Sunday 29 June 2014

လူထုအခြေပြုသတင်းအချက်အလက်စင်တာ ၂၀၀ တယ်လီနောတည်ဆောက်မည်


တယ်လီနောမြန်မာကုမ္ပဏီက မြန်မာအိုင်စီတီဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (MIDO)နှင့် ပူးပေါင်း၍ လူထု အခြေပြုသတင်းအချက်အလက်စင်တာ ၂၀၀ ခန့် တည်ထောင်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရ ရှိသည်။ကနဦးစီမံကိန်းအနေဖြင့် စင်တာငါးခုကို ရန်ကုန်၊ နေပြည်တော်၊ ပဲခူးတ၊ ဧရာဝတီ တိုင်းဒေသကြီးများနှင့် ကရင်ပြည်နယ်တို့တွင် တည်ဆောက်မည်ဟု တယ်လီနောမြန်မာကုမ္ပဏီမှ သိရ သည်။‘‘ဒီပူးပေါင်းဆောင်ရွက်မှုက မြန်မာနိုင်ငံတစ်နိုင်ငံလုံးက ကျေးလက်ဒေသနေထိုင်သူတွေနဲ့ အပြင် ကမ္ဘာကို ဆက်သွယ်မှုပေးအပ်နိုင်မှာဖြစ်ပါတယ်။ အရင်က ကွန်ရက်ချိတ်ဆက်မှုကို အတွေ့အကြုံမရှိသူတွေ၊ သတင်းအချက်အလက်တွေကိုလွယ်လွယ်ကူကူမရနိုင်ခဲ့သူတွေအတွက်အသိပညာဖြန့်ဖြူးပေးမှာဖြစ်ပါတယ်။ CIC တွေ တည်ဆောက်တယ်ဆို တာအစပါ။ နောက်ဆို သင်ကြားမှုတွေ၊ လေ့ကျင့်မှုတွေပါ ပေးသွားချင်ပါ တယ်’’ဟု ကုမ္ပဏီတာဝန်ရှိသူက ပြောကြားသည်။

အဆိုပါစင်တာများမှာ ကျောင်းသား၊ ကျောင်းသူများအတွက် မိုဘိုင်းဝန်ဆောင်မှုများ၊ အင်တာနက် အသုံးပြုမှုတိုးတက်လာစေရန်နှင့် ဒစ်ဂျစ်တယ်နည်းပညာများ နားလည်တတ်ကျွမ်းလာစေရန်ဖြစ်ပြီး သက်ဆိုင်ရာဒေသအတွင်းရှိ လယ်သမားများနှင့် ရွာသူရွာသားများ အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။လူထုအခြေပြု သတင်းအချက်အလက်စင်တာများကို တယ်လီနောမြန်မာက ရွေးချယ်မည့် ပြည်တွင်းရှိ လူမှုစီးပွားရေးလုပ်ငန်းရှင်များက ဆောင်ရွက်မည်ဖြစ်ပြီး ဆက်သွယ်ရေး ကုမ္ပဏီများက အင်တာနက်ချိတ်ဆက်မှုနှင့် ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
တယ်လီနောမြန်မာကုမ္ပဏီသည် လာမည့်စက်တင်ဘာတွင် မိုဘိုင်းဆင်းမ်ကတ်များရောင်းချပေးမည်ဖြစ်ပြီး လက်ရှိတွင် ပြည်တွင်းရှိ မြန်မာအိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MIDO)တို့နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှုလက်မှတ်များလည်း ရေးထိုးထားရာအခြားသောအစိုးရနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများ နှင့်လည်းဆက်သွယ်ရေးဝန်ဆောင်မှုများပူးပေါင်း လုပ်ကိုင်သွားရန်ရှိကြောင်း တယ်လီနောမြန်မာကုမ္ပဏီမှ သတင်းရရှိသည်။
7Day Daily

No comments:

Post a Comment