Wednesday 6 August 2014

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဘေးကင်းလုံခြုံရေးဆောင်ရွက်မှုများ တိုးတက်လာ

Photo: ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဘေးကင်းလုံခြုံရေးဆောင်ရွက်မှုများ တိုးတက်လာ
Wednesday, August 6, 2014

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ရန်ကုန်-နေပြည်တော်လမ်းပိုင်းအခြေအနေ၊ လမ်းလယ်ကျွန်း၌ မြေယာရှုခင်း စိုက်ပျိုးမှု၊ ရေနုတ်မြောင်းစနစ်ပြုပြင်ထည့်သွင်းမှု၊ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် သတိပေးစနစ်များ ထူထောင်ထားရှိမှုအခြေအနေနှင့် တံတားများတိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို လမ်းတစ်လျှောက် ကြည့်ရှု စစ်ဆေးသည်။ 

ရှေးဦးစွာ ဒုတိယသမ္မတသည် မိုင်တိုင် အမှတ်(၃၇/၁)နှင့် (၃၇/၂)ကြားရှိ စစ်ပင်ဆိပ်တံတားအား လေးလမ်းသွားတံတားမှ ရှစ်လမ်းသွားတံတား အဖြစ် ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က ရှင်းလင်းပြသသည်။ 

ထိုမှတစ်ဆင့် ပြည်သူ့ဆောက်လုပ် ရေးလုပ်ငန်း ဘောနတ်ကြီးရှင်းလင်း ဆောင်သို့ ရောက်ရှိရာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းအား ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ခဲ့မှုများ၊ လုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်မှုကြောင့် ယာဉ်မတော် တဆဖြစ်မှု လျော့နည်းလာခဲ့မှုများ၊

ယခုနှစ်တွင် အမြန်လမ်းမကြီးတစ်လျှောက်ရှိ တံတား ၂၅ စင်းအား ရှစ်လမ်းသွား တံတားအဖြစ် တိုးချဲ့ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။ 

ဆက်လက်၍ ရန်ကုန်-မန္တလေးအမြန်လမ်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့ အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က လမ်းအသုံးပြုသူများ ဘေးကင်း လုံခြုံရေးအတွက် အသိပညာပေးဆောင်ရွက်နေမှု၊ ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်များ လျှော့ချရေး၊ မောင်းနှင်မှု အရည်အသွေးကောင်းမွန်ရေးနှင့် လမ်း၏သက်တမ်းပြည့် အသုံးချနိုင်ရေးတို့အတွက် ဆောင်ရွက်နေမှု၊ လမ်းအသုံးပြုသူများ၏ အကြံပြုချက်များအပေါ်အခြေခံ၍ လမ်းပြုပြင်နေမှု၊ ယာဉ်မတော်တဆမှု ဖြစ်ပွားပါက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသို့ အမြန် ဆက်သွယ်ပေးနိုင်သော Call Center ဖွင့်လှစ်ထားမှု၊ အမြန်လမ်းမကြီး ဝဲ/ယာ တစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများ အမြန်လမ်းမကြီးကို အသုံးပြုရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ သိရှိနိုင်ရေးအတွက် ပညာပေးဆောင်ရွက်မှုအခြေအနေများနှင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက လမ်းတံတားအင်ဂျင်နီယာများ၏ ကျွမ်းကျင်မှု၊ ပညာရှင်များ၏ အကြံဉာဏ်များ၊ ဆိုင်ရာအဖွဲ့အစည်းများမှ ဘဏ္ဍာငွေဖြည့်ဆည်းမှု၊ နိုင်ငံတကာအကူအညီများ ဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ဘေးကင်းလုံခြုံရေးဆောင်ရွက်မှုများ တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း။ 

ယာဉ်အန္တရာယ် မတော်တဆမှုများ လျော့နည်းကျဆင်းအောင် ဆောင်ရွက် နိုင်သည်ကို တွေ့ရသကဲ့သို့ လမ်းအသုံးပြုသူများ၏ ယုံကြည်ကိုးစားမှုကိုလည်း မြှင့်တင်နိုင်ခဲ့သည်ကို တွေ့ရပါကြောင်း၊ လမ်းဘေးကင်းလုံခြုံမှုလုပ်ငန်းစဉ်တွင် ပြည်သူများ ပူးပေါင်းပါဝင်မှုသည် အရေးကြီးပါကြောင်း၊ ယာဉ်မောင်း၊ ယာဉ် ပိုင်ရှင်နှင့် ခရီးသည်များ၊ လမ်းအသုံးပြုသူများ၏ ဝေဖန်အကြံပြုချက်များကို တလေးတစား လိုက်နာအကောင်အထည်ဖော်ပေးသွားရန်ဖြစ်ပါကြောင်း။ 

လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းများတွင် လမ်းတံတားဒီဇိုင်းများ မှန်ကန်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည့်မီရေး၊ လက်ရာသေသပ်ခိုင်ခံ့ကောင်းမွန်ရေးတို့ကို အစဉ်တစိုက် ကြပ်မတ်စစ်ဆေးသွားရန် လိုအပ်ပါကြောင်း၊ လမ်းအသုံးပြုသူများ ဘေးကင်းလုံခြုံရေးအတွက် လမ်း အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ မွမ်းမံထိန်းသိမ်းမှုများကို စဉ်ဆက်မပြတ် လုပ်ငန်းဇယားဖြင့် အကောင်အထည်ဖော်သွားရန် လိုအပ်ပါကြောင်းဖြင့် မှာကြားသည်။ 

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် ဘောနတ်ကြီး ရှင်းလင်းဆောင်မှ ပြန်လည်ထွက်ခွာကြပြီး မိုင်တိုင်အမှတ်(၄၆/၂)၊ (၅၁/၂)၊ (၆၆/ဝ)၊ (၇၉/၅) တို့အနီးရှိ တံတားများအား ရှစ်လမ်းသွားတံတားများအဖြစ် တိုးချဲ့ဆောင်ရွက်နေမှု၊ လိုအပ်သည့်နေရာများတွင် ကွန်ကရစ်လမ်းသား ခင်းထားမှုနှင့် လမ်းဘေးတစ်လျှောက် အရိပ်ရလေကာပင်စိုက်ပျိုးဖြစ်ထွန်းမှုများကို မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။ 

ထို့နောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် တံတားဆောက်လုပ်ရေး စီမံကိန်း အထူးအဖွဲ့(၃)က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မိုင်တိုင်အမှတ်(၁၁၂/၇)အနီးရှိ ကျွဲမကူးတံတား တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း၊ မိုင်တိုင်အမှတ်(၁၉၇/၅)အနီးရှိ မီးရထားလမ်းကျော်တံတား တိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ 

The Mirror Daily
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ရန်ကုန်-နေပြည်တော်လမ်းပိုင်းအခြေအနေ၊ လမ်းလယ်ကျွန်း၌ မြေ ယာ ရှုခင်း စိုက်ပျိုးမှု၊ ရေနုတ်မြောင်းစနစ်ပြုပြင်ထည့်သွင်းမှု၊ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် သတိပေး စနစ်များ ထူထောင်ထားရှိမှုအခြေအနေနှင့် တံတားများတိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို လမ်းတစ်လျှောက် ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယသမ္မတသည် မိုင်တိုင် အမှတ်(၃၇/၁)နှင့် (၃၇/၂)ကြားရှိ စစ်ပင်ဆိပ်တံတားအား လေး လမ်း သွား တံတားမှ ရှစ်လမ်းသွားတံတား အဖြစ် ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးရာ ဆောက် လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က ရှင်းလင်းပြသသည်။

ထိုမှတစ်ဆင့် ပြည်သူ့ဆောက်လုပ် ရေးလုပ်ငန်း ဘောနတ်ကြီးရှင်းလင်း ဆောင်သို့ ရောက်ရှိရာ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းအား ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ခဲ့မှုများ၊ လုပ်ငန်းများ စနစ်တကျ အကောင် အထည်ဖော် ဆောင် ရွက်မှုကြောင့် ယာဉ်မတော် တဆဖြစ်မှု လျော့နည်းလာခဲ့မှုများ၊

ယခုနှစ်တွင် အမြန်လမ်းမကြီးတစ်လျှောက်ရှိ တံတား ၂၅ စင်းအား ရှစ်လမ်းသွား တံတားအဖြစ် တိုးချဲ့ဆောင် ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ရန်ကုန်-မန္တလေးအမြန်လမ်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့ အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့် က လမ်းအသုံးပြုသူများ ဘေးကင်း လုံခြုံရေးအတွက် အသိပညာပေးဆောင်ရွက်နေမှု၊ ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်များ လျှော့ချရေး၊ မောင်းနှင်မှု အရည်အသွေးကောင်းမွန်ရေးနှင့် လမ်း၏သက်တမ်းပြည့် အသုံးချနိုင်ရေးတို့အတွက် ဆောင်ရွက်နေမှု၊ လမ်းအသုံးပြုသူများ၏ အကြံပြုချက်များအပေါ်အခြေခံ၍ လမ်းပြုပြင်နေမှု၊ ယာဉ်မတော်တဆမှု ဖြစ်ပွားပါက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသို့ အမြန် ဆက် သွယ်ပေးနိုင်သော Call Center ဖွင့်လှစ်ထားမှု၊ အမြန်လမ်းမကြီး ဝဲ/ယာ တစ်လျှောက်ရှိ ကျေးရွာ များမှ ပြည်သူများ အမြန်လမ်းမကြီးကို အသုံးပြုရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ သိရှိနိုင်ရေး အတွက် ပညာပေးဆောင်ရွက်မှုအခြေအနေများနှင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်း များကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက လမ်းတံတားအင်ဂျင်နီယာများ၏ ကျွမ်းကျင်မှု၊ ပညာရှင်များ၏ အကြံဉာဏ်များ၊ ဆိုင်ရာအဖွဲ့အစည်းများမှ ဘဏ္ဍာငွေဖြည့် ဆည်းမှု၊ နိုင်ငံ တကာ အကူအညီများ ဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ဘေးကင်းလုံခြုံရေးဆောင်ရွက်မှုများ တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း။

ယာဉ်အန္တရာယ် မတော်တဆမှုများ လျော့နည်းကျဆင်းအောင် ဆောင်ရွက် နိုင်သည်ကို တွေ့ရသကဲ့သို့ လမ်းအသုံးပြုသူများ၏ ယုံကြည်ကိုးစားမှုကိုလည်း မြှင့်တင်နိုင်ခဲ့သည်ကို တွေ့ရပါကြောင်း၊ လမ်းဘေးကင်း လုံခြုံမှုလုပ်ငန်းစဉ်တွင် ပြည်သူများ ပူးပေါင်းပါဝင်မှုသည် အရေးကြီးပါကြောင်း၊ ယာဉ်မောင်း၊ ယာဉ် ပိုင်ရှင်နှင့် ခရီး သည် များ၊ လမ်းအသုံးပြုသူများ၏ ဝေဖန်အကြံပြုချက်များကို တလေးတစား လိုက်နာ အကောင် အထည်ဖော်ပေးသွားရန်ဖြစ်ပါကြောင်း။

လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းများတွင် လမ်းတံတားဒီဇိုင်းများ မှန်ကန်ရေး၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည့်မီရေး၊ လက်ရာသေသပ်ခိုင်ခံ့ကောင်းမွန်ရေးတို့ကို အစဉ်တစိုက် ကြပ်မတ်စစ်ဆေးသွားရန် လိုအပ်ပါကြောင်း၊ လမ်းအသုံးပြုသူများ ဘေးကင်းလုံခြုံရေးအတွက် လမ်း အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ မွမ်းမံထိန်းသိမ်းမှုများကို စဉ်ဆက်မပြတ် လုပ်ငန်းဇယားဖြင့် အကောင်အထည်ဖော်သွားရန် လိုအပ်ပါကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် ဘောနတ်ကြီး ရှင်းလင်းဆောင်မှ ပြန်လည်ထွက်ခွာကြပြီး မိုင်တိုင်အမှတ်(၄၆/၂)၊ (၅၁/၂)၊ (၆၆/ဝ)၊ (၇၉/၅) တို့အနီးရှိ တံတားများအား ရှစ်လမ်းသွားတံတားများ အဖြစ် တိုးချဲ့ဆောင်ရွက်နေမှု၊ လိုအပ်သည့်နေရာများတွင် ကွန်ကရစ်လမ်းသား ခင်းထားမှုနှင့် လမ်းဘေး တစ်လျှောက် အရိပ်ရလေကာပင်စိုက်ပျိုးဖြစ်ထွန်းမှုများကို မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှုစစ်ဆေး သည်။

ထို့နောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် တံတားဆောက်လုပ်ရေး စီမံကိန်း အထူးအဖွဲ့(၃)က အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မိုင်တိုင်အမှတ်(၁၁၂/၇)အနီးရှိ ကျွဲမကူးတံတား တိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်း၊ မိုင်တိုင်အမှတ်(၁၉၇/၅)အနီးရှိ မီးရထားလမ်းကျော်တံတား တိုးချဲ့ တည်ဆော က်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

The Mirror Daily

No comments:

Post a Comment