Sunday 29 June 2014

GSM နှင့် WCDMA ဆင်းမ်ကတ်များ ၃၁ နိုင်ငံတွင် သယ်ယူအသုံးပြုနိုင်မည်

ပြည်တွင်းမှ GSM နှင့် WCDMA ဖုန်းများကို နိုင်ငံပေါင်း ၃၁ နိုင်ငံသို့ ယူဆောင်အသုံးပြုနိုင် မည့် International Outbound Roaming ဝန်ဆောင်မှုကို ၂၀၁၄ ဇူလိုင်လ ၂ ရက်မှစတင်ဝန်ဆောင်မှု ပေးတော့မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှသတင်း ရရှိသည်။
‘‘ပြည်တွင်းကဖုန်းတွေကို နိုင်ငံတကာမှာအသုံးပြုခွင့်ရမှာ ဖြစ်တဲ့အတွက် ဆက်သွယ်ရေးက ပိုပြီးလွယ်ကူသွားမှာပါ။ လက်ရှိ မှာ Roaming ဝန်ဆောင်မှုက နိုင်ငံတကာမှာ အနည်းငယ်ဈေး ကြီးနေတယ်ဆိုပေမယ့် လုပ်ငန်း ရှင်တွေနဲ့ အရေးကြီးကိစ္စရှိသူတွေ အတွက် အဆင်ပြေနိုင်ပါတယ်’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ မိုဘိုင်းအင်ဂျင်နီယာမှူးဦးငွေ သောင်းကပြောသည်။
ပြည်ပနိုင်ငံများသို့ သွား ရောက်နေစဉ် သယ်ဆောင်အသုံး ပြုနိုင်မည့် International Roa-ming စနစ်ကို ယခင်က အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း၄၆ နိုင်ငံမှ အော်ပရေတာ ၇၇ ခု၏GSM/WCDMA မိုဘိုင်းဖုန်းများ မြန်မာနိုင်ငံတွင်းသို့ Inbound Roaming အဖြစ် လာရောက်သုံးစွဲ နိုင်နေရာ မြန်မာ့ ဆက်သွယ်ရေးမှ ရောင်းချထားသည့် မိုဘိုင်းဖုန်းများကို ဇူလိုင် ၂ ရက်မှစတင်၍ အသုံးပြုနိုင် မည်ဖြစ် ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် Outbound Roaming စနစ်အဖြစ် ဇူလိုင် ၂ ရက်မှစ၍ နိုင်ငံ ၃၁ နိုင်ငံမှ အော် ပရေတာ ၃၁ ခု၏ မိုဘိုင်းကွန်ရက် အတွင်း သုံးစွဲနိုင်ရန် ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း က ထုတ်ပြန်သည်။ နိုင်ငံပေါင်း ၃၁ နိုင်ငံတွင်ချိတ်ဆက်သုံးစွဲနိုင်မည့် အော်ပ ရေတာများအတွက် လက်ရှိပြည်တွင်း၌ အော်ပရေတာအဖြစ် လုပ်ကိုင်နေသည့် အူရီးဒူး၊ အရန် အော်ပရေတာအဖြစ် ရွေးချယ် ခံခဲ့ရသည့်Orange, Singtel ကုမ္ပဏီနှင့် အခြားသောနိုင်ငံတကာမှ အော်ပရေတာများပါဝင်သည်။
‘‘Roaming ရပြီဆိုရင် ပြည်ပကိုအလုပ်သွားလုပ်မယ့်လူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အတွက် အဆင်ပြေနိုင်တယ်။ ဈေးနှုန်းကအနည်းငယ်ကြီးတာကြောင့် ပုံမှန်အင်တာနက်ရနေတဲ့ လူတွေအတွက် ကတော့ Viber လိုမျိုးအခမဲ့ App ကပဲခေါ်ဆိုမှု ပိုများနိုင်ပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမင်းဦးက ဆိုသည်။
အာဆီယံနှင့် အိမ်နီးချင်း နိုင်ငံများတွင် သယ်ဆောင်သုံးစွဲ ပါက တစ်မိနစ်လျှင် ၁,၂၀၀ ကျပ် ကျသင့် မည်ဖြစ်ပြီး အဆိုပါ ၃၁ နိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည် ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃,၀၀၀ကျပ် ကျသင့်မည်ဖြစ်သည်။ ဥရောပ၊ အာဖရိက၊ ဩစတြေးလျနှင့် အမေရိကန် နိုင်ငံများသို့ သယ်ဆောင်အသုံးပြု ပါက ပြည်တွင်းခေါ်ဆိုခတစ်မိနစ်လျှင် ၂,၀၀၀ကျသင့်မည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ခေါ်ဆိုပါက ၅,၀၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
‘‘အရင် Postpaid ဖုန်းတွေ က ယူသွားချင်ရင် ငါးသိန်းသွင်းရ မယ်လို့ ကြားတယ်။ ဒီမှာ မြန်မာ ငွေနဲ့ဖြစ်ဖြစ်၊ ဒေါ်လာနဲ့ဖြစ်ဖြစ် သွင်းထားရမယ်ကြားတယ်။ Pr-epaid တွေကတော့ အရင် ကြားတာက ကတ်နဲ့ဝယ်သုံးရ မယ်ကြားပေမယ့် အခုကျတော့လည်း သွင်းရမယ်ပဲသိတယ်။ တကယ်တမ်းသုံးမယ့်သူအတွက်ဆိုလည်း အဆင်ပြေလောက်ပါတယ်’’ဟု အိုင်တီကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် ကိုဝဏ္ဏကပြောသည်။
အသေးစိတ် သိရှိလိုပါက Call Center 1876 တွင် စုံစမ်း နိုင်ပြီး အဆိုပါစနစ်ကို အသုံးပြု လိုသည့် မိုဘိုင်းဖုန်းသုံးစွဲသူများ အနေဖြင့် သက်ဆိုင်ရာမြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ငွေလက် ခံကောင်တာများ၊ ပြည်နယ်နှင့် တိုင်းမန်နေဂျာရုံးများတွင် သတ် မှတ်ထားသည့် ကြိုတင်ငွေသွင်း ထားရန် လိုအပ်ကြောင်း သတင်း ရရှိသည်။

7Day Daily

No comments:

Post a Comment