်အစုံ

ကျွန်ုပ်တို့အားလုံး Facebook စာမျက်နှာပေါ် ကိုယ့်သူငယ်ချင်းတွေဆီက “HAPPY BIRTHDAY” ကိုရချင်ကြတယ်။ လူတွေက ကိုယ့်ကို သတိတရရှိနေကြတယ်၊ ကိုယ့်ရဲ့နေ့ထူးနေ့မြတ်မှာ ဂရုစိုက်ပြီး စာတွေရေးပေးကြတယ်ဆိုတဲ့အသိကို ရင်ထဲခံစားရရှိစေတယ်။ ပြဿနာက သင်မွေးနေ့မွေးရက်တွေကို ဖော်ပြလိုက်တဲ့အချိန်မှာ ကိုယ်ရေးအချက်အလက်ခိုးယူရရှိနိုင်အောင် တစ်စိတ်တဒေသကို အထောက်အကူပေးလိုက်သလိုဖြစ်နေပါတယ်။ နေ့ရက်ကို လုံးဝမထည့်သွင်းတာ အကောင်းဆုံးပဲဖြစ်တယ်။ တကယ်လို့ ထည့်မယ်ဆိုရင်လည်း အနည်းဆုံး ခုနှစ်လောက် ကိုချန်လတ်ထားလိုက်ပါ။ သူငယ်ချင်းစစ်စစ်တွေက သိရင်သိလောက်မှာပါ။

(၂) သင့်ရဲ့ Relationship Status

သင့်မှာတစ်စုံတစ်ယောက်နဲ့ ဆက်နွယ်မှုရှိရှိ၊ မရှိရှိ အဲဒါကို လူတိုင်းသိနိုင်အောင်မလုပ်မိဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ Status ကို SINGLE ပြောင်းလိုက်မယ်ဆိုရင် အစိမ်းရောင်လေးပြပေးမှာ ဖြစ်တယ်။

(၃) သင့်ရဲ့ လက်ရှိတည်နေရာ

တစ်ရက် ၂၄နာရီအတွင်း သင်ဘယ်နားရောက်နေသလဲဆိုတာ သိရှိစေနိုင်တဲ့ Facebook ပေါ်က (Location TAGGING feature)တည်နေရာဖော်ပြပေးတဲ့ အချက်အလက်ကို ကြိုက်နှစ်သက်သူတွေ အများအပြားရှိကြတယ်။ အိမ်မှာမရှိဘူး၊ အပန်းဖြေခရီးသွားနေတယ်လို့ ပြောလိုက် location feature ထည့်ထားတယ်ဆိုရင် ခရီးမိုင်ဘယ်လောက်ဝေးတယ်ဆိုတာ သိသွားပြီး သင့်အိမ်ဖောက်ထွင်းခံရနိုင်ပါတယ်။ ကိုယ်ရှိတဲ့နေရာကို ဘယ်တော့မှမပြောပါနဲ့။ ခရီးသွားနေတဲ့အချိန်ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း တင်ချင်ရင် အိမ်ရောက်ပြီးမှတင်ပါ။

(၄) ကလေးတွေသာ အိမ်မှာရှိနေကြောင်း သိစေတဲ့အချက်

မိဘတွေက ကလေးတွေသာ အိမ်မှာ ရှိနေကြောင်းသိစေတဲ့ အချက်အလက်တွေကို မထည့်သွင်းမိဖို့ အရေးကြီးပါတယ်။ ကိုယ့်သူငယ်ချင်းအချင်းချင်းကသာ ကိုယ့်status ကိုဝင်ကြည့်နိုင်မယ်လို့ ထင်ကောင်းထင်မိပါလိမ့်မယ်။ ကိုယ့် account ထဲကို ဘယ်သူဝင်ကြည့်နေလဲဆိုတာ မသိနိုင်ပါဘူး။

(၅) နာမည်ဖော်ပြထားတဲ့ ကလေးတွေရဲ့ ဓာတ်ပုံများ

ကျွန်ုပ်တို့ ကလေးတွေကိုချစ်တော့ ဟုတ်ပါတယ်။ သူတို့ အတွက်ဆိုရင် ဘာမဆိုလုပ်ပေးကြတယ်။ လူအများစုက ကလေးတွေရဲ့ဓာတ်ပုံတွေကို နာမည်နဲ့တကွ (သို့) ဗီဒီယို ဖိုင်တွေကို facebook ပေါ်တင်သင့်မတင်သင့် တချက်မှတောင်မစဉ်းစားကြဘဲ ချက်ချင်းကောက်တင်လိုက်ကြတာပါပဲ။

မိဘ ၁၀ ဦးမှာ တစ်ဦးက သူတို့ကလေးတွေရဲ့ မွေးနေ့၊ မွေးတဲ့အချိန်ကအစ အတိအကျဖော်ပြထားတယ်။ သူတို့ ညီအစ်ကိုမောင်နှမနှင့် ဆွေမျိုးတွေရဲ့ ပုံတွေပါ တင်ကြတယ်။ အဲဒီလိုအချက်အလက်မျိုးတွေကို ကိုယ့်ကို အနောက်ယှက်ပေးချင်တဲ့သူတွေကနေ အသုံးပြုခံရနိုင်ပါတယ်။

Source: netsecurity.about.com
Trend Myanmar
FACEBOOK ဟာ လူမှုကွန်ယက်တွေရဲ့ အင်ဂျင်စက်ကြီး ( the Google) တစ်ခုဖြစ် လာနေပါပြီ။ သင့်ရဲ့ status ကို အခုပဲ Update မလုပ်ဘူးဆိုရင် ဓါတ်ပုံတွေကို တင်တာ၊ (သို့) ထူးခြားတဲ့ မေးခွန်းမျိုးစုံတွေကို ရရှိပါလိမ့်မယ်။ ဘယ်သူ့ကိုမှပြောလေ့မရှိတဲ့ ကျွနိုပ်တို့ရဲ့ ကိုယ်ရေးသတင်းအချက်အလက်တွေကို တင်ကြ တယ်။ နောက် ပြီး ကျွနိုပ်တို့ရဲ့ ကိုယ်ရေးအသေးစိတ်အချက်အလက်တွေကို မှန်မှန်ကန်ကန်ထည့် သွင်းပေးနေ သရွေ့ လုံခြုံစိတ်ချရတယ်၊ ကိုယ့်သူငယ်ချင်းအချင်းချင်းဆက်သွယ်ရာမှာ အဆင်ပြေတယ်လို့ ထင် တတ်ကြတယ်။
ပြဿနာက ကျွန်ုပ်တို့ရဲ့သတင်းအချက်အလက်တွေကို ဘယ်သူတွေဝင်ရောက်ကြည့်ရှုနေကြသလဲဆိုတာ ဘယ်လိုမှမသိနိုင်ပါဘူး။ သင်နှင့် သင့်မိသားစု ဘေးကင်းလုံခြုံမှုရှိဖို့အတွက် သင့် facebook ပေါ်ထည့် မတင်သင့်တဲ့ အချက်အလက်အချို့ရှိပါတယ်။ Facebook နှင့် တခြားလူမှုကွန်ယက်တွေပေါ်ကနေ ဖယ်ထုတ် သင့်တာ (သို့) မတင်သင့်တဲ့ အချက်(၅) ချက်တွေက..

(၁) သင်နဲ့ သင့်မိသားစု မွေးနေ့ အပြည့်အစုံ
ကျွန်ုပ်တို့အားလုံး Facebook စာမျက်နှာပေါ် ကိုယ့်သူငယ်ချင်းတွေဆီက “HAPPY BIRTHDAY” ကိုရချင်ကြ တယ်။ လူတွေက ကိုယ့်ကို သတိတရရှိနေကြတယ်၊ ကိုယ့်ရဲ့နေ့ထူးနေ့မြတ်မှာ ဂရုစိုက်ပြီး စာတွေရေးပေး ကြတယ်ဆိုတဲ့အသိကို ရင်ထဲခံစားရရှိစေတယ်။ ပြဿနာက သင်မွေးနေ့မွေးရက်တွေ ကို ဖော်ပြလိုက်တဲ့ အချိန်မှာ ကိုယ်ရေးအချက်အလက်ခိုးယူရရှိနိုင်အောင် တစ်စိတ်တဒေသကို အထောက်အကူပေးလိုက် သလိုဖြစ်နေပါတယ်။ နေ့ရက်ကို လုံးဝမထည့်သွင်းတာ အကောင်းဆုံးပဲဖြစ်တယ်။ တကယ်လို့ ထည့်မယ် ဆိုရင်လည်း အနည်းဆုံး ခုနှစ်လောက် ကိုချန်လတ်ထားလိုက်ပါ။ သူငယ်ချင်းစစ်စစ်တွေက သိရင် သိလောက်မှာပါ။

(၂) သင့်ရဲ့ Relationship Status
သင့်မှာတစ်စုံတစ်ယောက်နဲ့ ဆက်နွယ်မှုရှိရှိ၊ မရှိရှိ အဲဒါကို လူတိုင်းသိနိုင်အောင်မလုပ်မိဖို့ အရေးကြီးပါ တယ်။ သင့်ရဲ့ Status ကို SINGLE ပြောင်းလိုက်မယ်ဆိုရင် အစိမ်းရောင်လေးပြပေးမှာ ဖြစ်တယ်။

(၃) သင့်ရဲ့ လက်ရှိတည်နေရာ
တစ်ရက် ၂၄နာရီအတွင်း သင်ဘယ်နားရောက်နေသလဲဆိုတာ သိရှိစေနိုင်တဲ့ Facebook ပေါ်က (Location TAGGING feature)တည်နေရာဖော်ပြပေးတဲ့ အချက်အလက်ကို ကြိုက်နှစ်သက်သူတွေ အများအပြားရှိကြတယ်။ အိမ်မှာမရှိဘူး၊ အပန်းဖြေခရီးသွားနေတယ်လို့ ပြောလိုက် location feature ထည့်ထား တယ်ဆိုရင် ခရီးမိုင်ဘယ်လောက်ဝေးတယ်ဆိုတာ သိသွားပြီး သင့်အိမ်ဖောက်ထွင်းခံရနိုင် ပါတယ်။ ကိုယ်ရှိတဲ့နေရာကို ဘယ်တော့မှမပြောပါနဲ့။ ခရီးသွားနေတဲ့အချိန်ရိုက်ထားတဲ့ ဓာတ်ပုံတွေကို လည်း တင်ချင်ရင် အိမ်ရောက်ပြီးမှတင်ပါ။

(၄) ကလေးတွေသာ အိမ်မှာရှိနေကြောင်း သိစေတဲ့အချက်
မိဘတွေက ကလေးတွေသာ အိမ်မှာ ရှိနေကြောင်းသိစေတဲ့ အချက်အလက်တွေကို မထည့်သွင်းမိဖို့ အရေးကြီးပါတယ်။ ကိုယ့်သူငယ်ချင်းအချင်းချင်းကသာ ကိုယ့်status ကိုဝင်ကြည့်နိုင်မယ်လို့ ထင်ကောင်း ထင်မိ ပါလိမ့်မယ်။ ကိုယ့် account ထဲကို ဘယ်သူဝင်ကြည့်နေလဲဆိုတာ မသိနိုင်ပါဘူး။

(၅) နာမည်ဖော်ပြထားတဲ့ ကလေးတွေရဲ့ ဓာတ်ပုံများ
ကျွန်ုပ်တို့ ကလေးတွေကိုချစ်တော့ ဟုတ်ပါတယ်။ သူတို့ အတွက်ဆိုရင် ဘာမဆိုလုပ်ပေးကြတယ်။ လူ အများ စုက ကလေးတွေရဲ့ ဓာတ်ပုံတွေကို နာမည်နဲ့တကွ (သို့) ဗီဒီယို ဖိုင်တွေကို facebook ပေါ်တင်သင့် မတင်သင့် တချက်မှတောင်မစဉ်းစားကြဘဲ ချက်ချင်းကောက်တင်လိုက်ကြတာပါပဲ။

မိဘ ၁၀ ဦးမှာ တစ်ဦးက သူတို့ကလေးတွေရဲ့ မွေးနေ့၊ မွေးတဲ့အချိန်ကအစ အတိအကျဖော်ပြထားတယ်။ သူတို့ ညီအစ်ကိုမောင်နှမနှင့် ဆွေမျိုးတွေရဲ့ ပုံတွေပါ တင်ကြတယ်။ အဲဒီလိုအချက်အလက်မျိုးတွေကို ကိုယ့်ကို အနောက်ယှက်ပေးချင်တဲ့သူတွေကနေ အသုံးပြုခံရနိုင်ပါတယ်။

Source: netsecurity.about.com
Trend Myanmar

No comments:

Post a Comment