Saturday 28 June 2014

အိန္ဒိယတွင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲသဖြင့် လူ ၁၄ ဦး သေဆုံး

Photo: အိန္ဒိယတွင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲသဖြင့် လူ ၁၄ ဦး သေဆုံး
Saturday, June 28, 2014

အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ရှ် ပြည်နယ်တွင် ဓာတ်ငွေ့ပိုက်လိုင်း တစ်ခု ပေါက်ကွဲသဖြင့် အနည်းဆုံး လူ ၁၄ ဦး အသက်ဆုံးရှုံး သွားခဲ့ကြောင်း အကြီးတန်း ဝန်ကြီးတစ်ဦး၏ ပြောကြားချက်ကို ကိုးကားလျက် BBC သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။

ပိုက်လိုင်း ပေါက်ကွဲသောကြောင့် မီးခိုးများ၊ မီးတောက်များကို အဝေးမှပင် မြင်နိုင်ကြောင်း အိန္ဒိယ သဘာဝဓာတ်ငွေ့ဆိုင်ရာ အာဏာပိုင် လီမိတက်က သတင်းထုတ်ပြန်ခဲ့သည်။

အနည်းဆုံး လူ ၁၅ ဦး သေဆုံးသွားခဲ့ပြီး မည်သည့် အကြောင်းရင်းကြောင့် ယင်းသို့ ပေါက်ကွဲမှု ဖြစ်ရခြင်းကို ရှင်းလင်းစွာ သိရှိရခြင်း မရှိသေးပေ။

အိန္ဒိယ သဘာဝဓာတ်ငွေ့ အာဏာပိုင် လီမိတက်သည် အကြီးဆုံး သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေး အစိုးရပိုင် ကုမ္ပဏီဖြစ်သည်။

ဓာတ်ငွေ့ပိုက်လိုင်းသည် ၁၈ လက်မ အချင်းရှိပြီး ပေါက်ကွဲမှု ဖြစ်သည့်နေရာမှာ အန်ဒရာပရာဒက်ရှ်ပြည်နယ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကော်မရှင်က ကြီးကြပ်သည့် သန့်စင်စက်ရုံနား နာဂါရမ်ကျေးရွာ အနီးတွင် ဖြစ်သည်ဟု သဘာဝဓာတ်ငွေ့ ကုမ္ပဏီဥက္ကဋ္ဌ ဘီစီထရီပါသီက Press Trust of India ကို ပြောကြားခဲ့သည်။
“ဘာကြောင့် ဒီလိုဖြစ်ရတယ် ဆိုတာတော့ မသိသေးပါဘူး။ ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ကူညီရေးတွေကိုပဲ ကျွန်တော်တို့ လက်ရှိ အာရုံစိုက်ထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း အန်ဒရာပရာဒက်ရှ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး အန်ချင်နာရာဂျာပါက BBC ဟိန္ဒူဘာသာပိုင်း အစီအစဉ်ကို ပြောကြား အတည်ပြုပေးခဲ့သည်။

ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် အနီးဆုံး နေအိမ်များကိုလည်း မီးကူးစက်လောင်ကျွမ်းခဲ့ကာ အိမ်ခြေအချို့ မီးဘေးသင့်ခဲ့ရပြီး ယခုအခါ အဆိုပါမီးကို ထိန်းချုပ်နိုင်သွားပြီ ဖြစ်ကြောင်း၊ သေဆုံးသူ အရေအတွက်က ထပ်မြင့်လာဖွယ် ရှိနေကြောင်း ခရိုင်အရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယ သဘာဝဓာတ်ငွေ့ အာဏာပိုင် အဖွဲ့အစည်းသည် အိန္ဒိယနိုင်ငံအနှံ့ ဓာတ်ငွေ့ထုတ်လုပ်ရေး နေရာ ခုနစ်ခုမှ နေ၍ နိုင်ငံလုံးအနှံ့ ပိုက်လိုင်းကွန်ရက် ၆၈၄၀ မိုင်ဖြင့် သဘာဝဓာတ်ငွေ့များ ဖြန့်ဝေလျက်ရှိသည်။

ယခုလ အစောပိုင်းကလည်း ချာတစ်စ်ဂါပြည်နယ်ရှိ အကြီးဆုံး သံမဏိ စက်ရုံကြီးတွင် ပေါက်ကွဲမှုတစ်ခု၏ နောက်ဆက်တွဲအဖြစ် ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ခဲ့ရာ အနည်းဆုံး လူခြောက်ဦး သေဆုံးသွားခဲ့ရသေးသည်။

The Voice Weekly
အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ရှ် ပြည်နယ်တွင် ဓာတ်ငွေ့ပိုက်လိုင်း တစ်ခု ပေါက်ကွဲသဖြင့် အနည်းဆုံး လူ ၁၄ ဦး အသက်ဆုံးရှုံး သွားခဲ့ကြောင်း အကြီးတန်း ဝန်ကြီးတစ်ဦး၏ ပြောကြားချက်ကို ကိုးကားလျက် BBC သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။
ပိုက်လိုင်း ပေါက်ကွဲသောကြောင့် မီးခိုးများ၊ မီးတောက်များကို အဝေးမှပင် မြင်နိုင်ကြောင်း အိန္ဒိယ သဘာဝဓာတ်ငွေ့ဆိုင်ရာ အာဏာပိုင် လီမိတက် က သတင်းထုတ်ပြန်ခဲ့သည်။

အနည်းဆုံး လူ ၁၅ ဦး သေဆုံးသွားခဲ့ပြီး မည်သည့် အကြောင်းရင်းကြောင့် ယင်းသို့ ပေါက်ကွဲမှု ဖြစ်ရခြင်းကို ရှင်းလင်းစွာ သိရှိရခြင်း မရှိသေးပေ။

အိန္ဒိယ သဘာဝဓာတ်ငွေ့ အာဏာပိုင် လီမိတက်သည် အကြီးဆုံး သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေး အစိုးရပိုင် ကုမ္ပဏီဖြစ်သည်။

ဓာတ်ငွေ့ပိုက်လိုင်းသည် ၁၈ လက်မ အချင်းရှိပြီး ပေါက်ကွဲမှု ဖြစ်သည့်နေရာမှာ အန်ဒရာပရာဒက်ရှ်ပြည်နယ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ကော် မရှင်က ကြီးကြပ်သည့် သန့်စင်စက်ရုံနား နာဂါရမ်ကျေးရွာ အနီးတွင် ဖြစ်သည်ဟု သဘာဝဓာတ်ငွေ့ ကုမ္ပဏီဥက္ကဋ္ဌ ဘီစီထရီပါသီက Press Trust of India ကို ပြောကြားခဲ့သည်။ “ဘာကြောင့် ဒီလိုဖြစ်ရတယ် ဆိုတာတော့ မသိသေးပါဘူး။ ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ကူညီရေးတွေကိုပဲ ကျွန်တော်တို့ လက်ရှိ အာရုံစိုက်ထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း အန်ဒရာပရာဒက်ရှ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး အန်ချင်နာရာဂျာပါက BBC ဟိန္ဒူဘာသာပိုင်း အစီအစဉ်ကို ပြောကြား အတည်ပြုပေးခဲ့သည်။

ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် အနီးဆုံး နေအိမ်များကိုလည်း မီးကူးစက်လောင်ကျွမ်းခဲ့ကာ အိမ်ခြေအချို့ မီးဘေးသင့်ခဲ့ရပြီး ယခုအခါ အဆိုပါမီးကို ထိန်းချုပ်နိုင်သွားပြီ ဖြစ်ကြောင်း၊ သေဆုံးသူ အရေအတွက်က ထပ်မြင့်လာဖွယ် ရှိနေကြောင်း ခရိုင်အရာရှိကြီးတစ်ဦး က ပြောကြား ခဲ့သည်။

အိန္ဒိယ သဘာဝဓာတ်ငွေ့ အာဏာပိုင် အဖွဲ့အစည်းသည် အိန္ဒိယနိုင်ငံအနှံ့ ဓာတ်ငွေ့ထုတ်လုပ်ရေး နေရာ ခုနစ်ခုမှ နေ၍ နိုင်ငံလုံးအနှံ့ ပိုက်လိုင်း ကွန်ရက် ၆၈၄၀ မိုင်ဖြင့် သဘာဝဓာတ်ငွေ့များ ဖြန့်ဝေလျက်ရှိသည်။ ယခုလ အစောပိုင်းကလည်း ချာတစ်စ်ဂါပြည်နယ်ရှိ အကြီးဆုံး သံမဏိ စက်ရုံကြီးတွင် ပေါက်ကွဲမှုတစ်ခု၏ နောက်ဆက်တွဲအဖြစ် ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ခဲ့ရာ အနည်းဆုံး လူခြောက်ဦး သေဆုံး သွားခဲ့ရသေးသည်။

The Voice Weekly

No comments:

Post a Comment