Friday 27 June 2014

တက္ကသိုလ်ဝင်တန်း အမှတ်အများဆုံး ရသူများကို ပထမဆုံးအကြိမ် ထုတ်ပြန်

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ် နိုင်ငံလုံးသိပ္ပံနှင့် ၀ိဇ္ဇာဘာသာတွဲများတွင် အမှတ်အများဆုံးရရှိသူ ၂၂ ဦးကို အစိုးရ၏ နိုင်ငံပိုင်ရုပ်သံမီဒီယာမှ ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာ လိုက်သည်။
မြန်မာတစ်နိုင်ငံလုံးတွင် သိပံ္ပဘာသာတွဲ၌ အမှတ်အများဆုံးရရှိသူ ၁၀ ဦးနှင့် ၀ိဇ္ဇာဘာသာတွဲတွင်အမှတ် အများဆုံးရရှိသူ ၁၂ ဦးတို့ကို ဇွန်လ ၂၆ ရက် မြန်မာ့ရုပ်မြင်သံကြားသတင်း၌ ထုတ်ပြန်ကြေညာ ခဲ့ခြင်းလည်း ဖြစ်သည်။

သိပံ္ပဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး အဖြစ် စုစုပေါင်းရမှတ် ၅၅၈ မှတ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း (TTC) မှ မသီရိထက်နိုင်က ရရှိခဲ့ပြီး ၀ိဇ္ဇာဘာသာတွဲတွင် ၅၀၀ မှတ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် အထကခွဲရွှေကျောင်းမှ မသင်းသင်းလှိုင်က အမှတ်အများဆုံးရရှိခဲ့ခြင်းဖြစ်သည်။ သိပံ္ပဘာသာတွဲ အမှတ်အများဆုံး ၁၀ ဦးတွင် အမှတ်အများဆုံးမှာ ၅၅၈ မှတ်ဖြစ်ပြီး အနည်းဆုံးအမှတ် ၅၅၂ မှတ်ဖြစ်သည်။ ထို့အတူ ၀ိဇ္ဇာဘာသာတွဲတွင် အမှတ်အများဆုံး ၁၂ ဦးတွင် အများဆုံးရမှတ်မှာ ၅၀၀ မှတ်ဖြစ်ပြီး အနည်းဆုံးမှာ ၄၇၄ မှတ်ဖြစ်သည်။

သိပံ္ပဘာသာတွဲအမှတ်အများဆုံး ၁၀ ဦးတွင် ယောက်ျားလေးသုံးဦးသာပါဝင်ခဲ့ပြီး ၀ိဇ္ဇာဘာသာတွဲ အမှတ်အများဆုံး ၁၂ ဦးမှာ မိန်းကလေးများသာဖြစ်သည်။

7 Day Daily

No comments:

Post a Comment