Wednesday 6 August 2014

လေဆင်နှာမောင်း တိုက်ခတ် မှုကြောင့် လူနေ အိမ်နှင့် သစ်ပင်များ ပြိုလဲမှု များအား တပ်မတော် သားများမှ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး

Photo: လေဆင်နှာမောင်း တိုက်ခတ် မှုကြောင့် လူနေ အိမ်နှင့် သစ်ပင်များ ပြိုလဲမှု များအား တပ်မတော် သားများမှ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး
Wednesday, August 6, 2014

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဘိုရားကြီးကျေးရွာတွင် သြဂုတ် ၃ ရက် မွန်းလွဲ ၁၂ နာရီခွဲမှ ၁၂ နာရီ မိနစ် ၅ဝ ထိ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ကျေးရွာ အဝင် ချောင်းကမ်းနားရှိ လူနေ တဲအိမ် ၃၂ လုံး ပြိုကျ ပျက်စီးခြင်း၊ လူနေ ပျဉ်ထောင်အိမ် ခြောက်လုံး၊ သွပ်အမိုးလန် ပျက်စီးခြင်း၊ ဘိုရားကြီး ဘူတာမှ ကျိုက်ထို ဘူတာအထွက် ရထားလမ်း မိုင်တိုင်အမှတ် ၉၄/၁၉ နှင့် ၂ဝ ကြား ရထားသံလမ်း ဘေးရှိ လုံးပတ် ၁ဝ ပေ၊ အရှည် ပေ ၂ဝ ခန့်ရှိ ညောင်ပင်မှာ ရထား သံလမ်းပေါ်သို့ ကန့်လန့်ဖြတ် လဲကျခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း ပိတ်သွားသဖြင့် အမှတ် (၈၉) အဆန် ရန်ကုန်-မော်လမြိုင် ရထားမှာ ဘိုရားကြီး ဘူတာ၌ လည်းကောင်း၊ အမှတ် (၉ဝ) အစုန် မော်လမြိုင်-ရန်ကုန် ရထားမှာ ကျိုက်ထို ဘူတာ၌ လည်းကောင်း ခေတ္တ ရပ်နားခဲ့ရသည်။

အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်းနှင့် ၎င်းနေရာအား တပ်မတော် သားများနှင့် ကျိုက်ထိုမြို့ ဌာနဆိုင်ရာ အဖွဲ့ဝင်များက သွားရောက်၍ နေအိမ် ပြိုကျပျက်စီး ခဲ့သည့် အိမ်ထောင်စု ၃၈ စုအား နီးစပ်ရာ ဆွေမျိုးအိမ်များ၊ ကျေးရွာ ဘုန်းကြီးကျောင်းနှင့် ကျေးရွာ ဓမ္မာရုံသို့ ရွှေ့ပြောင်းပေးခြင်း၊ အပျက်အစီးများအား ရှင်းလင်းခြင်း၊ ရထားသံလမ်းပေါ်သို့ လဲကျလျက်ရှိသည့် ညောင်ပင်အား ဖယ်ရှားရှင်းလင်းခြင်း စသည့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည်။

ညနေ ၄ နာရီ မိနစ် ၅ဝ တွင် သံလမ်းပေါ်သို့ လဲကျနေသော ညောင်ပင်အား ဖယ်ရှား ရှင်းလင်းနိုင်ခဲ့သဖြင့် ဘိုရားကြီး ဘူတာတွင် ခေတ္တ ရပ်နားလျက်ရှိသော အမှတ် (၈၉) အဆန် ရန်ကုန်-မော်လမြိုင် ရထားမှာ ညနေ ၅ နာရီတွင် မော်လမြိုင်မြို့သို့ လည်းကောင်း၊ ကျိုက်ထိုဘူတာတွင် ခေတ္တ ရပ်ထားလျက်ရှိသော အမှတ် (၉ဝ) အစုန် မော်လမြိုင်-ရန်ကုန် ရထားမှာ ညနေ ၅ နာရီခွဲတွင် ရန်ကုန်မြို့သို့ လည်းကောင်း အသီးသီး ဆက်လက် ထွက်ခွာ သွားခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဘိုရားကြီးကျေးရွာတွင် သြဂုတ် ၃ ရက် မွန်းလွဲ ၁၂ နာရီခွဲမှ ၁၂ နာရီ မိနစ် ၅ဝ ထိ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ကျေးရွာ အဝင် ချောင်းကမ်းနားရှိ လူနေ တဲအိမ် ၃၂ လုံး ပြိုကျ ပျက်စီးခြင်း၊ လူနေ ပျဉ်ထောင်အိမ် ခြောက်လုံး၊ သွပ်အမိုးလန် ပျက်စီးခြင်း၊ ဘိုရားကြီး ဘူတာမှ ကျိုက်ထို ဘူတာအထွက် ရထားလမ်း မိုင်တိုင်အမှတ် ၉၄/၁၉ နှင့် ၂ဝ ကြား ရထားသံလမ်း ဘေးရှိ လုံးပတ် ၁ဝ ပေ၊ အရှည် ပေ ၂ဝ ခန့်ရှိ ညောင်ပင်မှာ ရထား သံလမ်းပေါ်သို့ ကန့်လန့်ဖြတ် လဲကျခြင်း များ ဖြစ်ပေါ် ခဲ့ပြီး ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း ပိတ်သွားသဖြင့် အမှတ် (၈၉) အဆန် ရန်ကုန်-မော်လမြိုင် ရထားမှာ ဘိုရားကြီး ဘူတာ၌ လည်းကောင်း၊ အမှတ် (၉ဝ) အစုန် မော်လမြိုင်-ရန်ကုန် ရထားမှာ ကျိုက်ထို ဘူတာ၌ လည်းကောင်း ခေတ္တ ရပ်နားခဲ့ရသည်။
အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်းနှင့် ၎င်းနေရာအား တပ်မတော် သားများနှင့် ကျိုက်ထိုမြို့ ဌာနဆိုင်ရာ အဖွဲ့ဝင်များက သွားရောက်၍ နေအိမ် ပြိုကျပျက်စီး ခဲ့သည့် အိမ်ထောင်စု ၃၈ စုအား နီးစပ်ရာ ဆွေမျိုးအိမ်များ၊ ကျေးရွာ ဘုန်းကြီးကျောင်းနှင့် ကျေးရွာ ဓမ္မာရုံသို့ ရွှေ့ပြောင်းပေးခြင်း၊ အပျက်အစီးများအား ရှင်းလင်းခြင်း၊ ရထားသံလမ်းပေါ်သို့ လဲကျလျက်ရှိ သည့် ညောင်ပင် အား ဖယ်ရှားရှင်းလင်းခြင်း စသည့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည်။

ညနေ ၄ နာရီ မိနစ် ၅ဝ တွင် သံလမ်းပေါ်သို့ လဲကျနေသော ညောင်ပင်အား ဖယ်ရှား ရှင်းလင်းနိုင်ခဲ့သဖြင့် ဘိုရားကြီး ဘူတာတွင် ခေတ္တ ရပ်နားလျက်ရှိသော အမှတ် (၈၉) အဆန် ရန်ကုန်-မော်လမြိုင် ရထားမှာ ညနေ ၅ နာရီတွင် မော်လမြိုင်မြို့သို့ လည်းကောင်း၊ ကျိုက်ထိုဘူတာတွင် ခေတ္တ ရပ်ထားလျက်ရှိသော အမှတ် (၉ဝ) အစုန် မော်လမြိုင်-ရန်ကုန် ရထားမှာ ညနေ ၅ နာရီခွဲတွင် ရန်ကုန်မြို့သို့ လည်းကောင်း အသီးသီး ဆက်လက် ထွက်ခွာ သွားခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment