Wednesday 6 August 2014

ဘူးသီးတောင်တွင် ကျောင်းဆရာမတစ်ဦး မုဒိမ်းကျင့်ခံရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် လိပ်ရကျေးရွာတွင် နေထိုင်သည့် ခမီတိုင်းရင်းသူအသက် ၂၀ အရွယ် ကျောင်းဆရာမတစ်ဦး မုဒိမ်းကျင့်ခံခဲ့ရကြောင်း မောင်တောင်ခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးတစ်ဦး က ပြောကြားသည်။
ခမီနှင့်ရခိုင် စသည့်တိုင်းရင်းသားများ နေထိုင်သော သဘုန်းကျေးရွာတွင် စာသင်ကြားပေးနေသည့် အဆိုပါ ဆရာမသည် လိပ်ရကျေးရွာသို့ အပြန်လမ်းတွင် သြဂုတ်လ ၁ ရက်နေ့က သဘုန်း ဘင်္ဂါလီကျေးရွာမှ အဘူဒုယုတ် ဆိုသည့် ဘင်္ဂါလီ အမျိုးသားက မုဒိမ်းကျင့်ခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါရဲမှူးက ဆိုသည်။

သဘုန်းကျေးရွာနှင့် လိပ်ရကျေးရွာသည် သုံးမိုင်ခန့်ဝေးပြီး မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးသည် အသက် ၉ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးနှင့်အတူ လိပ်ရကျေးရွာသို့ ပြန်လာစဉ်လမ်းတွင် ယင်းမုဒိမ်းကျင့် သည်ဟု တိုင်ကြားခံရသူနှင့် တွေ့ကြောင်း၊ အဆိုပါအမျိုးသား ဓားဖြင့်ခြိမ်းခြောက်ရာ အသက် ၉ နှစ်အရွယ် မိန်းကလေးမှာ လွတ်မြောက်သွားကြောင်း ဘူးသီးတောင်မြို့နယ် ရခိုင်အမျိုးသားပါတီဝင်တစ်ဦး က ပြော ကြားသည်။

မုဒိမ်းကျင့်သည်ဟု တိုင်ကြားခံရသူကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပြီး အမှုဖွင့်ကာ စစ်ဆေး အရေး ယူ ဆောင်ရွက်နေကြောင်း ဒုတိယရဲမှူးက ဆိုသည်။

တိုင်ကြားသူ အမျိုးသမီးကို သြဂုတ်လ ၃ ရက်နေ့တွင် ဆေးစစ်ဆေးမှု ပြုလုပ်ရာ မုဒိမ်းကျင့်ခံ ထားရသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ဘူးသီးတောင်မြို့နယ် မြို့နယ်ဆရာဝန် ဒေါက်တာသန်းထွန်းကျော် က ပြောဆို သည်။ အဆိုပါဆရာမကို သဘုန်းကျေးရွာတွင် စာသင်ကြားပေးရန် ငှားရမ်းထားခြင်း (ဒေသအခေါ် စပါးတောင်း ကျောင်းဆရာမ) ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment