Wednesday 26 September 2012

တစ်သောင်းကျပ်တန် ငွေစက္ကူအတုများပြုလုပ်၍ မန္တလေးမြို့တွင် လိုက်လံအသုံးပြုနေသူများကို ဖမ်းဆီးစစ်ဆေးနေ



တစ်သောင်းကျပ်တန်ငွေစက္ကူ အတုများပြုလုပ်၍ မန္တလေးမြို့အတွင်း လိုက်လံအသုံးပြုနေသူများကို ဖမ်းဆီးစစ်ဆေးနေကြောင်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ သိရှိရသည်။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် မန္တလေးမြို့နေသူ မောင်ပြုံးချိုသည် ပြည်ကြီးတံ ခွန်မြို့ နယ်အတွင်းရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် တစ်သောင်းကျပ်တန် ငွေစက္ကူအတုကို အသုံးပြုခဲ့ရာမှ မသင်္ကာ ၍ စစ်ဆေးခဲ့ရာ ဧရာထွန်း၊ ဆ/၁ ရပ်ကွက်အတွင်းရှိ နေ အိမ်၌ ငွေစက္ကူအတုပြုလုပ်ရာ တွင်အသုံးပြုသည့် စက္ကူပရင်တာစက် တစ်လုံး၊ ကွန်ပျူတာလက်တော့ပ် တစ်လုံး၊ တစ်သောင်းကျပ်တန်ငွေစက္ကူအတု ၂၄ရွက် ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့တစ်သောင်းကျပ်တန်ကို အတုပြုလုပ်၍ အသုံးပြုနေသူကို စစ်ဆေးခဲ့ရာ ပူးပေါင်းကြံစည်သူ   နှစ်ဦးကိုလည်း ဖော်ထုတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကျူးလွန်သူများကို မှုခင်းရဲတပ်ဖွဲ့မှ ဆက်လက် စစ်ဆေးနေပြီး သုံးစွဲခဲ့သည့် တစ်သောင်းကျပ်တန်အတု များကို ပြန်လည်သိမ်းဆည်းလျက်ရှိကြောင်း ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ သိရှိရသည်။
ref:EMG

No comments:

Post a Comment