Thursday 26 June 2014

ခန္ဓာကိုယ်၂ ခုပါတဲ့မြန်မာကလေးငယ် ထိုင်းဆေးရုံမှာ ခွဲစိပ်မှုအောင်မြင်

Photo: ခန္ဓာကိုယ်၂ ခုပါတဲ့မြန်မာကလေးငယ် ထိုင်းဆေးရုံမှာ ခွဲစိပ်မှုအောင်မြင်
Thursday, June 26, 2014

မွေးဖွားလာစဉ် ကတည်းက ဦးခေါင်းတလုံး၊ ခန္ဓာကိုယ် နှစ်ခု ပါရှိလာတဲ့ မြန်မာနိုင်ငံသား ၆ လသားအရွယ် မိန်းကလေး ငယ် တဦးကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က Maharaj Nakorn Chiang Mai Hospital မှာ ဇွန်လ ၂၄ ရက်နေ့က ခွဲစိတ်ခဲ့ရာ အောင်မြင်တယ်လို့သိရပါတယ်။ ကလေးငယ်ရဲ့ပင်မခန္ဓာကိုရဲ့ ညာဘက်ရင်အုံကနေ နောက်ထပ် ခြေလက် အစုံပါတဲ့ ခန္ဓာကိုယ် တခု ကိုဖြတ်ထုတ် ခွဲစိတ်လိုက်တာ ဖြစ်ပြီး လောလောဆယ် မှာတော့ Maharaj Nakorn ဆေးရုံကြီးရဲ့ အရေးပေါ် လူနာတွေထားတဲ့ Intensive Care Unit-ICU အခန်းထဲမှာပဲ ရှိတယ်လို့ ကလေးငယ် ဆေးကု သနိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင် ရွက်ရေး အသင်း (SWAN) အဖွဲ့ကပြောပါတယ်။

SWAN အဖွဲ့ရဲ့ တာဝန်ခံ နန်းဆိုင်မွန်း က "မနေ့က မနက် ၈ နာရီလောက်ကနေ နေ့လည် တနာရီလောက် ထိ ခွဲစိတ်တယ်။ ဆရာဝန်တွေကတော့ ခွဲစိပ်မှု အောင်မြင် တယ်လို့ ပြောပါတယ်။ လောလော ဆယ် တော့ ကလေးကို ICU ထဲမှာ ၂ ရက် လောက်ထားရမယ်ပြောတယ်။ မနေ့ညနေကတော့ သူ့မိဘတွေနဲ့ပေးတွေ့ တယ်" လို့ ဧရာဝတီကို ပြောပါတယ်။

ခန္ဓာကိုယ်နှစ်ခုဖြစ်နေတာကို ခွဲစိပ်တာအောင်မြင်ပေမယ့် ကလေးရဲ့ နှလုံးဟာ ပုံမှန် မဟုတ်ဘဲ ညာဘက်မှာရှိနေတာနဲ့ နှလုံး အမှေးပါး ပေါက်နေ တာတွေကိုတော့ ဆက်လက်ကုသရဦးမှာဖြစ်တယ်လို့ ဆရာဝန်တွေကပြောကြောင်း နန်းဆိုင်မွန်း က ပြောဆိုပါတယ်။

"ကလေးက အခုတော့ တခြားလူတွေလိုပဲ ခန္ဓာကိုယ်က တခုတည်းဖြစ် သွားပြီပေါ့။ မနေ့က ကလေး သတိရလာတော့ သူ့မိဘ တွေနဲ့ ပေးတွေ့တယ်။ ICU ထဲမှာပဲရှိသေးတယ်ဆိုတော့ နို့လည်း စို့လို့ မရသေးဘူးလေ" လို့ နန်းဆိုင်မွန်းက ပြောပါတယ်။

ကလေးငယ်ရဲ့ ဆေးကုသမှု ကုန်ကျစရိတ်တွေကိုတော့ Maharaj Nakorn ဆေးရုံ ကြီးက တာဝန်ယူပေး သွားမှာဖြစ်ပြီး ဆေးကုသမှုတွေ အားလုံး ပြီးသွားရင်တော့ ခွဲစိတ်ဆရာဝန်တွေအနေနဲ့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပေး သွားမယ်လို့ ဆိုပါတယ်။

ခွဲစိတ်ကုသမှုခံယူခဲ့တဲ့ ကလေးငယ်ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှဖြစ်ပြီး မိဘတွေက သာမန် လယ်သမားတွေဖြစ်လို့ ခန္ဓာကိုယ် နှစ်ခုဖြစ်နေတဲ့ သမီးဖြစ်သူကို ဆေးကုသ ပေး လိုပေမယ့် ငွေကြေးမတတ်နိုင်တဲ့ အတွက် SWAN အမျိုးသမီးအဖွဲ့ ကိုဆက်သွယ်ပြီး အကူ အညီတောင်း ခဲ့တာလို့ဆိုပါတယ်။

SWAN အဖွဲ့က လည်း ကလေးငယ်ရဲ့ မှတ်တမ်းဓာတ်ပုံတွေကို ယူပြီး ချင်းမိုင် မြို့ကဆေးရုံကြီး တွေကို ဆက်သွယ်ခဲ့ရာမှာ Maharaj Nakorn Chiang Mai Hospital က ကလေးရဲ့ ဆေးကုသစရိတ်တွေကို တာဝန်ယူပြီး ကုသပေးဖို့ သဘောတူညီမှု တွေရရှိ ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Maharaj Nakorn ဆေးရုံက ဆရာဝန်တွေကလည်း ကလေးရဲ့ ခန္ဓာကိုယ်ပွားကို အသက်အရွယ်ကြီး ရင့် မှ ဖြတ်တောက် မယ်ဆိုရင် ခွဲစိတ်ဖို့အတွက် အန္တရာယ်များသလို စားတဲ့ အဟာရတွေကလည်း ခန္ဓာကိုယ်
နှစ်ခုကို မျှထုတ်ပေးနေရတဲ့ အတွက် ကလေးရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင် တယ် လို့ အကြံပြု တယ်လို့ဆိုပါတယ်။

ဆေးကုသဖို့ အခက်အခဲဖြစ်နေတဲ့ ကလေးငယ်ကို ခွဲစိတ်နိုင်ဖို့ အတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) အဖွဲ့ဟာ ထိုင်းနိုင်ငံမှာ အခြေ စိုက်ပြီး ရှမ်းပြည်နယ်၊ လူအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး၊ ထိုင်း
နိုင်ငံကိုရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ရှမ်း ဒုက္ခသည် တွေရဲ့ ပညာရေး၊ ကျန်းမာရေးတို့အတွက်လည်း ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်တဲ့ တိုက်ပွဲတွေမှာ အစိုးရစစ်တပ်က ရှမ်းနဲ့ အခြားတိုင်းရင်းသူ အမျိုးသမီးငယ်တွေကို စစ်လက်နက်သဖွယ် အသုံးချပြီး အဓမ္မပြုကျင့်မှုတွေကို ကွင်းဆင်း စစ်တမ်းကောက်ယူပြီး ၂၀၀၂ ခုနှစ်ထဲမှာ “မုဒိန်း ကျင့်ခွင့် လိုင်စင်” လို့ အမည်ရတဲ့ အစီရင်ခံစာ တစောင်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ အစီရင်ခံစာ ထွက်ရှိပြီး နောက် မြန်မာနိုင်ငံ စစ်ပွဲတွေကြားက တိုင်းရင်းသူတွေရဲ့ အရေးကို နိုင်ငံ တကာက ပိုပြီး အာရုံစိုက်မှုတွေရှိ လာတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

ဧရာဝတီ

ထိုင်းဆေးရုံမှာ ခွဲစိတ်မှုခံယူနေတဲ့ ကလေးငယ် (ဓာတ်ပုံ – SWAN)
ထိုင်းဆေးရုံမှာ ခွဲစိတ်မှုခံယူနေတဲ့ ကလေးငယ်
မွေးဖွားလာစဉ် ကတည်းက ဦးခေါင်းတလုံး၊ ခန္ဓာကိုယ် နှစ်ခု ပါရှိလာတဲ့ မြန်မာနိုင်ငံသား ၆ လသားအရွယ် မိန်းကလေး ငယ် တဦးကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က Maharaj Nakorn Chiang Mai Hospital မှာ ဇွန်လ ၂၄ ရက်နေ့က ခွဲစိတ်ခဲ့ရာ အောင်မြင်တယ်လို့သိရပါတယ်။ ကလေးငယ်ရဲ့ပင်မခန္ဓာကိုရဲ့ ညာဘက်ရင်အုံကနေ နောက်ထပ် ခြေလက် အစုံပါတဲ့ ခန္ဓာကိုယ် တခု ကိုဖြတ်ထုတ် ခွဲစိတ်လိုက်တာ ဖြစ်ပြီး လောလောဆယ် မှာတော့ Maharaj Nakorn ဆေးရုံကြီးရဲ့ အရေးပေါ် လူနာတွေထားတဲ့ Intensive Care Unit-ICU အခန်းထဲမှာပဲ ရှိတယ်လို့ ကလေးငယ် ဆေးကု သနိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင် ရွက်ရေး အသင်း (SWAN) အဖွဲ့ကပြောပါတယ်။

SWAN အဖွဲ့ရဲ့ တာဝန်ခံ နန်းဆိုင်မွန်း က "မနေ့က မနက် ၈ နာရီလောက်ကနေ နေ့လည် တနာရီလောက် ထိ ခွဲစိတ်တယ်။ ဆရာဝန်တွေကတော့ ခွဲစိပ်မှု အောင်မြင် တယ်လို့ ပြောပါတယ်။ လောလော ဆယ် တော့ ကလေးကို ICU ထဲမှာ ၂ ရက် လောက်ထားရမယ်ပြောတယ်။ မနေ့ညနေကတော့ သူ့မိဘတွေနဲ့ပေးတွေ့ တယ်" လို့ ဧရာဝတီကို ပြောပါတယ်။

ခန္ဓာကိုယ်နှစ်ခုဖြစ်နေတာကို ခွဲစိပ်တာအောင်မြင်ပေမယ့် ကလေးရဲ့ နှလုံးဟာ ပုံမှန် မဟုတ်ဘဲ ညာဘက်မှာ ရှိနေတာနဲ့ နှလုံး အမှေးပါး ပေါက်နေ တာတွေကိုတော့ ဆက်လက်ကုသရဦးမှာဖြစ်တယ်လို့ ဆရာဝန်တွေက ပြောကြောင်း နန်းဆိုင်မွန်း က ပြောဆိုပါတယ်။

"ကလေးက အခုတော့ တခြားလူတွေလိုပဲ ခန္ဓာကိုယ်က တခုတည်းဖြစ် သွားပြီပေါ့။ မနေ့က ကလေး သတိရလာတော့ သူ့မိဘ တွေနဲ့ ပေးတွေ့တယ်။ ICU ထဲမှာပဲရှိသေးတယ်ဆိုတော့ နို့လည်း စို့လို့ မရသေး ဘူးလေ" လို့ နန်းဆိုင်မွန်းက ပြောပါတယ်။

ကလေးငယ်ရဲ့ ဆေးကုသမှု ကုန်ကျစရိတ်တွေကိုတော့ Maharaj Nakorn ဆေးရုံ ကြီးက တာဝန်ယူပေး သွားမှာဖြစ်ပြီး ဆေးကုသမှုတွေ အားလုံး ပြီးသွားရင်တော့ ခွဲစိတ်ဆရာဝန်တွေအနေနဲ့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပေး သွားမယ်လို့ ဆိုပါတယ်။

ခွဲစိတ်ကုသမှုခံယူခဲ့တဲ့ ကလေးငယ်ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှဖြစ်ပြီး မိဘ တွေက သာမန် လယ်သမားတွေဖြစ်လို့ ခန္ဓာကိုယ် နှစ်ခုဖြစ်နေတဲ့ သမီးဖြစ်သူကို ဆေးကုသ ပေး လိုပေမယ့် ငွေကြေးမတတ်နိုင်တဲ့ အတွက် SWAN အမျိုးသမီးအဖွဲ့ ကိုဆက်သွယ်ပြီး အကူအညီတောင်း ခဲ့တာလို့ဆို ပါတယ်။

SWAN အဖွဲ့က လည်း ကလေးငယ်ရဲ့ မှတ်တမ်းဓာတ်ပုံတွေကို ယူပြီး ချင်းမိုင် မြို့ကဆေးရုံကြီး တွေကို ဆက်သွယ်ခဲ့ရာမှာ Maharaj Nakorn Chiang Mai Hospital က ကလေးရဲ့ ဆေးကုသစရိတ်တွေကို တာဝန်ယူပြီး ကုသပေးဖို့ သဘောတူညီမှု တွေရရှိ ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Maharaj Nakorn ဆေးရုံက ဆရာဝန်တွေကလည်း ကလေးရဲ့ ခန္ဓာကိုယ်ပွားကို အသက်အရွယ်ကြီး ရင့် မှ ဖြတ်တောက် မယ်ဆိုရင် ခွဲစိတ်ဖို့အတွက် အန္တရာယ်များသလို စားတဲ့ အဟာရတွေကလည်း ခန္ဓာကိုယ်
နှစ်ခုကို မျှထုတ်ပေးနေရတဲ့ အတွက် ကလေးရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင် တယ် လို့ အကြံပြု တယ်လို့ဆိုပါတယ်။

ဆေးကုသဖို့ အခက်အခဲဖြစ်နေတဲ့ ကလေးငယ်ကို ခွဲစိတ်နိုင်ဖို့ အတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) အဖွဲ့ဟာ ထိုင်းနိုင်ငံမှာ အခြေ စိုက်ပြီး ရှမ်းပြည်နယ်၊ လူအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး၊ ထိုင်း
နိုင်ငံကိုရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ရှမ်း ဒုက္ခသည် တွေရဲ့ ပညာရေး၊ ကျန်းမာရေးတို့အတွက်လည်း ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်တဲ့ တိုက်ပွဲတွေမှာ အစိုးရစစ်တပ်က ရှမ်းနဲ့ အခြား တိုင်းရင်းသူ အမျိုးသမီးငယ်တွေကို စစ်လက်နက်သဖွယ် အသုံးချပြီး အဓမ္မပြုကျင့်မှုတွေကို ကွင်းဆင်း စစ်တမ်းကောက်ယူပြီး ၂၀၀၂ ခုနှစ်ထဲမှာ “မုဒိန်း ကျင့်ခွင့် လိုင်စင်” လို့ အမည်ရတဲ့ အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအစီရင်ခံစာထွက်ရှိပြီးနောက် မြန်မာနိုင်ငံစစ်ပွဲတွေကြားက တိုင်းရင်းသူတွေရဲ့ အရေးကို နိုင်ငံတကာ က ပိုပြီး အာရုံစိုက်မှုတွေရှိ လာတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

ဧရာဝတီ

No comments:

Post a Comment