Wednesday 6 August 2014

ပျောက်ဆုံးနေသည့် မလေးရှား ခရီးသည်တင်လေယာဉ် MH 370 အား ဒတ်ခ်ျကုမ္ပဏီတစ်ခု ရှာဖွေမည်

Photo: ပျောက်ဆုံးနေသည့် မလေးရှား ခရီးသည်တင်လေယာဉ် MH 370 အား ဒတ်ခ်ျကုမ္ပဏီတစ်ခု ရှာဖွေမည် 
Wednesday, August 6, 2014

မတ် ၈ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ခရီးသည် ၂၃၉ ဦးတင်ဆောင်ကာ ပျံသန်းလာစဉ် ပျောက်ဆုံးသွားသည့် မလေးရှားခရီးသည်တင် MH 370 လေယာဉ်အား ဒတ်ချကုမ္ပဏီတစ်ခုက ရှာဖွေ သွားမည်ဖြစ်ကြောင်း သြစတြေးလျ အစိုးရက ထုတ်ပြန်ကြေညာထားသည်။

Fugro Survey ကုမ္ပဏီအနေဖြင့် ယင်းလေယာဉ်အား အိန္ဒိယသမုဒ္ဒရာအတွင်း ရေယာဉ်နှစ်စင်းကို အသုံးပြုကာ ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။

MH370 လေယာဉ်၏ အပျက်အစီးအစအနများကို ရှာဖွေရန် ယင်းသင်္ဘောနှစ်စင်းတွင် ပဲ့တင်သံဖမ်း ကိရိယာများနှင့် ဗီဒီယိုကင်မရာများကို အသုံးပြုသွား မည်ဖြစ်သည်။

ဒတ်ခ်ျကုမ္ပဏီအနေဖြင့် လေယာဉ်ရှာဖွေရေးကို စက်တင်ဘာလတွင် စတင်မည်ဖြစ်ပြီး တစ်နှစ်အထိ ကြာမြင့်နိုင်ကြောင်း သိရသည်။

ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များအရ အဆိုပါ လေယာဉ်သည် သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့အနောက်ဘက် ပင်လယ်ရေပြင်တွင် ပျောက်ဆုံးသွားသည်ဟု သတ်မှတ်ထားသည်။

လေယာဉ်သည် မည်ကဲ့သို့ ပျောက်ဆုံးသွားသည်ကို ယခုအချိန်ထိ အဖြေမရှာနိုင်သေးဘဲ ပျံသန်းမှု မှတ်တမ်းကိရိယာကို တွေ့ရှိမှသာ အကြောင်းရင်းကို သိရှိနိုင်မည်ဖြစ်သည်။

ယင်းလေယာဉ်အား ရှာဖွေမည့် ရေယာဉ်နှစ်စင်းအနက် Fugro Discovery သည် ယခုအခါ ဗြိတိန်နိုင်ငံမှ သြစတြေးလျသို့ စတင်ထွက်ခွာနေပြီဖြစ်ကြောင်း သိရသည်။ အခြားတစ်စင်းဖြစ်သည့် Fugro Equator သည် ရှာဖွေမည့်နေရာ၏ ပင်လယ်ကြမ်းပြင်အခြေအနေကို လေ့လာမှုများ ပြုလုပ်လျက်ရှိသည်။

လေယာဉ်ရှာဖွေရေးအတွက် Fugro ကုမ္ပဏီအား ရွေးချယ်ရခြင်းမှာ ယင်းကုမ္ပဏီအနေဖြင့် ကောင်းမွန် သည့်နည်းပညာကို အသုံးပြုပြီး ထိုက်တန်သော ကုန်ကျစရိတ်ဖြင့် လုပ်ဆောင်ရန် ကမ်းလှမ်းလာခြင်း ကြောင့်ဖြစ်ကြောင်း သြစတြေးလျ ဒုတိယ၀န်ကြီးချုပ် ၀ါရင်ထရက်စ်က ပြောကြားသည်။

မလေးရှားနိုင်ငံကလည်း အသံလှိုင်းသုံးကိရိယာများ တပ်ဆင်ထားသည့် ရေယာဉ်နှစ်စင်းအပါအ၀င် ရေယာဉ်လေးစင်းဖြင့် ရှာဖွေရေးတွင် ပါဝင်သွားမည်ဖြစ်ပြီး တရုတ်ရေယာဉ်တစ်စင်းကလည်း အိန္ဒိယသမုဒ္ဒရာရေပြင်တွင် လေ့လာမှုများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Mizzima - News in Burmese
မတ် ၈ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ခရီးသည် ၂၃၉ ဦးတင်ဆောင် ကာ ပျံသန်းလာစဉ် ပျောက်ဆုံးသွားသည့် မလေးရှားခရီးသည်တင် MH 370 လေယာဉ်အား ဒတ်ချကုမ္ပဏီ တစ်ခုက ရှာဖွေ သွားမည်ဖြစ်ကြောင်း သြစတြေးလျ အစိုးရက ထုတ်ပြန်ကြေညာထားသည်။
Fugro Survey ကုမ္ပဏီအနေဖြင့် ယင်းလေယာဉ်အား အိန္ဒိယသမုဒ္ဒရာအတွင်း ရေယာဉ်နှစ်စင်းကို အသုံးပြု ကာ ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။

MH370 လေယာဉ်၏ အပျက်အစီးအစအနများကို ရှာဖွေရန် ယင်းသင်္ဘောနှစ်စင်းတွင် ပဲ့တင်သံဖမ်း ကိရိယာများနှင့် ဗီဒီယိုကင်မရာများကို အသုံးပြုသွား မည်ဖြစ်သည်။

ဒတ်ခ်ျကုမ္ပဏီအနေဖြင့် လေယာဉ်ရှာဖွေရေးကို စက်တင်ဘာလတွင် စတင်မည်ဖြစ်ပြီး တစ်နှစ်အထိ ကြာမြင့်နိုင်ကြောင်း သိရသည်။

ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များအရ အဆိုပါ လေယာဉ်သည် သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့အနောက် ဘက် ပင်လယ်ရေပြင်တွင် ပျောက်ဆုံးသွားသည်ဟု သတ်မှတ်ထားသည်။

လေယာဉ်သည် မည်ကဲ့သို့ ပျောက်ဆုံးသွားသည်ကို ယခုအချိန်ထိ အဖြေမရှာနိုင်သေးဘဲ ပျံသန်းမှု မှတ် တမ်း ကိရိယာကို တွေ့ရှိမှသာ အကြောင်းရင်းကို သိရှိနိုင်မည်ဖြစ်သည်။

ယင်းလေယာဉ်အား ရှာဖွေမည့် ရေယာဉ်နှစ်စင်းအနက် Fugro Discovery သည် ယခုအခါ ဗြိတိန်နိုင်ငံမှ သြစတြေးလျသို့ စတင်ထွက်ခွာနေပြီဖြစ်ကြောင်း သိရသည်။ အခြားတစ်စင်းဖြစ်သည့် Fugro Equator သည် ရှာဖွေမည့်နေရာ၏ ပင်လယ်ကြမ်းပြင်အခြေအနေကို လေ့လာမှုများ ပြုလုပ်လျက်ရှိသည်။

လေယာဉ်ရှာဖွေရေးအတွက် Fugro ကုမ္ပဏီအား ရွေးချယ်ရခြင်းမှာ ယင်းကုမ္ပဏီအနေဖြင့် ကောင်းမွန် သည့် နည်းပညာကို အသုံးပြုပြီး ထိုက်တန်သော ကုန်ကျစရိတ်ဖြင့် လုပ်ဆောင်ရန် ကမ်းလှမ်း လာခြင်း ကြောင့်ဖြစ်ကြောင်း သြစတြေးလျ ဒုတိယ၀န်ကြီးချုပ် ၀ါရင်ထရက်စ်က ပြောကြားသည်။

မလေးရှားနိုင်ငံကလည်း အသံလှိုင်းသုံးကိရိယာများ တပ်ဆင်ထားသည့် ရေယာဉ်နှစ်စင်းအပါ အ၀င် ရေ ယာဉ်လေးစင်းဖြင့် ရှာဖွေရေးတွင် ပါဝင်သွားမည်ဖြစ်ပြီး တရုတ်ရေယာဉ်တစ်စင်းကလည်း အိန္ဒိယ သမုဒ္ဒရာရေပြင် တွင် လေ့လာမှုများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Mizzima - News in Burmese

No comments:

Post a Comment