Monday 30 June 2014

နောက်ကြောင်းပြန် အခွန်ကြောင့် အခွန်လာဆောင်သူ ငါးဆယ်ခန့်ရှိ

အိမ်၊ ခြံ၊ မြေ၊ ဂိုဒေါင်၊ စက်ရုံနဲ့ အဆောက်အအုံ စီးပွားဖြစ် ငှားရမ်းမှုအတွက် အခွန်မဆောင်ထားသူ ၅၀ ခန့် ဟာ အခွန်လာဆောင်ပါတယ်။ နောက်ကြောင်းပြန် အခွန် (အနည်းဆုံးသုံးနှစ်စာ) ပြန်လည် ပေးဆောင် ရမှာ ဖြစ်တဲ့အတွက် အခုလို ပေးတာ ဖြစ်တယ်လို့ အစိုးရက ဆိုပါတယ်။

အခုလာဆောင်တဲ့ သူတွေထဲမှာ နောက်ကြောင်းပြန် အခွန်ဆောင်ရမယ့်သူတွေ မပါဘူးလို့ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။ “ပြီးခဲ့တဲ့နှစ်ကမှ စလုပ်တဲ့လူတွေ လာဆောင် တာများတယ်။ ဒါပေမဲ့ သူတိုကိုလည်း ကြိုတင်ခွန်တွေတော့ ယူထားပါတယ်” လို့ သူက ဆိုပါ တယ်။

စီးပွားဖြစ် ငှားရမ်းတဲ့ လုပ်ငန်းကနေ အခွန်ပေးဆောင်တာ နည်တဲ့အတွက် လုပ်ငန်း လုပ်ကိုင်သူတွေ အချက် အလက် အတိအကျကို ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ လာရောက်ပို့ဆောင်ရမယ်လို့ နိုင်ငံပိုင် သတင်းစာကနေ ကြေညာထားပါတယ်။

ကြေညာပြီး နှစ်ပတ်အတွင်းမှာပဲ အခုလို အခွန်လာဆောင်တာ ဖြစ်ပြီးတော့ အချက်အလက် လာရောက်ပေး သူ မှာလည်း ၁၅၀ ဦးခန့်ရှိတယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက သိရပါတယ်။ အမြတ်အစွန်းများထဲက အနည်းငယ်ကိုသာ အခွန် ပေးဆောင်ရမှာဖြစ်တဲ့အတွက် အိမ်ခန်း ငှားခတွေ ဈေးတက်လာ နိုင်မည် မဟုတ်ဘူးလို့ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက သုံးသပ်ပါတယ်။ အခွန်လာမကောက်သလို အခွန်ဆောင်ဖို့ အကြောင်းလည်း မကြားတဲ့အတွက် အခွန်မဆောင်ဖူးဘူးလို့ ပန်းပဲတန်းမြို့နယ်မှာရှိတဲ့ ရသာကွန်ဒိုက အုပ်ချုပ်ရေးမှူး အမျိုးသမီးက ပြောပါတယ်။

“ကွန်ဒို စဆောက်တုန်းကတော့ ပြည်တွင်းအခွန်ကို တစ်ခါဆောင်ဘူးတယ်။ အဲ့ဒီနောက်ပိုင်း မဆောင်တော့ ဘူး။ တစ်နှစ်တစ်ခါ ပုံမှန်ဆောင်နေရတာတော့ စည်ပင်ကလာကောက်တဲ့ အခွန်ပဲရှိတယ်” လို့ သူက ဆိုပါ တယ်။ အိမ်၊ ခြံ၊ မြေ၊ ဂိုဒေါင်၊ စက်ရုံနဲ့ အဆောက်အအုံ စီးပွားဖြစ် ငှားရမ်းသူတွေဟာ အဆောက်အုံနဲ့ မြေ တည်ရှိရာ လိပ်စာ၊ ပိုင်ရှင်အမည်၊ နေရပ်နဲ့ တယ်လီဖုန်း နံပတ်၊ ငှားရမ်းထားသူ အမည်၊ ငှားရမ်းသည့် ကာလ၊ တစ်လငှားရမ်းခ စတဲ့ အချက်တွေကို လာပေးရမယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက ကြေညာ ထားပါတယ်။

The Voice Weekly 

No comments:

Post a Comment