Sunday 29 June 2014

Golden Gate တံတားကြီးတွင် သေကြောင်းကြံမှု တားဆီးသည့် ပိုက်ကွန်များ စတင်တပ်ဆင်မည်

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်ဆစ္စကို ပင်လယ်အော်ရှိ နာမည်ကျော် Golden Gate တံတားကြီးတွင် သေကြောင်းကြံမှု တားဆီးသည့် ပိုက်ကွန်များ စတင်တပ်ဆင်တော့မည်ဟု သိရှိရသည်။
ကူးသန်းပို့ဆောင်ရေးဌာန တာဝန်ရှိသူများက အမေရိကန်နိုင်ငံတွင် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု အများဆုံး စာရင်းဝင် နေရာတစ်ခု ဖြစ်နေသည့် အထင်ကရ တံတားကြီးတွင် ပိုက်များတပ်ဆင်ရန်အတွက် ငွေကြေး သုံးစွဲမည့် အစီအစဉ်ကို သဘောတူညီခဲ့ကြသည်။

Golden Gateတွင် သေကြောင်းကြံစည်မှု တားဆီးရေး စီမံကိန်းများအတွက် ရန်ပုံငွေ ဒေါ်လာ(၇၆)သန်း သုံးစွဲမည်ဖြစ်ပြီး ယင်း၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ပိုက်ကွန်များ တပ်ဆင်မှုလည်း ပါဝင်လာမည် ဖြစ်သည်။

တံတား၏ တစ်ဖက်တစ်ချက်စီတွင် ပေ(၂၀)စီ အကျယ်ရှိသည့် ပိုက်ကွန်များ ထားရှိမည်ဖြစ်ပြီး စီမံကိန်းကို (၂၀၁၈)တွင် အဆုံးသတ်နိုင်ရန် မျှော်လင့်ထားသည်။ တံတားကြီး၏ အရှည်မှာ (၁.၇)မိုင်မျှရှိရာ ပိုက်ကွန်အရှည် စုစုပေါင်း (၃.၅)မိုင်စာမျှ တပ်ဆင်ရမည့် သဘောဖြစ်သည်။
Golden Gate တံတားကြီးကို (၁၉၃၇)ခုနှစ်က စတင်ဖွင့်လှစ်ပြီးနောက်ပိုင်း ကောက်ယူနိုင်ခဲ့သမျှ စာရင်းများအရ လူပေါင်း(၁၄၀၀)ကျော် တံတားပေါ်မှ ခုန်ချပြီး အဆုံးစီရင်ခဲ့ကြောင်း သိရသည်။ (၂၀၁၃)တစ်နှစ်တည်းတွင်ပင် တံတားပေါ်မှ ခုန်ချသတ်သေသူ (၄၆)ဦးထိ ရှိခဲ့သည်။

www.7daydaily.com

No comments:

Post a Comment