Saturday 28 June 2014

တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့မှ ဒေသခံ ပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက် ပေး

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးကဏ္ဍ မြှင့်တင်နိုင်ရေး အတွက် တပ်မတော်က နယ်လှည့် အထူးကု ဆေးအဖွဲ့များ ဖွဲ့စည်း၍ တစ်တပ်တစ်အား ပါဝင်ကူညီ ဆောင်ရွက်ပေးလျက် ရှိရာ မကွေးတိုင်းဒေသကြီး ရေနံချောင်း မြို့နယ်အတွင်းရှိ သုံးဆယ့်ခြောက် ကျေးရွာ၊ ကုက္ကိုဂွကျေးရွာ၊ အင်တောကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၂၃၆၂ ဦး အား ယနေ့တွင် တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့က ဆေးဝါးကုသ ပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး သည်။


အဆိုပါ လူနာများအနက် ရွေ့လျားခွဲစိတ် ကုသယာဉ်ဖြင့် မျက်စိလူနာ ၁၆ ဦး၊ အထွေထွေ ခွဲစိတ်လူနာ ၁၉ ဦး၊ သွားရောဂါ ၇၈ ဦး၊ ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်ဖြင့် ဓာတ်မှန် ရိုက်သူ ၈ဝ ဦး၊ အာထရာဆောင်း ရိုက်သူ ၆၅ ဦးတို့အား ခွဲစိတ်ကုသခြင်း၊ ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက်ကုသရန် လိုအပ်သော လူနာ ၄၂ ဦး အား မကွေးမြို့ရှိ တပ်မတော် ဆေးရုံသို့ လွှဲပြောင်း ကုသပေးသည်။

တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့အနေဖြင့် ဇွန် ၁၆ ရက်မှ ၂၅ ရက်အထိ မကွေးတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ ၁၆၈၅၂ ဦးတို့အား ဆေးဝါးကုသ ပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက် မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment