Wednesday 6 August 2014

မြန်မာ-အိန္ဒိယ နယ်စပ်၌ စတုတ္ထမြောက် နယ်စပ် ကုန်သွယ်ရေး စခန်း ဖွင့်လှစ် နိုင်ရန် စီစဉ်

Photo: မြန်မာ-အိန္ဒိယ နယ်စပ်၌ စတုတ္ထမြောက် နယ်စပ် ကုန်သွယ်ရေး စခန်း ဖွင့်လှစ် နိုင်ရန် စီစဉ်
Wednesday, August 6, 2014

မြန်မာ-အိန္ဒိယနယ်စပ်၌ စတုတ္ထမြောက် နယ်စပ် ကုန်သွယ်ရေးစခန်း ဖွင့်လှစ်နိုင်ရန် နှစ်နိုင်ငံ ညှိနှိုင်းမှုများ စတင်ပြုလုပ်နေပြီ ဖြစ် ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ နယ်စပ်ကုန်သွယ်ရေး စခန်းကို ချင်းပြည်နယ် ပလက်ဝမြို့ နှင့် မြိတ်ဝမြို့တို့၌ ဖွင့်လှစ်ရန် စီစဉ်ထားပြီး နယ်စပ် ကုန်သွယ်ရေးစခန်း တည်ဆောက်ရန်အတွက် ကုန်ကျငွေအဖြစ် အိန္ဒိယ ရူပီးငွေ ကုဋေပေါင်း ၅၇ ကုဋေ သုံးစွဲရန်လျာထားကာ မြေယာ စတုရန်းကီလိုမီတာ တစ်သိန်းခန့်ပေါ်တွင် တည်ဆောက်ရန် လျာထားကြောင်း သိရသည်။

ချင်းပြည်နယ်နှင့် မီဇိုရမ်ပြည်နယ် နယ်စပ်၌ နယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခု ဖွင့်လှစ်ထားရှိရာ အမှတ် (၂) အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်ရေး ရိဒ်စခန်းကို ၂ဝဝ၃ ခုနှစ် ဒီဇင်ဘာလက ဖွင့်လှစ်ခဲ့ပြီး ထန်တလန်မြို့ (ယာယီ) နယ်စပ် ကုန်သွယ်ရေးစခန်းကို ဧပြီလက ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ နယ်စပ် ကုန်သွယ်ရေးစခန်း၏ ဆက်စပ် လုပ်ငန်းတစ်ခုဖြစ်သည့် ပလက်ဝမြို့နှင့် မြိတ်ဝ ကားလမ်း တည်ဆောက်ရေး လုပ်ငန်းကို မက်စ်မြန်မာ ကုမ္ပဏီလီမိတက်နှင့် အိန္ဒိယနိုင်ငံမှ IRCON ကုမ္ပဏီ ( Indian Railway Construction Company Limited ) တို့ ပူးပေါင်းကာ အကြိုအင်ဂျင်နီယာ လုပ်ငန်းများ အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း သိရသည်။ 

ကျော်ဇေယျ
မြ၀တီ
မြန်မာ-အိန္ဒိယနယ်စပ်၌ စတုတ္ထမြောက် နယ်စပ် ကုန်သွယ်ရေးစခန်း ဖွင့်လှစ်နိုင်ရန် နှစ်နိုင်ငံ ညှိနှိုင်းမှုများ စတင်ပြုလုပ်နေပြီ ဖြစ် ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အဆိုပါ နယ်စပ်ကုန်သွယ်ရေး စခန်းကို ချင်းပြည်နယ် ပလက်ဝမြို့ နှင့် မြိတ်ဝမြို့တို့၌ ဖွင့်လှစ်ရန် စီစဉ် ထားပြီး နယ်စပ်ကုန်သွယ်ရေးစခန်း တည်ဆောက်ရန်အတွက် ကုန်ကျငွေအဖြစ် အိန္ဒိယ ရူပီးငွေ ကုဋေပေါင်း ၅၇ ကုဋေ သုံးစွဲရန်လျာထားကာ မြေယာ စတုရန်းကီလိုမီတာ တစ်သိန်းခန့်ပေါ်တွင် တည်ဆော က် ရန် လျာထားကြောင်း သိရသည်။

ချင်းပြည်နယ်နှင့် မီဇိုရမ်ပြည်နယ် နယ်စပ်၌ နယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခု ဖွင့်လှစ်ထားရှိရာ အမှတ် (၂) အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်ရေး ရိဒ်စခန်းကို ၂ဝဝ၃ ခုနှစ် ဒီဇင်ဘာလက ဖွင့်လှစ်ခဲ့ပြီး ထန်တလန်မြို့ (ယာယီ) နယ်စပ် ကုန်သွယ်ရေးစခန်းကို ဧပြီလက ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ နယ်စပ် ကုန်သွယ်ရေး စခန်း၏ ဆက်စပ် လုပ်ငန်းတစ်ခုဖြစ်သည့် ပလက်ဝမြို့နှင့် မြိတ်ဝ ကားလမ်း တည်ဆောက်ရေး လုပ်ငန်းကို မက်စ်မြန်မာ ကုမ္ပဏီလီမိတက်နှင့် အိန္ဒိယနိုင်ငံမှ IRCON ကုမ္ပဏီ ( Indian Railway Construction Company Limited ) တို့ ပူးပေါင်းကာ အကြိုအင်ဂျင်နီယာ လုပ်ငန်းများ အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျ
မြ၀တီ

No comments:

Post a Comment