Friday 27 June 2014

အရှိန်ဖြင့်မောင်းနှင်မှုများလျော့ကျရန် ဒဏ်ငွေပြင်ဆင်သတ်မှတ်

ရန်ကုန်-နေပြည် တော်- မန္တလေး လမ်းမကြီးပေါ် တွင် ယာဉ်များသတ်မှတ်အချိန် ထက် ပိုမိုမောင်းနှင်မှု များလျော့ ကျစေရန် ယခုအသစ်ရေးဆွဲတင် ပြထားသော  မော်တော်ယာဉ် ဥပဒေမူကြမ်း၌ ဒဏ်ငွေ ကျပ်၁၅၀၀ အစား ကျပ်၅၀,၀၀၀ကျပ်အဖြစ် ပြင်ဆင်ရေးဆွဲထားကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ၁၉၆၄ မော် တော်ယာဉ်ဥပဒေပုဒ်မ ၁၇/၆၄ ဖြင့်အရေးယူ၍ ပုဒ်မ ၂၁/၆၄ဖြင့် တရားစွဲဆိုလျက်ရှိရာ ဒဏ်ငွေ ၁၅၀၀ ကျပ်ပြစ်ဒဏ်ချမှတ်ပြီး ဒဏ်ငွေမဆောင်ပါက အလုပ်မဲ့ ထောင်ဒဏ် တစ်လချမှတ်လျက် ရှိသည်။ ရာနှုန်းပြည့်ဒဏ်ငွေပေး ဆောင်ခဲ့ကြသော်လည်း ဒဏ်ငွေ နည်းသဖြင့် ဥပဒေကိုလေးစားမှု အားနည်းကြောင်း အမြန်လမ်းရဲ တပ်ဖွဲ့ထံမှသတင်းရရှိသည်။
‘‘ဒဏ်ငွေ ၁၅၀၀ ဆိုတော့ နည်းနည်း အားနည်းနေသေး တယ်။  လက်ဖက်ရည်ဖိုးလောက် ပဲရှိတယ်။ ငါးသောင်းလောက်ဆို နည်းနည်းထိထိရောက်ရောက်ရှိ နိုင်တယ်’’ဟု အမြန်လမ်းရဲတပ်ဖွဲ့ မှရဲမှူးကြီးနေဝင်းကရှင်းပြသည်။
သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်များအားလက်ရှိအခြေအနေတွင် အကွာအဝေးအလိုက် အချိန်မှတ်သားလျက်ရှိရာ သတ်မှတ်အချိန်ထက်ဆောလျင်စွာရောက်ရှိပါက အရှိန် လွန်နှုန်းဖြင့် မောင်းနှင် သဖြင့် မော်တော်ယာဉ်ဥပဒေပုဒ်မ ၁၇/၆၄ ဖြင့်  အရေးယူဆောင်ရွက် သွားမည်ဖြစ်သည်။
ပြစ်မှုများ တရားစွဲတင်ရာတွင် လက်ရှိဖမ်းဆီးသည့် နေရာအလိုက် ရန်ကုန်တိုင်း အင်းစိန်ယာဉ် စည်းကမ်းတရားရုံး၊ နေပြည်တော်ကောင်စီနယ်မြေ ဇဗ္ဗူသီရိတရားရုံး၊ မန္တလေးတိုင်း တံတားဦးတရားရုံး တို့တွင် တရားစွဲတင်လျက်ရှိသည်။
 လက်ရှိအဝေးပြေးလမ်းပုံ မှန်ရောက်ရှိချိန်များအနေဖြင့် ရန်ကုန်မှဖြူး ၃ နာရီ၊ ဖြူးမှနေပြည်တော် ၂နာရီ၊ နေပြည်တော်မှ မိတ္ထီလာ ၂ နာရီ၊ မိတ္ထီလာမှ မန္တလေး ၁ နာရီ ၄၅ မိနစ်၊ ရန်ကုန်မှမန္တလေး ၈ နာရီ ၄၅ မိနစ်သတ်မှတ်ထားပြီး နေရာတစ်ခုစီတွင် ရပ်နားချိန်မိနစ် ၃၀ ရမည်ဖြစ်သည်။
ယာဉ်များကို အချိန်ပိုင်း အလိုက် ပုံမှန်စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်း၊ တိုးဂိတ်ဖြတ်သန်းခပြေစာ များတွင် ဖော်ပြထားသောဖြတ်သန်းချိန် အပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

7 Day Daily

No comments:

Post a Comment