Wednesday 6 August 2014

ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော် တောင်တက်လမ်း တလျှောက်မြေပြိုမှု ဖြစ်ပွား တစ်ဦးသေဆုံး

Photo: ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော် တောင်တက်လမ်း တလျှောက်မြေပြိုမှု
ဖြစ်ပွား တစ်ဦးသေဆုံး
Wednesday, August 6, 2014

ကျိုက်ထိုမြို့နယ်၌ လွန်ခဲ့သည့်ရက်သတ္တပတ်ခန့်ကစပြီး မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့နယ် အတွင်းရှိ ကျေးရွာ အုပ်စု များတွင် တောင်ကျရေများပြီး ရေကြီးမှုများရှိခဲ့ သော်လည်း လူနှင့်တိရိစ္ဆာန် ပျက်စီး ဆုံးရှုံးမှု မရှိခဲ့ချေ။ သြဂုတ်လ ၅ ရက်၊ နံနက်၈နာရီခွဲခန့်တွင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် တောင်တက်လမ်းတလျှောက် မြေပြိုမှု များဖြစ်ပေါ်ခဲ့သည်။

အဆိုပါမြေပြိုမှုကြောင့် ကျိုက်ထီးရိုး တောင်တက်ကားလမ်းရှိ စခန်းများဖြစ်သော ဒူးရင်းမြောင်၊ ပိန္နဲပင်ကွေ့၊ ၁၀ မိနစ် စခန်းအပေါ်အောက်၊ ရှမ်းအိပ်တောင်၊ စခန်းလေးနှင့် ရသေ့တောင် လူသွား လမ်းများပေါ်သို့ တောင်ကမ်းပါး ယံများ ပြိုကျမှု ဖြစ်ပွားကာ ရသေ့တောင်လူသွားလမ်းသစ်ရှိ လူနေတဲ ၃ လုံး ပျက်စီးဆုံးရှုံးမှုရှိခဲ့ရာ လူနေတဲ၁လုံးပေါ်၌ အဝတ်လျှော်နေသူ မကြူကြူသင်း ၂၂ နှစ် (ဘ) ဦးအောင်ဆန်းဦး မှာပြိုကျသည့်မြေကြီးနှင့်အတူ ပါသွားခဲ့၍ မွန်ပြည်နယ်လွတ်တော် ဒုတိယဥက္ကဌ ဦးဌေးလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်၊ အမှတ် ၄၄ ခြေမြန်တပ်မနှင့် ခြေလျင်တပ်ရင်းမှ အရာရှိ အရာခံနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်၊ ကျိုက်ထီးရိုးစေတီ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ရင်ပြင်တော် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပျောက်ဆုံး အလောင်းအားရှာဖွေခြင်း ကားလမ်း တလျှောက် ပိတ်ဆို့နေသော ကျောက်တုံး ကျောက်ခဲများနှင့် မြေသားများကို ရှင်းလင်းပေးလျက်ရှိ ကြောင်းသိရှိရသည်။

MOI Webportal Myanmar
ကျိုက်ထိုမြို့နယ်၌ လွန်ခဲ့သည့်ရက်သတ္တပတ်ခန့်ကစပြီး မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်း မှုကြောင့် မြို့ နယ် အတွင်းရှိ ကျေးရွာ အုပ်စု များတွင် တောင်ကျရေများပြီး ရေကြီးမှုများရှိခဲ့ သော်လည်း လူနှင့်တိရိစ္ဆာန် ပျက်စီး ဆုံးရှုံးမှု မရှိခဲ့ချေ။ သြဂုတ်လ ၅ ရက်၊ နံနက်၈နာရီခွဲခန့်တွင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် တောင်တက်လမ်းတလျှောက် မြေပြိုမှု များဖြစ်ပေါ်ခဲ့သည်။
အဆိုပါမြေပြိုမှုကြောင့် ကျိုက်ထီးရိုး တောင်တက်ကားလမ်းရှိ စခန်းများဖြစ်သော ဒူးရင်းမြောင်၊ ပိန္နဲပင်ကွေ့၊ ၁၀ မိနစ် စခန်းအပေါ်အောက်၊ ရှမ်းအိပ်တောင်၊ စခန်းလေးနှင့် ရသေ့တောင် လူသွား လမ်း များပေါ်သို့ တောင်ကမ်းပါး ယံများ ပြိုကျမှု ဖြစ်ပွားကာ ရသေ့တောင်လူသွားလမ်းသစ်ရှိ လူနေတဲ ၃ လုံး ပျက်စီးဆုံးရှုံးမှုရှိခဲ့ရာ လူနေတဲ၁လုံးပေါ်၌ အဝတ်လျှော်နေသူ မကြူကြူသင်း ၂၂ နှစ် (ဘ) ဦးအောင်ဆန်းဦး မှာပြိုကျ သည့်မြေကြီးနှင့် အတူ ပါသွားခဲ့၍ မွန်ပြည်နယ်လွတ်တော် ဒုတိယဥက္ကဌ ဦးဌေးလွင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်၊ အမှတ် ၄၄ ခြေမြန်တပ်မနှင့် ခြေလျင်တပ်ရင်းမှ အရာရှိ အရာခံနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်၊ ကျိုက်ထီးရိုးစေတီ ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ဝင်များ၊ ရင်ပြင်တော် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပျောက်ဆုံး အလောင်းအားရှာဖွေခြင်း ကားလမ်း တလျှောက် ပိတ်ဆို့နေသော ကျောက်တုံး ကျောက်ခဲများနှင့် မြေသားများကို ရှင်းလင်းပေးလျက်ရှိ ကြောင်းသိရှိရသည်။

MOI Webportal Myanmar

No comments:

Post a Comment