Wednesday 6 August 2014

နားဟိုင်းလုံ ရွှေတူးဖော်ရေးလုပ်ငန်း ချက်ချင်းရပ်ဆိုင်းရန် စိုင်းအိုက်ပေါင်းညွှန်ကြား

Photo: နားဟိုင်းလုံ ရွှေတူးဖော်ရေးလုပ်ငန်း ချက်ချင်းရပ်ဆိုင်းရန် စိုင်းအိုက်ပေါင်းညွှန်ကြား
Wednesday, August 6, 2014

 သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံး၌ သျှမ်းပြည်နယ်အစိုးရ သတ္တုတွင်း နှင့် သစ်တောဝန်ကြီးဌာန ဝန်ကြီး စိုင်းအိုက်ပေါင်းက နားဟိုင်းလုံ ဒေသခံ လယ်သမားများနှင့် ရွှေတူးဖော် ရေး ကုမ္မဏီများအား တွေ့ဆုံရာတွင် လူထုအား နစ်နာစေသည့် ရွှေတူးဖော်ရေး စီမံကိန်း လုံးဝ ရပ်တန့်ရန် တိုက်ရိုက်ညွှန်ကြား လိုက်သည်။

ဩဂတ်စ်လ ၅ ရက် (ယနေ့) ညနေ ၃ နာရီခွဲက ဝန်ကြီးစိုင်းအိုက်ပေါင်းနှင့် အတူ တာချီလိတ်မြို့ ရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ လွှတ်တော်အမတ်များ၊ သတ္တုတွင်း လုပ်ငန်းရှင်များ၊ နစ်နာရသည့် နားဟိုင်းလုံဒေသခံများစုံညီတက်ရောက်သည့်အခမ်းအနားတွင် ဝန်ကြီးစိုင်းအိုက်ပေါင်းက တူးဖော်နေသည့် ရွှေတွင်းများ အားလုံး ရပ်တန့်ရန်၊ ပျက်စီးသွားသောလယ်ယာမြေများ ပကတိအတိုင်း ပြုပြင်ပေးရန်၊ လျော်ကြေးများလည်း ထိုက်ထိုက်တန်တန်ပေးလျော်ရန် ကုမ္မဏီများအား ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

၎င်းနှင့်ပတ်သက်၍ လယ်ယာမြေဆုံးရှုံးရသူ ဒေသခံ ဆရာမနန်းလာက “ ၆ ရက်နေ့က စပြင်မယ်။ စိုက်ပျိုးနိုင်တဲ့အထိပေါ့။ နက်ဖြန်ကနေ ၁၅ ရက်နေ့အထိ အဲဒီအတောအတွင်းပေါ့။ နစ်နာဆုံးရှုံးရတဲ့ လယ်ယာမြေတွေကို ဌာနဆိုင်ရာတွေကနေ လာရောက်တိုင်းတာပေးမယ်။ လုံးဝ ပျက်စီးသွားတဲ့ လယ်ယာမြေတွေအတွက် တဧက ၆ သိန်းခွဲကို အဲဒီနေ့မှာဘဲ ကုမ္မဏီကနေ တခါတည်းလျော်ကြေးပေး ဖို့လည်း ဝန်ကြီးကပြောတယ်” ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

ထို့အပြင် လယ်သမားသမားများအား ကုမ္ပဏီများဘက်က (၁) လယ်ယာမြေအတွင်း ဖုံးလွှမ်းနေသည့် သဲနှုန်းများအား ဖယ်ရှားပေးရန် (၂) လုံးဝပျက်စီးသွားသောလယ်ယာမြေများအတွက် တဧက ကျပ် ၆၆၀၀၀၀ ပေးလျော်ရန်၊ မပျက်စီးသေးသော်လည်း စိုက်ပျိုး၍မရသည့်လယ်ယာမြေများကို ပြန် လည်စိုက်ပျိုးနိုင်သည့်အထိ ပကတိအတိုင်း ဖြစ်အောင် ပြုပြင်ပေးရန်နှင့်ထိုက်တန် သည့် လျော်ကြေး များပေးဆောင်သွားရန် (၃) ရွှေတူးဖော်နေသည်ကုမ္မဏီများ လုပ်ငန်းလည်ပတ်မှုအားလုံး လုံးဝ ရပ်ဆိုင်းရန် ဝန်ကြီးစိုင်းအိုက်ပေါင်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။

အခမ်းအနား၌ လွယ်ခမ်းလုံ ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးသိန်းကိုဝင်းက လွယ်ခမ်းလုံ အနေဖြင့် နိုင်ငံတော် အစိုးရထံ ရွှေတွင်းလုပ်ကွက် ၄ ကွက်မှ ရွှေ ၄ ပိဿာခွဲကျော်ပေး သွင်းနိုင်ခဲ့ကြောင်း၊ ဒေသခံများအတွက်လည်း ကျပ်သိန်းပေါင်း ၁၃၀၀ ကျော် ကူညီထောက်ပံ့ ပေးခဲ့ကြောင်း အခမ်းအနား တက်ရောက်သည့်တာချီလိတ်မြို့နေ စိုင်းခမ်းနွဲ့ကပြောသည်။

လယ်ယာမြေများပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် နစ်နာသည့်လျော်ကြေးများပြန်လည်ရရှိရေးအတွက် ဂျူလိုင်လလယ်က နားဟိုင်းလုံဒေသ လယ်သမားကိုယ်စားလှယ်များက သျှမ်းပြည်နယ်မြို့တော် တောင်ကြီးအထိ တက်ရောက်တောင်းဆိုခဲ့ဖူးပါသည်။

ကျားဖြူပါတီဥက္ကဌ ၊ သတ္တုတွင်းနှင့်သစ်တော ဝန်ကြီးစိုင်းအိုက်ပေါင်းနှင့်လည်းထိုစဉ်က ပထမအကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်ပါသည်။

သျှမ်းပြည်အရှေ့ပိုင်းတွင် ရွှေတူးဖော်နေသည့်ကုမ္မဏီ ၆၃ ခု ရှိပါသည်။ ထိုအနက် နားဟိုင်းလုံဒေသတွင် စိုင်းတစ်၊ စိုင်းစိုက်ပျိုးရေး၊ လွယ်ခမ်းလုံ စသည့်ကုမ္မဏီအပါအဝင် ကုမ္မဏီ ၁၀ ကျော် ရွှေတူးဖော်နေသည်ဟု သိရပါသည်။

သျှမ်းသံတော်ဆင့်

ဓါတ်ပုံ - သတ္တုတွင်းနှင့်သစ်တောဝန်ကြီးဌာန ဝန်ကြီး စိုင်းအိုက်ပေါင်းက နားဟိုင်းလုံဒေသခံ လယ်သမားများနှင့် ရွှေတူးဖော်ရေးကုမ္မဏီများအားတွေ့ဆုံ
ဓါတ်ပုံ - သတ္တုတွင်းနှင့်သစ်တောဝန်ကြီးဌာန ဝန်ကြီး စိုင်းအိုက်ပေါင်းက နားဟိုင်းလုံဒေသခံလယ်သမား များနှင့် ရွှေတူးဖော်ရေးကုမ္မဏီများအားတွေ့ဆုံ
 သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံး၌ သျှမ်းပြည်နယ်အစိုးရ သတ္တု တွင်း နှင့် သစ်တောဝန်ကြီးဌာန ဝန်ကြီး စိုင်းအိုက်ပေါင်းက နားဟိုင်းလုံ ဒေသခံ လယ်သမား များနှင့် ရွှေ တူးဖော် ရေး ကုမ္မဏီများအား တွေ့ဆုံရာတွင် လူထုအား နစ်နာစေသည့် ရွှေတူးဖော်ရေး စီမံကိန်း လုံးဝ ရပ်တန့်ရန် တိုက်ရိုက်ညွှန်ကြား လိုက်သည်။
ဩဂတ်စ်လ ၅ ရက် (ယနေ့) ညနေ ၃ နာရီခွဲက ဝန်ကြီးစိုင်းအိုက်ပေါင်းနှင့် အတူ တာချီလိတ်မြို့ ရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ လွှတ်တော်အမတ်များ၊ သတ္တုတွင်း လုပ်ငန်းရှင်များ၊ နစ်နာရသည့် နားဟိုင်းလုံဒေသခံများစုံညီတက်ရောက်သည့်အခမ်းအနားတွင် ဝန်ကြီးစိုင်းအိုက်ပေါင်းက တူးဖော်နေ သည့် ရွှေ တွင်းများ အားလုံး ရပ်တန့်ရန်၊ ပျက်စီးသွားသောလယ်ယာမြေများ ပကတိအတိုင်း ပြုပြင်ပေး ရန်၊ လျော်ကြေးများလည်း ထိုက်ထိုက်တန်တန်ပေးလျော်ရန် ကုမ္မဏီများအား ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

၎င်းနှင့်ပတ်သက်၍ လယ်ယာမြေဆုံးရှုံးရသူ ဒေသခံ ဆရာမနန်းလာက “ ၆ ရက်နေ့က စပြင်မယ်။ စိုက်ပျိုးနိုင်တဲ့အထိပေါ့။ နက်ဖြန်ကနေ ၁၅ ရက်နေ့အထိ အဲဒီအတောအတွင်းပေါ့။ နစ်နာဆုံးရှုံးရတဲ့ လယ်ယာမြေတွေကို ဌာနဆိုင်ရာတွေကနေ လာရောက်တိုင်းတာပေးမယ်။ လုံးဝ ပျက်စီးသွားတဲ့ လယ်ယာမြေတွေအတွက် တဧက ၆ သိန်းခွဲကို အဲဒီနေ့မှာဘဲ ကုမ္မဏီကနေ တခါတည်းလျော်ကြေးပေး ဖို့လည်း ဝန်ကြီးကပြောတယ်” ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

ထို့အပြင် လယ်သမားသမားများအား ကုမ္ပဏီများဘက်က (၁) လယ်ယာမြေအတွင်း ဖုံးလွှမ်းနေသည့် သဲနှုန်းများအား ဖယ်ရှားပေးရန် (၂) လုံးဝပျက်စီးသွားသောလယ်ယာမြေများအတွက် တဧက ကျပ် ၆၆၀၀၀၀ ပေးလျော် ရန်၊ မပျက်စီးသေးသော်လည်း စိုက်ပျိုး၍မရသည့်လယ်ယာမြေများကို ပြန် လည်စိုက်ပျိုးနိုင်သည့်အထိ ပကတိအတိုင်း ဖြစ်အောင် ပြုပြင်ပေးရန်နှင့်ထိုက်တန် သည့် လျော်ကြေး များပေးဆောင်သွားရန် (၃) ရွှေတူးဖော်နေသည်ကုမ္မဏီများ လုပ်ငန်းလည်ပတ်မှုအားလုံး လုံးဝ ရပ်ဆိုင်းရန် ဝန်ကြီးစိုင်းအိုက်ပေါင်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။

အခမ်းအနား၌ လွယ်ခမ်းလုံ ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးသိန်းကိုဝင်းက လွယ်ခမ်းလုံ အနေဖြင့် နိုင်ငံတော် အစိုးရထံ ရွှေတွင်းလုပ်ကွက် ၄ ကွက်မှ ရွှေ ၄ ပိဿာခွဲကျော်ပေး သွင်းနိုင် ခဲ့ကြော င်း၊ ဒေသခံများအတွက်လည်း ကျပ်သိန်းပေါင်း ၁၃၀၀ ကျော် ကူညီထောက်ပံ့ ပေးခဲ့ကြောင်း အခမ်းအနား တက်ရောက်သည့်တာချီလိတ်မြို့နေ စိုင်းခမ်းနွဲ့ကပြောသည်။

လယ်ယာမြေများပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် နစ်နာသည့်လျော်ကြေးများပြန်လည်ရရှိရေးအတွက် ဂျူလိုင်လ လယ် က နားဟိုင်းလုံဒေသ လယ်သမားကိုယ်စားလှယ်များက သျှမ်းပြည်နယ်မြို့တော် တောင်ကြီးအထိ တက်ရောက်တောင်းဆိုခဲ့ဖူးပါသည်။

ကျားဖြူပါတီဥက္ကဌ ၊ သတ္တုတွင်းနှင့်သစ်တော ဝန်ကြီးစိုင်းအိုက်ပေါင်းနှင့်လည်းထိုစဉ်က ပထမအကြိမ်တွေ့ ဆုံ ခဲ့ပြီးဖြစ် ပါသည်။

သျှမ်းပြည်အရှေ့ပိုင်းတွင် ရွှေတူးဖော်နေသည့်ကုမ္မဏီ ၆၃ ခု ရှိပါသည်။ ထိုအနက် နားဟိုင်းလုံဒေသတွင် စိုင်းတစ်၊ စိုင်းစိုက်ပျိုးရေး၊ လွယ်ခမ်းလုံ စသည့်ကုမ္မဏီအပါအဝင် ကုမ္မဏီ ၁၀ ကျော် ရွှေတူးဖော်နေသည်ဟု သိရပါသည်။

သျှမ်းသံတော်ဆင့်

No comments:

Post a Comment