Wednesday 6 August 2014

ရှစ်လေးလုံးအရေးအခင်း ဖြိုခွင်းမှုတွင် သမ္မတဦးသိန်းစိန် ပါဝင်ခြင်းမရှိဟု နိုင်ငံတော်သမ္မတရုံးဖြေရှင်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရှစ်လေးလုံး အရေးအခင်းဖြိုခွဲမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိကြော င်း နိုင် ငံတော် သမ္မတရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။
ရှစ်လေးလုံး အရေးအခင်းတွင် အဓိကပါဝင်သူ ဖြစ်ကြောင်း ဝီကီလိခ်တွင် ဖော်ပြထားခြင်းကြောင့် သမ္မတ ဦးသိန်းစိန် အနေနှင့် ၈၈ အရေးအခင်းတွင် မည်သို့ ဆောင်ရွက်ခဲ့ခြင်းကို ထုတ်ဖော်ပြောကြားရန် ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ BURMA CAMPAIGN UK က သြဂုတ်လ ၄ ရက်နေ့ ရက်စွဲနှင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်ကို BBC သတင်းဌာနက ဖော်ပြထားခြင်းနှင့် ပတ်သက်ပြီး ၎င်းကအထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။ “နိုင်ငံတော်သမ္မတအနေနဲ့ ၈၈ မှာ ဘယ်လိုဆောင်ရွက်ခဲ့လဲ ဆိုတာကို သူ့ရဲ့ အတ္ထုပ္ပတ္တိတွေကို ကြည့်ပြီးမှ ပြောသင့်ပါတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

သတင်းဌာန၏ သတင်းဖော်ပြချက်များသည် အစိုးရအဖွဲ့အစည်း တစ်ခုလုံးကို ထိခိုက်စေနို င်သောကြောင့် ပြန်လည် ဖြေရှင်းရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၁၉၆၄ ခုနှစ်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ် တက်ရောက်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်း ခံခဲ့ရသည်။

၁၉၈၈ ခုနှစ်တွင် တပ်ရင်းမှူး အဆင့်ဖြင့် စစ်ကိုင်းတိုင်း၊ ခလရ (၈၉) (ကလေးမြို့) ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ တပ်မတော်က တိုင်းပြည်အာဏာ ရယူပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာန (ကြည်း) တွင် စစ်ဦးစီး ဗိုလ်မှူးကြီးနှင့် စစ်ဆင်ရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး အရေးအခင်း ကာလအတွင်း တောခိုကျောင်းသားများကို မိဘများလက်သို့ ပြန်လည် အပ်နှံပေးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment