Thursday 26 June 2014

နိဗ္ဗာန်ယာဉ်များကို မှတ်ပုံတင် လုပ်ပေးမည်

Photo: နိဗ္ဗာန်ယာဉ်များကို မှတ်ပုံတင် လုပ်ပေးမည်
Thursday, June 26, 2014

NarYayKuNyiMut-300x230 ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ အသုံးပြုနေတဲ့ လျှပ်စစ်မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ လျှပ်စစ်သုံးဘီးဆိုင်ကယ်နဲ့ နိဗ္ဗာန်ယာဉ်တွေကို ရထားပို့ဆောင်ရေး ၀န်ကြီးဌာနလက်အောက်ရှိ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ကနေ တရားဝင်လိုင်စင်တွေ ပြုလုပ်ပေးတော့မယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ကညနက အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ပြီး အကောက်ခွန်၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတ်မှတ် အခွန်အခ ကောက်ခံပြီး One Stop Service နဲ့ တရားဝင် မှတ်ပုံတင်ပေးမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက တရားဝင် မှတ်ပုံတင်ထားတာ မရှိလို့ဆိုပြီး နိဗ္ဗာန်ယာဉ်တွေကို အာဏာပိုင်တွေက သိမ်းဆည်းပြီး အသုံးပြုသူတွေကို တရားစွဲဆို ပြစ်ဒဏ်ချတာတွေ လုပ်ခဲ့ပါသေးတယ်။

ဦးကျော်သူ ဦးဆောင်တဲ့ ရန်ကုန်နာရေးကူညီမှုအသင်းကလည်း နိဗ္ဗာန်ယာဉ်တွေကို တရားဝင် မှတ်ပုံတင်ပေးဖို့ တောင်းဆိုတာတွေ ရှိခဲ့ပြီးနောက် ကညနရဲ့ ခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီဗွီဘီ
NarYayKuNyiMut-300x230 ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ အသုံးပြုနေတဲ့ လျှပ်စစ် မော်တော် ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ လျှပ်စစ်သုံးဘီးဆိုင်ကယ်နဲ့ နိဗ္ဗာန်ယာဉ်တွေကို ရထားပို့ဆောင်ရေး ၀န်ကြီးဌာနလက်အောက်ရှိ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ကနေ တရားဝင် လိုင်စင်တွေ ပြုလုပ်ပေးတော့မယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ကညနက အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ပြီး အကောက်ခွန်၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတ်မှတ် အခွန်အခကောက်ခံပြီး One Stop Service နဲ့ တရားဝင် မှတ်ပုံတင်ပေးမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက တရားဝင် မှတ်ပုံတင်ထားတာ မရှိလို့ဆိုပြီး နိဗ္ဗာန်ယာဉ်တွေကို အာဏာပိုင်တွေက သိမ်း ဆည်းပြီး အသုံးပြုသူတွေကို တရားစွဲဆို ပြစ်ဒဏ်ချတာတွေ လုပ်ခဲ့ပါသေးတယ်။

ဦးကျော်သူ ဦးဆောင်တဲ့ ရန်ကုန်နာရေးကူညီမှုအသင်းကလည်း နိဗ္ဗာန်ယာဉ်တွေကို တရားဝင် မှတ်ပုံတင် ပေးဖို့ တောင်းဆိုတာတွေ ရှိခဲ့ပြီးနောက် ကညနရဲ့ ခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment