Thursday 26 June 2014

ဗိုလ်ကြီးအဆင့်စစ်ဝတ်စုံဝတ်ဆင်ပြီး ပြည်သူ့ဝန်ထမ်းအယောင်ဆောင်သူကို အရေးယူ

နေပြည်တော် ဇေယျာသီရိမြို့ နယ် ကျောက်ချပ်ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးတွင် ယခုလ ၂၃ ရက် ညနေ ၃ နာရီက စစ်ဝတ်စုံဝတ် ဆင်ထားသည့်မသင်္ကာသူ တစ်ဦးကို ခေါ်ဆောင်ထားကြောင်း သတင်း အရ ရေဆင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူသွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ် အောင်မြေ သာယာ ရပ်ကွက်နေ ဥာဏ်လင်းထွန်း(၂၃နှစ်)ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ စစ်ဆေးချက်အရ အိုင်စောက်ရွာ ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ 'ရသဝတီ' ဓာတ်ဆီဆိုင်တွင် ဗိုလ်ကြီးအဆင့် စစ်ဝတ်စုံဝတ်ဆင်ကာ ၇ယ/ xxxx KENBO-125 ငှက်ခါးစိမ်းရောင် ဆိုင်ကယ်ကို ဓာတ်ဆီဖြည့်ရာ ပိုက်ဆံမပေးနိုင် သဖြင့်ံကေ-တနင ဟန်းဆက်တစ်လုံးပေးခဲ့ကြောင်း၊ မသင်္ကာ၍ ဆိုင်ရှင် ဦးစံရွှေက လိုက်လံကြည့်ရှုရာကျောက်ချပ်ရွာ အနီးတွင် ဥာဏ်လင်းထွန်း စစ် ဝတ်စုံချွတ်နေသည်ကို တွေ့ရှိရ၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့

ခေါ်ဆောင်ခဲ့ကြောင်း၊ ၄င်းစီးနင်း လာသည့်ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင် ကြောင်း အထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိသော ကြောင့် ဥာဏ်လင်းထွန်းကို ရေဆင်းနယ်မြေရဲစခန်းက(ပ) ၆၃/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၁၄ဝ ဖြင့် လည်းကောင်း၊ (ပ)၆၄/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၈ဝ/ကျင့် ၅၄ ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

The Union Daily 

No comments:

Post a Comment