Monday 30 June 2014

မိုးသည်းပြီး ဥရုချောင်းရေလျှံသဖြင့် ဖားကန့်မြို့ရပ်ကွက်အချို့ ရေမြုပ်

ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက် ရေကြီးရေလျှံမှုမြင်ကွင်း/ ဓာတ်ပုံ−စိန်ဝင်း(အာဆီယံ)
မိုးသည်းထန်စွာ ရွာသွန်း ပြီး ဥရုချောင်းရေလျှံသဖြင့် ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက်သုံးခု တွင် ဇွန်လ ၂၉ ရက် နံနက်မှ စတင်ကာ ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့နေရကြောင်း သတင်း ရရှိသည်။

ဖားကန့်မြို့အထက်ပိုင်းရှိ ကန်စီးဒေသတွင် မိုးသည်းထန် စွာ ရွာသွန်းခဲ့သဖြင့် တောင်ကျ ချောင်းရေများ ဥရုချောင်းအတွင်း စီးဆင်းပြီး ချောင်းရေလျှံကာ ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက်များ ဖြစ်သည့် ငှက်ပျောတော၊ မြို့မ နှင့် အေးသာယာရပ်ကွက်များ တွင် အိမ်ခြေတစ်ရာကျော် ရေနစ် မြုပ်နေကြောင်း ဖားကန့်မြို့မရဲ စခန်းနှင့် ဒေသခံများက ပြော သည်။

ဖားကန့်မြို့ပေါ်တွင် ရပ် ကွက်ကြီးငါးခုရှိပြီး ရပ်ကွက်သုံးခု တွင် ရေ၀င်နေခြင်းဖြစ်ကာ ဥရု ချောင်းဘေး တစ်လျှောက်ရှိ လူ နေအိမ်ခြေတစ်ရာကျော် ရေ၀င် နစ်မြုပ်နေခြင်းဖြစ်ကြောင်း ဖား ကန့်မြို့မရဲစခန်းမှ ရဲအရာရှိ တစ် ဦးက အတည်ပြုပြောကြားသည်။

‘‘ဥရုချောင်းရေက ပုံမှန် ထက် ၇ ပေ၊ ၈ ပေလောက်ထိ ပို မြင့်တက်နေတယ်။ ကျွန်တော့် အိမ်က ဥရုချောင်း ဘေး မှာ ရှိတာ။ ရေတားထားတဲ့ ခြောက် ပေလောက်ရှိတဲ့ မြေသားဘောင် ကို ကျော်ပြီး ရေက၀င်နေတာ။ ရပ်ကွက်ထဲမှာ ငါးပေလောက် အထိ ရေတက်နေတယ်’’ဟု ဖားကန့်မြို့ခံ အမျိုးသားတစ်ဦး က ပြောသည်။

လူနေရပ်ကွက်များအတွင်း ရေ၀င်နေသည့်အတွက် လှေများ ဖြင့်သာ သွားလာနေရပြီး ဒေသခံ အချို့မှာ လည်း ရေလွတ်ရာသို့ ပြောင်းရွှေ့နေရသည်ဟု ဖားကန့် မြို့ခံအချို့က ပြောသည်။

ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများနှင့် စည်းကမ်းမဲ့ မြေ စာစွန့်ပစ်မှုများကြောင့် ဥရု ချောင်းမှာ ပိုမိုတိမ် ကောလာနေ ပြီး ရေစီးဆင်းမှုနည်းပါးကာ ဖား ကန့်မြို့ရှိ မြေနိမ့်ရပ်ကွက်များတွင် နှစ်စဉ် ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့နေရသည်ဟု မြို့ခံများ က ပြောသည်။

ယခုနှစ်တွင် စောစီးစွာ ရေ ကြီးနစ်မြုပ်မှု ဒဏ်ခံရခြင်းနှင့် ဥရု ချောင်း ပိုမိုတိမ်ကောလာသော အခြေအနေ ကြောင့် ယခင်နှစ် ထက် ပိုမိုဆိုးရွားသည့် ရေကြီးရေ လျှံမှုများ ကြုံတွေ့ရမည်ကို စိုး ရိမ်နေရသည်ဟု ဆိုသည်။

‘‘အခုရော၊ နောင်ရော စည်း ကမ်းမဲ့ မြေစာစွန့်ပစ်မှုတွေ ကြောင့် ဥရုချောင်းရေစီးရေလာ ထိခိုက်မှု မရှိစေဖို့ သက်ဆိုင်ရာ တွေက ကြပ်မတ်ထိန်းသိမ်းပေး ဖို့ လိုပါတယ်။ အရင်ကစည်း ကမ်းမဲ့ လုပ်ခဲ့ကြလို့ အခုမြို့လူထု  ရေဘေးဒုက္ခခံနေကြရတာပါ’’ ဟု ဖားကန့်မြို့ခံအမျိုးသားက ပြော သည်။

ဥရုချောင်းရေလျှံမှုများ ကြောင့် လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုခန့်မှ စတင်၍ ဖားကန့် မြို့တွင် နှစ်စဉ် ငါးကြိမ်ထက်မနည်း ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့နေ ရကြောင်း ဒေသခံများက ပြော သည်။

7Day DAILY 

No comments:

Post a Comment