Tuesday 6 November 2012

အမေရိကပြည်ထောင်စုရောက် ရခိုင်မိသားစုများ ရခိုင်ဒုက္ခသည်များကို မြန်မာကျပ်ငွေ သန်း ( ၂၀ ) ခန့်  တဖွဲဖွဲ လှူဒန်းနေကြ

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွါးရာတွင် မိမိမြို့ ရွာမှာနေ မိမိရပ်ကွက်မှာစား မိမိတို့ မိသားစုနှင့် အေးအတူ ပူအမျှ နေထိုင်ကြသော ရခိုင်လူမျိုးတို့ မှာ တိုင်းတပါးမှ ခိုးဝင်လာသူဘင်္ဂလီကုလားများကြောင့် နေအိမ်များ မီးရို့ ခံရခြင်း ၊ သတ်ဖြတ်ခံရခြင်း ၊ အိုးမဲ့ အိမ်မဲ့  လယ်မဲ ယာမဲ့ ဖြစ်ရခြင်းတို့ ကြောင့် ဒုက္ခသည်များအဖြစ် ကျရောက် သွားရသည် ။ မိမိတို့ မိဖညီအကို ဆွေမျိုးသားချင်းတို့ ၏ ဒုက္ခသည်များဘ၀မှ နဂိုရ်မူလ အခြေ အနေ ထိရောက်အောင် အမေရိကပြည်ထောင်စုရောက် ရခိုင်လူမျိုးမိသားစုများက ၀ိုင်းဝန်း ကူညီထောက် ပံ့ရေး အစီအစဉ်များ ပြုလုပ်တိုင်ပင်ညှိနိုင်းကြကာ ရံပုံငွေအလှူငွေများကို စုဆောင်းကောက် ခံကြပြီးဖြစ် သည် ။
အမေရိကပြည်ထောင်စုအိုင်အိုဝါးပြည်နယ်မှရခိုင်အမျိုးသားရေးအသင်းတွင်ပူးပေါင်းထည့်ဝင်သည့် မြောက် ကာရိုလိုင်းနားပြည်နယ် ၊ ဖလော်ရီဒါပြည်နယ် ၊ မီရှီဂန်ပြည်နယ်တို့ မှ ရံပုံငွေအလှူငွေများ ကို လွန် ခဲ့  သည့်နေ့ က ( ဒေါ်လာ-၁ရ၀၀၀ ) ကို ပေးအပ်ခဲ့ ကြပြီး ယနေ့ တွင် အင်ဒီးယားနာပြည်နယ် မှ မျိုးချစ်ရခိုင် မိသားစုများမှ- ( ဒေါ်လာ-ရ၂၀၀ )- အားလုံးစုစုပေါင်း မြန်မာကျပ်ငွေ သန်း( ၂၀ ) နီးကပါးခန့်  ကို ပေးပို့  လှူဒန်းခဲ့ ကြခြင်းဖြစ်သည် ။

ယခုကဲ့ သို့ လှူဒန်းခဲ့ ခြင်းနှင့်ပတ်သက်၍ အင်ဒီးယာနားပြည်နယ်မှ လူငယ်များက ရခိုင်ဒုက္ခသည်များအား လှူဒန်းခြင်းမှာဒုတိယအကြိမ်ဖြစ်သည်ဟု ပြောဆိုပြီးနောင်ကိုလည်းဆက်တိုက်လှူဒန်းမည်ဖြစ်သ လို ဆေး ရုံ တက်ရောက်ကုသနေသော လူနာများအားလည်း စိတ်အားမငယ်ဖို့ နှင့် လူကောင်း ပကတိ အထိ ဖြစ် လာအောင် ကုသစရိတ်များကို ပေးပို့  ကူညီသွားမည်ဟု ပြောဆိုသွားသည် ။ အိုင်အိုဝါးပြည်နယ် ရခိုင် အမျိုးသားရေး အသင်းမှ နာယကကြီး တဦးဖြစ်သူ ဦးဝင်းနိုင်ကလည်း စည်းစည်းရုံးရုံးနဲ့ ရခိုင်လူမျိုးများက ရှိနေသည့်အတွက် အထူးပင်အားရပါကြောင်းနှင့် ဒုက္ခကျရောက်နေသော မိဖပြည်သူများ အား နောင်ကို လည်းဆက်လက်လှူဒန်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ရခိုင်အမျိုးသားညီညွတ်ရေးအသင်းမှ ပြန်ကြားေ ရး တာဝန်ခံ ကိုခိုင်ထွန်းကလည်း ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်များဖြစ်ကြရသော မိဖပြည်သူ ရဟန်းရှင် လူများအား အမေရိကပြည်ထောင်စုရောက် ရခိုင်လူမျိုးများအနေဖြင့် မည်သည့်အချိန်မှာမှ မျက်ကွယ်ပြု၍ မရပါကြောင်း ၊ ယခုကဲ့ သို့  ဖြစ်သွားရသည့် ကံကြမ္မာဆိုးကို ခါးစည်းအောင် ခံစားကြရသည့် မိဖပြည်သူ များအား အတတ်နိုင်ဆုံး ၀ိုင်းဝန်းကူညီ ထောက်ပံ့သွားမည်ဖြစ်ပါကြောင်းနှင့် အခြားသော ပြည်နယ်များမှ ရခိုင်လူမျိုး မိသားစုများကိုလည်း အတိဒုက္ခရောက်နေသော မိဖပြည်သူရှင်လူရဟန်းများအား လှူဒန်းလို ပါက မိမိတို့ ရခိုင် အမျိုးသားရေးအသင်းထံသို့  ဆက်သွယ် လှူဒန်းနိုင်ပြီး မိမိ၏ ဖုံးနံပါတ်မှာ ( ၀၀၁-၆၄၁-၃၅၁-၅၂၉၅ ) ဖြစ်ပါသည်ဟု ပြောဆိုသွားပါသည် ။

ခိုင်အောင်ကျော် ( နယူးယောက် )
ref:RSV

No comments:

Post a Comment