Saturday 28 June 2014

Avicii ဖျော်ဖြေပွဲအပြီး ပရိသတ် အယောက် ၃၆ယောက် ဆေးရုံတင်ခဲ့ရ

Photo: Avicii ဖျော်ဖြေပွဲအပြီး ပရိသတ် အယောက် ၃၆ယောက် ဆေးရုံတင်ခဲ့ရ
Saturday, June 28, 2014 
   
Electro House ၊ Progressive House ဂီတအမျိုးအစားတွေကို အမိုက်စား ချပြနိုင်ခဲ့တဲ့ Avicii ရဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့  ဘောစတွန်ဖျော်ဖြေပွဲအပြီးမှာ ပရိသတ် ၃၆ယောက်ကို ဆေးရုံကို ပို့ခဲ့ရတယ်လို့ သိရပြီး အဲ့ဒီ ၃၆ယောက်စလုံး ဟာ ဆေးတွေ၊ အရက်တွေ အလွန်အကျွံသောက်သုံးမှုကြောင့် ခုလို ဆေးရုံပို့ရတဲ့အထိ ဖြစ်ခဲ့တာလို့ သိရပါတယ်။ 

ဒါ့အပြင် နောက်ထပ် အယောက် ၅၀ဟာလည်း ပွဲကျင်းပရာနေရာမှာ ဆေးနဲ့အရက် စတာတွေကြောင့်ပဲ ပုံပျက်ပန်းပျက် လဲကျနေတာကို ဖေးကူခဲ့ကြရသေးပါတယ်တဲ့။ အဲ့ဒီပွဲကိုလာတဲ့ အသက်၁၉နှစ်အရွယ် Mike Santostefano ကတော့ ကြမ်းပြင်ပေါ်မှာ အသက်တောင် မနည်းရှုခဲ့ရတယ်လို့ ဆိုတဲ့အပြင် ပွဲရဲ့တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ Michael Bosse ကလည်း ဆေးနဲ့နွယ်ပြီး ပြဿဿ       နာတွေ တော်တော်ကြီးသွားခဲ့တာ။ တစ်ချို့ဆို လူမှန်းသူမှန်းတောင် မသိကြတော့ဘူး။ ဒီပွဲဟာ အကောင်းဆုံးနဲ့ အဆိုးဆုံးဖြစ်ခဲ့ပါတယ်လို့ ဖွင့်ဟသွားပါတယ်။ Avicii ကတော့ twitter မှာ "ညတုန်းက အခြေအနေတွေ တော်တော်ဆိုးတယ်လို့ သတင်းတွေကြားရပါတယ်။ အဲ့ဒီအတွက် စိတ်မကောင်းပါဘူး။ ပရိသတ်တွေအားလုံး အဆင်ပြေပြီး သူတို့ရဲ့ မိသားစုဝင်တွေလည်း စိတ်အေးကြရမယ်လို့ မျှော်လင့်ပါတယ်" လို့ ဆိုထားပါတယ်။

Trend Myanmar

No comments:

Post a Comment