Wednesday 6 August 2014

အာဖဂန်မှာ အမေရိကန်ဗိုလ်ချုပ် ပစ်သတ်ခံရ

Photo: အာဖဂန်မှာ အမေရိကန်ဗိုလ်ချုပ် ပစ်သတ်ခံရ
Wednesday, August 6, 2014

အာဖဂန်နိုင်ငံ Kabul မြို့တော်မှာ အင်္ဂါနေ့က အာဖဂန်စစ်တပ် ယူနီဖောင်းဝတ်သူတယောက်ရဲ့ ပစ်ခတ်မှုကြောင့် အမေရိကန် ဗိုလ်ချုပ်တယောက် သေဆုံးခဲ့ပြီး အမေရိကန်တွေ အပါအဝင် နိုင်ငံတကာတပ်သား ၁၅ ယောက်လောက် ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသွားသူဟာ အမေရိကန် ကြည်းတပ်မှာ ၃၄ နှစ်ကြာ တာဝန်ထမ်းခဲ့သူ ဝါရင့်ဗိုလ်ချုပ် Harold GREENE ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

အာဖဂန်စစ်ပွဲ ၂၀၀၁ ခုနှစ်မှာ စတင်ခဲ့ကတည်းက သေဆုံးခဲ့တဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေထဲမှာ သူဟာ အဆင့်အမြင့်ဆုံး ဖြစ်ပါတယ်။ ဗိုလ်ချုပ် Greene အပြင် ဂျာမနီဗိုလ်ချုပ်တယောက် အပါအဝင် တခြားတပ်ဖွဲ့ဝင်တွေ Kabul မြို့တော်က MARSHAL Fahim ကာကွယ်ရေးတက္ကသိုလ်ကို ပုံမှန်သွားရောက်စဉ်မှာ အပစ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သေနတ်သမားဟာ အာဖဂန် စစ်တပ်ယူနီဖောင်း ဝတ်ထားတဲ့ အကြမ်းဖက်သမားတယောက် ဖြစ်တယ်လို့ အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြပြောဆိုခဲ့ပါတယ်။

သေနတ်သမားလည်း သေဆုံးခဲ့ပါတယ်။ အမေရိကန်နဲ့ နိုင်ငံတကာ ပူးပေါင်းတပ်ဖွဲ့တွေအပေါ် အာဖဂန်စစ်သားတွေက ပြန်လည် ပစ်ခတ်တိုက်ခိုက်တဲ့အတွင်းက တိုက်ခိုက်မှုမျိုး ဖြစ်တယ်လို့ အမေရိကန်နဲ့ အာဖဂန်တာဝန်ရှိသူတွေက ယုံကြည်ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အာဖဂန်နိုင်ငံ Kabul မြို့တော်မှာ အင်္ဂါနေ့က အာဖဂန်စစ်တပ် ယူနီဖောင်းဝတ်သူတယောက်ရဲ့ ပစ်ခတ်မှုကြောင့် အမေရိကန် ဗိုလ်ချုပ်တယောက် သေဆုံးခဲ့ပြီး အမေရိကန်တွေ အပါအဝင် နိုင်ငံတကာ တပ်သား ၁၅ ယောက်လောက် ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသွားသူဟာ အမေရိကန် ကြည်းတပ်မှာ ၃၄ နှစ်ကြာ တာဝန်ထမ်းခဲ့သူ ဝါရင့်ဗိုလ်ချုပ် Harold GREENE ဖြစ်တယ်လို့ အမေရိကန် တာဝန် ရှိသူတွေက ပြောပါတယ်။
အာဖဂန်စစ်ပွဲ ၂၀၀၁ ခုနှစ်မှာ စတင်ခဲ့ကတည်းက သေဆုံးခဲ့တဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေထဲမှာ သူဟာ အဆင့်အမြင့်ဆုံး ဖြစ်ပါတယ်။ ဗိုလ်ချုပ် Greene အပြင် ဂျာမနီဗိုလ်ချုပ်တယောက် အပါအဝင် တခြား တပ်ဖွဲ့ဝင်တွေ Kabul မြို့တော်က MARSHAL Fahim ကာကွယ်ရေးတက္ကသိုလ်ကို ပုံမှန်သွားရောက်စဉ်မှာ အပစ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သေနတ်သမားဟာ အာဖဂန် စစ်တပ်ယူနီဖောင်း ဝတ်ထားတဲ့ အကြမ်းဖက် သမားတယောက် ဖြစ်တယ်လို့ အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြပြောဆိုခဲ့ပါတယ်။

သေနတ်သမားလည်း သေဆုံးခဲ့ပါတယ်။ အမေရိကန်နဲ့ နိုင်ငံတကာ ပူးပေါင်းတပ်ဖွဲ့တွေအပေါ် အာဖဂန် စစ်သားတွေက ပြန်လည် ပစ်ခတ်တိုက်ခိုက်တဲ့အတွင်းက တိုက်ခိုက်မှုမျိုး ဖြစ်တယ်လို့ အမေရိကန်နဲ့ အာဖဂန် တာဝန်ရှိသူတွေက ယုံကြည်ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

No comments:

Post a Comment