Tuesday 5 August 2014

စင်ကာပူ UOB ဘဏ်က MAPCO ကို ကန်ဒေါ်လာသန်း၅၀ ချေးမည်

မြန်မာ့လယ်ယာစီးပွားအများပိုင်ကော်ပိုရေးရှင်း(MAPCO)ကို လုပ်ငန်းချဲ့ထွင်နိုင်ရေးအတွက်စင်ကာပူအခြေစိုက် UOBဘဏ်က ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း၅၀ချေးမည်ဖြစ်ကြောင်း အဆိုပါအများပိုင်ကုမ္ပဏီ၏အုပ်ချုပ်မှုဒါရိုက်တာဦးရဲမင်း အောင် က ပြောကြားလိုက် သည်။UOBဘဏ်၏တာဝန်ရှိသူများက အထက်ပါကဲ့သို့ ချေးငွေထုတ်ချေးရန်အတွက် နှစ်နိုင်ငံခေါင်းဆောင်များ ရှေ့မှောက်တွင် ကတိပြုပြော ကြားခဲ့ခြင်းဖြစ်ကာ ချေးငွေရရှိမည့်အချိန်ကာလအတိအကျအတွက် ဆွေးနွေးမှု များဆက်လက်ဆောင်ရွက်ရဦးမည်ဟု ၎င်းက ဩဂုတ်(၁) ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်၌ကျင်းပသည့် MAPCO၏ပထမအကြိမ်ကျင်းပသော နှစ်ပတ်လည်ညီလာခံ တွင်ပြောကြားခဲ့ သည်။"ချေးငွေအတွက်က တစ်နှစ်ကိုအတိုးနှုန်း ၄ဒသမ၅ရာခိုင်နှုန်းဖြစ်ပါတယ်။ အရင်ချေးငွေလိုပဲကာလလတ် ဖြစ်ဖို့များပါတယ်" ဟု ဦးရဲမင်းအောင်က မြန်မာတိုင်းမ်၏ သီးသန့်မေးမြန်းချက်ကိုပြန်လည်ဖြေကြားခဲ့သည်။
UOBဘဏ်သည် ၂၀၁၂ခုနှစ်တွင်လည်း MAPCOကို အမေရိကန်ဒေါ်လာ သန်း၂၀၀အား ၈နှစ်သက်တမ်း ရှိ ကာလလတ်ချေးငွေတစ်ရပ်အဖြစ် ထုတ်ချေးထားခဲ့ပြီးဖြစ်သည်။MAPCOသည် စိုက်ပျိုးရေးထုတ်ကုန်များကိုဗဟိုပြုသောလုပ်ငန်းများကို လုပ်ကိုင်သည့် ကုမ္ပဏီဖြစ်ပြီး ကနဦးကတည်းကအများပိုင်ကုမ္ပဏီအဖြစ်တည်ထောင်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်တွင် ၂၀၁၅ခုနှစ်တွင်စတင် မည်ဆိုသော ရန်ကုန်စတော့ အိပ်ချိန်းဈေးကွက်သို့ဝင်ရောက်နိုင်ရေးအတွက်ပြင်ဆင်မှုများဆောင်ရွက်ရန်ဂျပန်အခြေစိုက်ဒိုင်ဝါကုမ္ပဏီ၊ မြန်မာစီကျူရတီအိမ်းချိန်းကုမ္ပဏီ
(MSEC) တို့နှင့် ပြီးခဲ့လပိုင်းက တရားဝင် သဘောတူလက်မှတ်ရေးထိုးခဲ့ကာ စတော့အိပ်ချိန်းသို့ဝင်ရောက်ရန်အလားအလာ အကောင်း ဆုံးသော အများပိုင်ကုမ္ပဏီများအနက်မှ တစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ထားရသော ကုမ္ပဏီဖြစ်သည်။
လက်ရှိအချိန်တွင် MAPCOလက်အောက်၌ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး၊ဆက်သွယ်ညှိနှိုင်းရေးနှင့် ဘဏ္ဍာရေးကိစ္စများကိုဆောင် ရွက်နေသော စင်ကာပူနိုင်ငံအခြေစိုက်အဖြစ်ထူထောင်ထားသည့် MAPCO Oversea Pte Ltdိအပါအ၀င် ကုမ္ပဏီခြောက်ခု အထိရှိပြီဖြစ်သည်။MAPCOသည် ဂျပန်ထိပ်သီးစီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်သည့် မစ်ဆူရီကုမ္ပဏီနှင့်ပူးပေါင်းကာလယ်ယာ ထွက်ကုန် အခြေပြုစီးပွားရေးလုပ်ငန်းများကိုပါ မြန်မာနိုင်ငံတွင်တည်ထောင်လျှက်ရှိပြီးသီးလ၀ါဆိပ်ကမ်း နှင့်တွံ့တေးတို့တွင်လည်း လယ်ယာထွက် ကုန်အထူးပြုဆိပ်ကမ်းများကိုတည်ဆောက်လျှက်ရှိသည်။"မတည်ရင်းနှီးငွေတွေကို ချဲ့ထွင်မှာဆိုပေမဲ့ Debt to Equity Ratio(မတည်ရင်းနှီးငွေအနက်ချေးငွေအကြွေးနှင့် အမှန်တကယ်စိုက်ထည့်ရင်းနှီးငွေအချိုးစား)ကိုတော့ ၅၀း၅၀ အချိုးပဲဖြစ်အောင် ထိန်းသိမ်း သွားမှာပါ"ဟု ဦးရဲမင်းအောင်က ပြောသည်။
mmtimes

No comments:

Post a Comment