Sunday 29 June 2014

မိသားစုကိုဆန့်ကျင်၍ အိမ်ထောင်ပြုခဲ့သော ပါကစ္စတန်စုံတွဲကို မိန်းကလေးဘက်က လည်လှီးသတ်

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့ အရှေ့တောင်ဘက် မိုင် ၁၀၀ အကွာရှိ ကျေးရွာတစ်ရွာတွင် မိသားစု ကို ဆန့်ကျင်၍ အိမ်ထောင်ပြုခဲ့သော လူငယ်စုံတွဲတစ်တွဲကို မိန်းကလေးရှင် မိသားစုက လည်လှီး သတ်ခဲ့သည် ဟု ပါကစ္စတန်ရဲတပ်ဖွဲ့က ဇွန်လ ၂၈ ရက်တွင် ပြောသည်။အသက် (၁၇) နှစ်အရွယ် မာဖီယာ ဘီဘီနှင့် အသက် (၃၁) နှစ်အရွယ် မူဟာမက်ဆာဂျစ်တို့ သည် မိသားစုသဘောမတူသည့် ကြားမှ ဇွန်လ ၁၈ ရက်တွင် လက် ထပ်ခဲ့ကြသည်။ဘီဘီ၏ မိဘ နှစ်ပါးသည် ဇွန်လ ၂၆ ရက် ညတွင် ဘီဘီတို့ ဇနီးမောင်နှံအား အိမ်သို့ပြန်လာ ရန် သွေးဆောင်ခေါ်ယူခဲ့ပြီး နောက် အိမ်သို့ ရောက်ရှိချိန်တွင် ၎င်းတို့ကို ကြိုးတုပ်၍ ဘီဘီ၏ ဖခင်က လည်လှီးခဲ့ကြောင်း ပါ ကစ္စတန် ရဲအရာရှိ ရာနာဇာရှစ် က ပြောသည်။ ဘီဘီ၏ မိဘများနှင့် ဆွေမျိုးများက သမီးဖြစ်သူ ဘီဘီ ကြောင့် အရှက်ရပြီး ဂုဏ်သိက္ခာအတွက် ဘီဘီတို့ ဇနီးမောင်နှံကိုသတ် ခဲ့ခြင်းဖြစ်ကြောင်း ၀န်ခံခဲ့သည်ဟု ရဲအရာရှိတစ်ဦးဖြစ်သော ဂိုဟာနာဖီးစ်ကပြောသည်။

ဘီဘီ၏ခင်ပွန်းဖြစ်သူမှာ ယခင်ကအိမ်ထောင်ကျဖူးသူဖြစ်၍ ဆွေမျိုးများက မင်္ဂလာပွဲကို သဘောမတူခဲ့ ခြင်းဖြစ်သည်ဟု နာဖီးလ်က ပြောသည်။ပါကစ္စတန်နိုင်ငံရှိ ဒေသ များစွာတွင် ဣနြေ္ဒမဲ့ အပြုအမူ ပြုလုပ်သည့် အမျိုးသမီးအား သတ်ဖြတ်ခြင်းကို ယဉ်ကျေးမှု ထုံးတမ်းအရ လက်ခံကြသည်။ပါကစ္စတန်နိုင်ငံတွင် မိသား စု၏ ဆန္ဒကို ဆန့်ကျင်သော အမျိုးသမီးသည် မိသားစုအပေါ် စော်ကားသူဟု မှတ်ယူခံရပြီး ၂၀၁၃ ခုနှစ်တွင် ဂုဏ်သိက္ခာအတွက် သတ်ဖြတ်ခံရသောပါကစ္စတန်အမျိုးသမီး ၈၆၉ ဦးရှိသည် ဟု မီဒီယာများက ဖော်ပြ ခဲ့ကြောင်း ပါကစ္စတန်လူ့အခွင့်အရေး ကော် မရှင်အဖွဲ့က ပြောသည်။ ဂုဏ်သိက္ခာအတွက် လူသတ်သူသည် ပြစ်မှုထင်ရှားလျှင်ပင် မိသားစုဝင်များက ယင်းလူသတ်သမားကို ခွင့်လွှတ်နိုင်သည် ဟု ပါကစ္စတန်ဥပဒေက အဓိပ္ပာယ် သက်ရောက်သည်။ ပြီးခဲ့သည့်လကလည်း မိသားစုက သဘောမတူသည့်လူဖြင့် လက်ထပ်ခဲ့ သော ကိုယ်ဝန် ဆောင်အမျိုးသမီးကို မိန်းကလေး ရှင်မိသားစုက အုတ်ခဲများဖြင့် အ သေထုသတ်ခဲ့ကြသည်။
7daydaily

No comments:

Post a Comment