Thursday 26 June 2014

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ကစားသမားများတွင် စပွန်ဆာကြေးအများဆုံးရသည့် ကစားသမားအဖြစ် စီရော်နယ်ဒို ဦးဆောင်

Photo: ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ကစားသမားများတွင် စပွန်ဆာကြေးအများဆုံးရသည့် ကစားသမားအဖြစ် စီရော်နယ်ဒို ဦးဆောင်
Thursday, June 26, 2014

ပေါ်တူဂီတိုက်စစ်ကစားသမား စီရော်နယ်ဒိုသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားများတွင် စပွန်ဆာကြေးအများဆုံး ရရှိသော ကစားသမားအဖြစ် ဦးဆောင်လျက်ရှိသည်။ စီရော်နယ်ဒို၏နောက်တွင် အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက ရပ်တည်နေပြီး ၎င်းတို့၏နောက်တွင် နေမာ၊ မူလာ၊ အိုဇေးလ်နှင့် ရွန်နီတို့က အစဉ်လိုက်ရပ်တည်လျက်ရှိသည်။

နိုက်ကုမ္ပဏီမှ စပွန်ဆာပေးထားသည့် စီရော်နယ်ဒိုသည် တစ်နှစ်လျှင် ပေါင် ၁၄.၁ သန်းရရှိပြီး ထိပ်ဆုံးတွင် ရပ်တည်နိုင်ခြင်း ဖြစ်သည်။ စီရော်နယ်ဒို၏အဓိကပြိုင်ဘက် မက်ဆီမှာ adidas ကုမ္ပဏီမှ စပွန်ဆာပေးထားခြင်းဖြစ်ပြီး တစ်နှစ်လျှင် ပေါင် ၁၃.၆ သန်းရရှိနေသည်။
ဂျာမန်လူမျိုး ဒေါက်တာပီတာရိုမန်၏ သုတေသနပြုချက်အရ ဘရာဇီးတိုက်စစ်မှူးနေမာမှာ နိုက်ကုမ္ပဏီ၏စပွန်ဆာ ရရှိထားသူဖြစ်ပြီး တစ်နှစ်လျှင် ပေါင် ၉.၅ သန်းဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။
အင်္ဂလန်အသင်းမှာ ပြိုင်ပွဲမှ စောစောစီးစီး ထွက်ခွာခဲ့ရသော်လည်း စပွန်ဆာ အများဆုံး ရရှိသော ကစားသမားစာရင်းတွင် ရွန်နီ၊ ဂျရတ်နှင့် လမ်းပတ်တို့ သုံးဦးအထိ ပါဝင်ခဲ့သည်။

ချီလီနီကို ကိုက်ခဲ့သည့် ဆွာရက်ဇ်သည်လည်း ထိုစာရင်းတွင် ပါဝင်ခဲ့သည်။ adidas ကုမ္ပဏီမှ စပွန်ဆာပေးထားသည့် ဆွာရက်ဇ်သည် တစ်နှစ်လျှင် ပေါင် ၃ သန်းဖြင့် အဆင့် ၁၀ နေရာတွင် ရပ်တည်နေသည်။
ထိပ်ဆုံးကစားသမား ၁၀ ဦးစာရင်းတွင် နိုက်ကုမ္ပဏီမှ စပွန်ဆာပေးထားသော ကစားသမား သုံးဦး၊ adidas ကုမ္ပဏီမှ စပွန်ဆာပေးထားသော ကစားသမား ခြောက်ဦးနှင့် ပူးမား ကုမ္ပဏီမှ စပွန်ဆာပေးထားသော ကစားသမား တစ်ဦး ပါဝင်ခဲ့သည်။

Mizzima Sport News
ပေါ်တူဂီတိုက်စစ်ကစားသမား စီရော်နယ်ဒိုသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားများတွင် စပွန်ဆာကြေး အများဆုံး ရရှိသော ကစားသမားအဖြစ် ဦးဆောင်လျက်ရှိသည်။ စီရော်နယ်ဒို၏နောက်တွင် အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက ရပ်တည်နေပြီး ၎င်းတို့၏နောက်တွင် နေမာ၊ မူလာ၊ အိုဇေးလ်နှင့် ရွန်နီတို့က အစဉ်လိုက်ရပ်တည်လျက်ရှိသည်။

နိုက်ကုမ္ပဏီမှ စပွန်ဆာပေးထားသည့် စီရော်နယ်ဒိုသည် တစ်နှစ်လျှင် ပေါင် ၁၄.၁ သန်းရရှိပြီး ထိပ်ဆုံးတွင် ရပ်တည်နိုင်ခြင်း ဖြစ်သည်။ စီရော်နယ်ဒို၏အဓိကပြိုင်ဘက် မက်ဆီမှာ adidas ကုမ္ပဏီမှ စပွန်ဆာပေးထားခြင်းဖြစ်ပြီး တစ်နှစ်လျှင် ပေါင် ၁၃.၆ သန်းရရှိနေသည်။

ဂျာမန်လူမျိုး ဒေါက်တာပီတာရိုမန်၏ သုတေသနပြုချက်အရ ဘရာဇီးတိုက်စစ်မှူးနေမာမှာ နိုက်ကုမ္ပဏီ၏ စပွန်ဆာ ရရှိထားသူဖြစ်ပြီး တစ်နှစ်လျှင် ပေါင် ၉.၅ သန်းဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။

အင်္ဂလန်အသင်းမှာ ပြိုင်ပွဲမှ စောစောစီးစီး ထွက်ခွာခဲ့ရသော်လည်း စပွန်ဆာ အများဆုံး ရရှိသော ကစားသမား စာရင်းတွင် ရွန်နီ၊ ဂျရတ်နှင့် လမ်းပတ်တို့ သုံးဦးအထိ ပါဝင်ခဲ့သည်။

ချီလီနီကို ကိုက်ခဲ့သည့် ဆွာရက်ဇ်သည်လည်း ထိုစာရင်းတွင် ပါဝင်ခဲ့သည်။ adidas ကုမ္ပဏီမှ စပွန်ဆာပေး ထား သည့် ဆွာရက်ဇ်သည် တစ်နှစ်လျှင် ပေါင် ၃ သန်းဖြင့် အဆင့် ၁၀ နေရာတွင် ရပ်တည်နေသည်။

ထိပ်ဆုံးကစားသမား ၁၀ ဦးစာရင်းတွင် နိုက်ကုမ္ပဏီမှ စပွန်ဆာပေးထားသော ကစားသမား သုံးဦး၊ adidas ကုမ္ပဏီမှ စပွန်ဆာပေးထားသော ကစားသမား ခြောက်ဦးနှင့် ပူးမား ကုမ္ပဏီမှ စပွန်ဆာပေးထားသော ကစားသမား တစ်ဦး ပါဝင်ခဲ့သည်။

Mizzima Sport News

No comments:

Post a Comment