Wednesday 6 August 2014

ဟာ့ဂ်ျခရီးစဉ်အတွက် ကျပ်ငွေ ၂၂ သိန်း ၅ သောင်းဖြင့် အနိမ့်ဆုံးဈေးပေးမည့် ကုမ္ပဏီ တင်ဒါရရှိ

မြန်မာနိုင်ငံရှိ အစ္စလာမ် ဘာသာဝင်များ၏ ၂၀၁၄ ခုနှစ် ဟာ့ဂ်ျဘုရားဖူး ခရီးစဉ်အတွက် ကျပ်ငွေ ၂၂ သိန်း ၅ သောင်းဖြင့် ဈေးအနိမ့်ဆုံးပေးသည့် ကုမ္ပဏီက တင်ဒါရရှိသွားကြောင်း သြဂုတ်လ ၅ ရက်တွင် ပြုလုပ် သည့် တင်ဒါဖွင့်ပွဲက သိရှိရသည်။
မြန်မာနိုင်ငံမှ ဟာ့ဂ်ျခရီးစဉ် သီးခြားဗီဇာခွဲတမ်း ရရှိမည့်သူ ၂၈၀ ဦးအတွက် လုပ်ကိုင်ခွင့်ရရန် ခရီးသွား ကုမ္ပဏီ ၄၁ ခု ကို တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရန် ဆော်ဒီအာရေဗီးယားသံရုံးက သတ်မှတ်ထားကြောင်း၊ တင်ဒါပိတ်ချိန်အထိ ကုမ္ပဏီ ၄ ခုက ယှဉ်ပြိုင်ပြီး ကြမ်းခင်းဈေး ၂၇ သိန်း သတ်မှတ်ထားသည့်အတွက် အနိမ့်ဆုံး ဈေးပေးခဲ့သည့် Great Desert နှင့် A Pleasant House ခရီးသွားလုပ်ငန်း ကုမ္ပဏီတို့ ပူးပေါင်း ထားသည့် ကုမ္ပဏီက ရရှိခဲ့ခြင်း ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဟာ့ဂ်ျခရီးစဉ် စေလွှတ်ရေး ကြီးကြပ် မှု ကော်မတီအဖွဲ့ဝင်များထံမှ သိရသည်။

“ဒီမှာက ဟာ့ဂ်ျခရီးစဉ် လုပ်ကိုင်နေတဲ့ ကုမ္ပဏီက တစ်ရာနီးပါးရှိနေပြီ။ အဲဒီထဲကမှ ကုမ္ပဏီ ၄၁ ခုအတွက် ကိုပဲ ခေါ်မယ်ဆိုတာကို နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ သာသနာရေး၊ သာသနာရေးကမှ စေ လွှတ်ရေး ကော်မတီကို အကြောင်းကြားတာ။ ဝင်ပါလို့မရတဲ့ ကုမ္ပဏီတွေ အတွက်တော့ စိတ် မကောင်း ဖြစ်ရတယ်” ဟု ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင် ဦးဝဏ္ဏရွှေက ဆိုသည်။

ယခင်က ဟာ့ဂ်ျခရီးစဉ်အတွက် သာသနာရေး ဝန်ကြီးဌာန ကြီးကြပ်ခဲ့စဉ်က ခရီးသွားတစ်ဦးလျှင် ကျပ် ၃၂ သိန်း တင်ဒါဈေးရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် သာသနာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ရာတွင် ကျပ်ငွေ ၂၉ သိန်းအထိ တင်ဒါလျှော့ချခဲ့ကာ ယခုနှစ် အစ္စလာမ် ဘာသာရေးအဖွဲ့ တစ်ဦးတည်း ဆောင်ရွက်ရာတွင် ထပ်မံ၍ တင်ဒါဈေးလျော့ကျ သွားခြ င်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

“လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်လို့လည်း ပြောတယ်။ ဘုရားဖူး ကုမ္ပဏီဖွင့်တာ သုံးနှစ်ရှိပြီ။ ဗီဇာတစ်စောင်မှ မရဘူး။ နိုင်ငံတော်ကိုလည်း အခွန်ဆောင်နေရတယ်။ ဒီတိုင်းဆို ကုမ္ပဏီဖျက်ပြီး ဒေဝါလီခံဖို့ပဲ ရှိတော့ တယ်” ဟု တင်ဒါဝင်ခွင့်မရသည့် တောင်ကြီးမြို့မှ ဟာ့ဂ်ျဘုရားဖူးခရီး သွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဆိုသည်။

ဗီဇာပေးမည့် ၂၈၀ ဦးမှာ သာသနာရေး ဝန်ကြီးဌာန၏ ခွဲတမ်းဖြစ်ပြီး ဆော်ဒီအာရေဗီးယားနိုင်ငံ သံရုံးက ကုမ္ပဏီ ၄၁ ခုကို တင်ဒါခေါ်ယူရန် ညွှန်ကြားခြင်းမှာ နိုင်ငံ၏လုပ်ပိုင်ခွင့်ကို ဝင်ရောက် စွက် ဖက်နေခြ င်းဖြစ်ပြီး ခရီးသွားကုမ္ပဏီ အဟောင်းများနှင့် အသစ်များကိုပါ တင်ဒါတွင် ပါဝင်ခွင့်ရရှိရန် တင်ဒါပါဝင်ခွင့် မရသည့် ကုမ္ပဏီအချို့က တောင်းဆိုမှုများလည်း ရှိသည်။

မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေးဗီးယား သံရုံးက ၂၀၁၄ ခုနှစ် ဟဂ်ျဘုရားဖူး ခရီးစဉ်အတွက် ဗီဇာခွဲတမ်း ၃၅၅၀ ကို ခွဲတမ်းချထားပေးခဲ့ပြီးဖြစ်ရာ ယခုသီးခြား ဗီဇာ ၂၈၀ မှာ ယခင် သာသနာရေး ဝန်ကြီးဌာနမှ ကြီးကြပ်စေလွှတ်သည့် ခရီးသည် အရေအတွက်ဖြစ်ပြီး ယင်းဗီဇာအတွက် အဆိုပါသံရုံး၏ Authourized Hajj Agencies 2014 စာရင်းအရ ခရီးသွားကုမ္ပဏီ ၄၁ ခုကို မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးရှိ ၂၀၁၄ ခုနှစ် ဟာ့ဂ်ျစေလွှတ်ရေး ကြီးကြပ်မှု ကော်မတီက တင်ဒါခေါ်ယူခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment