Wednesday 6 August 2014

Facebook လူမှုကွန်ရက်စာမျက်နှာပေါ်ပါ အ.ထ.က (၁) မော်လမြိုင်မှ အာဏာရှင်ကျောင်းအုပ်ဆရာမကြီးနှင့် အဖိနှိပ်ခံ ဆရာမများအကြောင်းနှင့် ပတ်သက်၍ ကနဦး စုံစမ်းစစ်ဆေးမှု ဆောင်ရွက်နေ

သြဂုတ် ၄ ရက်က Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပါရှိခဲ့သော အ.ထ.က (၁) (မော်လမြိုင်) မှ အာဏာရှင်ကျောင်းအုပ်ဆရာမကြီးနှင့် အဖိနှိပ်ခံဆရာမများအကြောင်းအရာနှင့်ပတ်သက်၍ ခရိုင်ပညာရေး မှူး၊ မြို့နယ်ပညာရေးနှင့် လက်ထောက်ညွန်ကြားရေးမှူးများ ပါဝင်သော ကနဦးစုံစမ်း စစ်ဆေးရေး အဖွဲ့ဖွဲ့ကာ စစ်ဆေးနေကြောင်း မွန်ပြည်နယ် ပညာရေးဦးစီးဌာနညွှန်ကြားရေးမှူးရုံးမှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ဆို သည်။
“အမှားအမှန် ခွဲခြားမသိနိုင်သေးတဲ့ အခြေအနေဖြစ်နေတယ်။ သက်သေမခိုင်လုံရင်တော့ ကနဦးစုံစမ်း စစ်ဆေး မှုနဲ့ ပြီးသွားမယ်။ အကယ်၍ ဒီကိစ္စမှန်တယ်ဆိုရင်တော့ စွဲချက်ပြန်တင်ရမှာ ဖြစ်ပါတယ်။ စွဲချက် တင်တာ မှန်တယ်ဆိုရင် ဌာနတွင်းအရေးယူမှုကို ခံရမှာဖြစ်ပါတယ်။ စွဲချက်မမှန်ရင်တော့ ပြန်လွှတ်ပေး ရမှာပါ။ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ပြီးရင် ညွှန်ကြားရေးမှူးချုပ်စီတင်မယ်။ အရေးယူမယ်။ မယူဘူးကတော့ ညွှန်ကြားရေးမှူးချုပ်ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ လုပ်ဆောင်သွားမယ်။ ကျွန်တော်တို့ စစ်ဆေးတဲ့ အချက်တွေကတော့ တင်ပြချက်တွေအနေနဲပဲ တက်သွားပါမယ်” ဟု အဆိုပါတာဝန်ရှိသူက ဆိုသည်။

“ဒီနေ့ သြဂုတ် ၅ ရက် အဲဒီအမှတ် (၁) ကျောင်းမှာ ကျောင်းအုပ်ဆရာမကြီးရော ဆရာမတွေရော ပညာရေး ကတာဝန်ရှိသူတွေရော အစည်းအဝေးခေါ်ပြီးတော့ ဖြေရှင်းကြတယ်။ အရင်ကဖြစ်ထားတယ် လို့ သိရတယ်။ ကျွန်တော်အနေနဲ့ ပြည်နယ်အစိုးရရုံးမှာ အစည်းအဝေးရှိလို့ ပြန်လာရ တယ်။ နောက် ဒီကိစ္စကို အမှုတွဲအနေနဲ့တော့ ကျွန်တော့်ဆီကို တင်ထားခိုင်းပါတယ်။ အကြောင်းစုံတော့ မသိရသေး ပါဘူး” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှဦးက ပြောကြားသည်။

အ.ထ.က.(၁) (မော်လမြိုင်) မှ အာဏာရှင်ကျောင်းအုပ်ဆရာမကြီးနှင့် အဖိနှိပ်ခံ ဆရာ၊ ဆရာမများ အကြောင်းအရာအား သြဂုတ် ၄ ရက်က မော်လမြိုင် Facebook စာမျက်နှာတွင် တင်ခဲ့ခြင်းဖြစ်ပြီး၊ ကျောင်း အုပ် ဆရာမကြီးက ကျောင်းတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများအား အရှက်တကွဲ အကျိုးနည်းပြီး စိတ်ဒုက္ခရောက်အောင် နှိမ့်ချဆက်ဆံလျက်ရှိကြောင်း၊ ကျောင်းအစည်းအဝေးကျင်းပရာ၌ အစည်းအဝေးခန်းမအတွင်း ထိုင်ခုံတစ်ခုတည်းထားစေ၍ ကျောင်းအုပ်ဆရာမကြီးက သူ့ထက် သက်ကြီး၊ ၀ါကြီး ဆရာ၊ ဆရာမများအားလုံးကို  ကြမ်းပြင်တွင်ထိုင်စေ၍ အစည်းအဝေးပြု လုပ်ကြောင်း၊ ကျောင်း အုပ်ဆရာမကြီးက လုပ်သက်ရင့် ဆရာမနှစ်ဦးအား အရှက်ကွဲအကျိုးနည်းဖြစ်စေရန်အတွက် နားမခံနို င်လော က်ေ အာင် နည်းမျိုးစုံဖြင့် ဆဲရေးတိုင်းထွာခဲ့သဖြင့် ဆရာမနှစ်ဦးမှာ Shock ရကာ ဆေးရုံ သို့တင်ပို့ ခဲ့ရကြောင်း၊ ကျွန်တော်တို့အား သင်ကြားပြသပေးခဲ့သော ဆရာများ၏ မျက်ရည်များကို မခံစားနိုင်တော့၍ အာဏာရှင်ကျောင်းအုပ်ဆရာမကြီးအား ကျောင်းအုပ်ရာထူးဖြင့် မထိုက်တန်ကြောင်းကို အများသူငါ သိစေရန်အတွက် ရေးသားဖော်ပြအပ်ပါသည် အ.ထ.က.(၁) မှ ကျောင်းသားဟောင်းများဟူ၍ ဓာတ်ပုံ များ နှင့်တကွ ပါရှိပါသည်။          

Eleven Media Group

No comments:

Post a Comment