Monday 30 June 2014

လောပိတရေအားလျှပ်စစ်စက်ရုံ အကြီးစားပြင်ဆင်ရန် ဂျပန်ကူညီ

Photo: လောပိတရေအားလျှပ်စစ်စက်ရုံ အကြီးစားပြင်ဆင်ရန် ဂျပန်ကူညီ
Monday, June 30, 2014 

လောပိတရေအားလျှပ် စစ်စက်ရုံအမှတ် (၂) ကို အကြီးစားပြုပြင်မွမ်းမံရန် အတွက် ဂျပန် နိုင်ငံက ယန်းသန်းခြောက်ထောင် ကျော်(ဒေါ်လာသန်းခြောက် ဆယ် ကျော်)တန်ဖိုးရှိ အကူအညီပေး ထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ လျှပ်စစ်မီးဖြန့်ဝေပေးနေသည့် ဘီလူးချောင်းအမှတ် (၂) ရေအား လျှပ်စစ်စက်ရုံ(လောပိတ) မှာ နှစ်ပေါင်းငါးဆယ်ကျော်သက်တမ်း ရှိပြီး ပြုပြင်ရန်လိုအပ်လာသည့် အတွက် ဂျပန်နိုင်ငံအစိုးရအကူ အညီဖြင့် ပြုပြင်သွားမည်ဟု လျှပ် စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးကပြောသည်။

ထိုသို့ပြုပြင်နိုင်ရန်အတွက် ဂျပန်နိုင်ငံက ယန်း ၆၆၆၉ သန်း တန်ဖိုးရှိ တာဘိုင်များ၊ ထရန်စ ဖော်မာများကူညီပေးသွားမည် ဖြစ်ပြီး ပြင်ဆင်ရေးကို စက်တင် ဘာ(သို့) အောက်တိုဘာတွင် ပြုလုပ်သွားမည်ဟု ၎င်းကပြော သည်။

ပြုပြင်ရာတွင်လည်း လျှပ် စစ်မီးဖြန့်ဝေမှုကို ရပ်ဆိုင်းထား မည်မဟုတ်ဘဲ စက်တစ်ခုချင်းစီ ကို ပြုပြင်သွားမည်ဖြစ်သည့်အ တွက် ပုံမှန်မီးအားပေးနေ မည်ဟု ၎င်းကဆိုသည်။

‘‘ပြုပြင်တယ်ဆိုတာ စက်အားလုံးကို ရပ်လိုက်မှာမဟုတ် ဘူး။ တစ်လုံးပြင်ပြီးမှ နောက် တစ်လုံးပြင်မှာဖြစ်တဲ့အတွက် မီး ကတော့ ပုံမှန်ပေးနေမှာ’’ဟု ၎င်း ကဆက်လက်ပြောသည်။

ဘီလူးချောင်းအမှတ် (၂) ရေအားလျှပ်စစ်စက်ရုံ(လောပိ တ)သည် ၁၉၆၀ ပြည့်နှစ်ကတည်းက ဓာတ်အားစတင်ထုတ်လွှင့်ပေးခဲ့ပြီး တစ်နိုင်ငံလုံးသို့ ၁၆၈ မဂ္ဂါဝပ် ထုတ်လွှတ်ပေးလျက်ရှိကြောင်း သိရသည်။

7Day DAILY 

လောပိတရေအားလျှပ်စစ်စက်ရုံကို အပေါ်စီးမှ မြင်တွေ့ရစဉ် (ဓာတ်ပုံ - abbsoluteright)
လောပိတရေအားလျှပ်စစ်စက်ရုံကို အပေါ်စီးမှ မြင်တွေ့ရစဉ် (ဓာတ်ပုံ - abbsoluteright)
လောပိတရေအားလျှပ် စစ်စက်ရုံအမှတ် (၂) ကို အကြီးစားပြုပြင်မွမ်းမံရန်အတွက် ဂျပန် နိုင်ငံက ယန်းသန်းခြောက်ထောင် ကျော်(ဒေါ်လာသန်းခြောက်ဆယ် ကျော်)တန်ဖိုးရှိ အကူအညီပေး ထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ လျှပ်စစ်မီးဖြန့်ဝေပေးနေသည့် ဘီလူးချောင်းအမှတ် (၂) ရေအား လျှပ်စစ်စက်ရုံ(လောပိတ)မှာ နှစ်ပေါင်းငါးဆယ်ကျော်သက်တမ်း ရှိပြီး ပြုပြင်ရန်လိုအပ်လာသည့် အတွက် ဂျပန်နိုင်ငံအစိုးရ အကူ အညီဖြင့် ပြုပြင်သွားမည်ဟု လျှပ် စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးကပြောသည်။

ထိုသို့ပြုပြင်နိုင်ရန်အတွက် ဂျပန်နိုင်ငံက ယန်း ၆၆၆၉ သန်း တန်ဖိုးရှိ တာဘိုင်များ၊ ထရန်စ ဖော်မာများ ကူညီပေးသွားမည် ဖြစ်ပြီး ပြင်ဆင်ရေးကို စက်တင် ဘာ(သို့) အောက်တိုဘာတွင် ပြုလုပ်သွားမည်ဟု ၎င်းကပြော သည်။

ပြုပြင်ရာတွင်လည်း လျှပ် စစ်မီးဖြန့်ဝေမှုကို ရပ်ဆိုင်းထား မည်မဟုတ်ဘဲ စက်တစ်ခုချင်းစီ ကို ပြုပြင်သွား မည်ဖြစ်သည့်အ တွက် ပုံမှန်မီးအားပေးနေမည်ဟု ၎င်းကဆိုသည်။

‘‘ပြုပြင်တယ်ဆိုတာ စက်အားလုံးကို ရပ်လိုက်မှာမဟုတ် ဘူး။ တစ်လုံးပြင်ပြီးမှ နောက် တစ်လုံးပြင်မှာဖြစ်တဲ့ အတွက် မီး ကတော့ ပုံမှန်ပေးနေမှာ’’ဟု ၎င်း ကဆက်လက်ပြောသည်။

ဘီလူးချောင်းအမှတ် (၂) ရေအားလျှပ်စစ်စက်ရုံ(လောပိ တ)သည် ၁၉၆၀ ပြည့်နှစ်ကတည်းက ဓာတ်အား စတင် ထုတ်လွှင့်ပေးခဲ့ပြီး တစ်နိုင်ငံလုံးသို့ ၁၆၈ မဂ္ဂါဝပ် ထုတ်လွှတ်ပေးလျက်ရှိကြောင်း သိရသည်။

7Day DAILY 

No comments:

Post a Comment