Wednesday 6 August 2014

ငလျင်ကြောင့် တိမ်းစောင်းသွားသည့် တိုက်သစ်နှစ်လုံး စည်ပင် စစ်ဆေး

သြဂုတ်လ ၄ ရက်က ရန်ကုန်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့ နယ် စံပြဈေးအနီး စံပြ ၅ လမ်း အတွင်းရှိ တိုက်သစ်နှစ်လုံး တိမ်း စောင်းသွားမှုကို စည်ပင်က စစ် ဆေးနေပြီဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာနှင့် အ ဆောက်အအုံဌာန ဌာနမှူး ဦးသန်းဌေး က ပြောသည်။
‘‘ငလျင်လှုပ်တဲ့ အချိန်မှာ တိမ်းစောင်းသွားတယ်။ ဒီအတိုင်းထားရင် ကောင်းမလား၊ နည်း ပညာတွေ သုံးပြီး ပြန်လည်တည်ဆောက်မလား ဒါကို သေချာ စစ်ဆေးနေပါပြီ။ ရလဒ်ကို ဒီတစ်ရက်၊ နှစ်ရက်အတွင်း ကျွန် တော်တို့ ထုတ်ပြန်ပေးပါ့မယ်’’ဟု ဦးသန်းဌေးက ပြောသည်။

သြဂုတ်လ ၄ ရက်က ရန် ကုန်တွင် လှုပ်ခတ်ခဲ့သော အင် အား ရစ်ခ်ျတာစကေး ၄ ရှိ ငလျင် ကြောင့် အဆိုပါ တိုက်သစ်နှစ်လုံးမှာ တိမ်းစောင်းသွားခဲ့သည်ဟု ရပ်ကွက်နေပြည်သူများကပြောသည်။

‘‘ငလျင်လှုပ်ပြီးတော့ တိုက် က စောင်းနေတယ်ဆိုပြီး အောက် ကနေအော်လို့ အစ်မတို့မိသားစု ဆင်းပြေး လိုက်ရတယ်’’ ဟု အဆို ပါတိုက်တွင်နေထိုင်သူ အမျိုးသ မီးတစ်ဦးက ပြောသည်။

အဆိုပါတိုက်မှာ သက်တမ်း အားဖြင့် တစ်နှစ်ကျော်ကျော်သာ ရှိသေးပြီး လူနေထိုင်ခွင့်ပါမစ် ရရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီသို့ တင်ပြ ထားသည်ဟု ဆိုသည်။

အဆိုပါ တိုက်သစ်နှစ်လုံး ကို သံလွင်ဆောက်လုပ်ရေးက တာဝန်ယူတည်ဆောက်ခြင်းဖြစ် ပြီး ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်း ရာတွင် လတ်တလော တာဝန်ယူ ဖြေကြားပေးမည့်သူ မရှိကြောင်း ပြန် လည်ပြော ဆိုသည်။

ပြီးခဲ့သည့်နှစ်များက ကြည့် မြင်တိုင်နှင့် စမ်းချောင်းမြို့နယ်တို့ ရှိ သက်တမ်းနုသေးသည့် အထပ် မြင့် ကန် ထရိုက် တိုက်နှစ်လုံး၏ နောက်ခြမ်းနှင့် ဘေးခြမ်းတွင် ကွဲ အက်မှုများ ရှိခဲ့သဖြင့် ပြန်လည် ပြင်ဆင်ခဲ့ရပြီး တည်ဆောက်ခဲ့သည့် ကန်ထရိုက်အား စည်ပင်သာယာရေးကော်မတီက လိုင်စင်ပိတ်သိမ်းခဲ့သည်။ ယခုတိုက်နှစ်လုံး ကိစ္စနှင့်ပတ်သက်၍လည်း သေချာစစ်ဆေးမှု မပြုလုပ်ရသေး၍ ကန်ထရိုက်ကို မည်သို့အရေးယူမည်ကို မသိရသေးပေ။

7Day DAILY

No comments:

Post a Comment