Friday 26 December 2014

ဘားကမ့် ၂၀၁၅ ကို ဇန်နဝါရီ ၃၁ရက်တွင် ကျင်းပမည်

Photo: ဘားကမ့် ၂၀၁၅ ကို ဇန်နဝါရီ ၃၁ရက်တွင် ကျင်းပမည်
Friday, December 26, 2014

ရန်ကုန်၊ ဒီဇင်ဘာ ၂၅-နည်းပညာ အပါအဝင် အသိပညာနှင့်ပတ်သက်သည့် မည့်သည့်ခေါင်းစဉ်ကိုမဆို ဆွေးနွေးနှီးနှော ဖလှယ်နိုင်မည့် Barcamp 2015 Yangon ကို ဇန်နဝါရီ ၃၁နှင့် ဖေဖော်ဝါရီ၁ရက် တို့တွင် ရန်ကုန်မြို့ လှိုင်မြို့နယ် ရှိ MICT Park တွင် နံနက် ၉ မှ ည နေ ၅နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။

နိုင်ငံတကာတွင် ကျင်းပပြု လုပ်နေသည့်ပုံစံအတိုင်း အဆိုပါ ဘားကမ့်ပွဲကို ကျင်းပသွားမည် ဖြစ်ပြီး နည်းပညာအကြောင်းအရာများနှင့် လူအများစိတ်ပါဝင် စားသည့် အကြောင်းအရာများကို ခေါင်းစဉ် သတ်မှတ်ထားခြင်းမရှိဘဲလွတ်လပ် စွာ ဆွေးနွေးဖလှယ်နိုင်မည်ဖြစ် ကြောင်း သိရသည်။

Barcamp မှ ပြန်ကြားရေးတာ ဝန်ခံ ဦးဇော်ဇော်မျိုးလွင်က''ဘား ကမ့်ပွဲက လူငယ်တွေနဲ့ နှစ်စဉ်စည် စည်ကားကားကျင်းပနေတဲ့ပွဲဖြစ်တယ်။ အားလုံး လွတ်လပ်စွာနဲ့ကိုယ် ကြိုက်နှစ်သက်တဲ့ အကြောင်းအရာကို ခေါင်းစဉ်တစ်ခု ထားပြီး စိတ် ကြိုက်ပြောဆိုဆွေးနွေးလို့ရအောင် လုပ်ပေးသွားမယ်။ တက်ရောက်လာမယ့် လူငယ်တွေအတွက်လဲနည်းပညာနဲ့ တခြားဗဟုသုတတွေ၊ အ ဆက်အသွယ်တွေ ရနိုင်မယ့်ပွဲတော် တစ်ခုပါ''ဟုပြောသည်။

ယင်းဘားကမ့်ပွဲတော်တွင် အိုင်တီ၊ မိုဘိုင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် အခြားသော Topic များနှင့်လည်း ပြောဆိုနိုင်မည့်ပွဲတစ်ခုဖြစ်ကြောင်း၊ အခြားနည်းပညာပွဲများကဲ့သို့ ပညာရှင်များကသာဆွေနွေးရခြင်းမျိုး မဟုတ်ကြောင်း သိရသည်။

ဆက်လက်၍ ဦးဇော်ဇော်မျိုးလွင်က ''Topic တစ်ခုကို ကိုယ်က ရွေး ချယ်ပြီး ဆွေးနွေးမယ်၊ ပွဲလာမယ့်သူတွေကလဲ တစ်ခန်းမှာပဲဆွေးနွေးတာကို ထိုင်နားထောင်ရမှာ မဟုတ်ဘူး။ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းကို ပြော ဆိုနေတဲ့အခန်းကို သွားနားထောင်နိုင်မယ်။ အရမ်း Free ဖြစ်အောင် ပြင် ဆင်ထားတယ်'' ဟု ပြောသည်။

အဆိုပါ ဘားကမ့်ပွဲသို့ ယခင် နှစ်ကျင်းပခဲ့စဉ်က လူဦးရေ ၆၅၀၀ ကျော် တက်ရောက်ခဲ့ပြီး ယင်းပွဲကို ၂၀၁ဝပြည့်နှစ်မှစတင်၍ ရန်ကုန်မြို့၌သာမက နယ်မြို့များတွင်ပါ ကျင်းပပြုလုပ်ခဲ့ပြီး အနည်းဆုံးပြပွဲသို့ လူဦးရေ နှစ်ထောင်ကျော် သုံးထောင်ဝန်းကျင် တက်ရောက်ခဲ့ကြောင်း သိရသည်။

PPT
Democracytoday
နည်းပညာ အပါအဝင် အသိပညာနှင့်ပတ်သက်သည့် မည့်သည့်ခေါင်းစဉ်ကိုမဆို ဆွေးနွေးနှီးနှော ဖလှယ် နိုင်မည့် Barcamp 2015 Yangon ကို ဇန်နဝါရီ ၃၁နှင့် ဖေဖော်ဝါရီ၁ရက် တို့တွင် ရန်ကုန်မြို့ လှိုင်မြို့နယ် ရှိ MICT Park တွင် နံနက် ၉ မှ ည နေ ၅နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။

နိုင်ငံတကာတွင် ကျင်းပပြု လုပ်နေသည့်ပုံစံအတိုင်း အဆိုပါ ဘားကမ့်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး နည်းပညာ အကြောင်းအရာများနှင့် လူအများစိတ်ပါဝင် စားသည့် အကြောင်းအရာများကို ခေါင်းစဉ် သတ် မှတ်ထားခြင်းမရှိဘဲလွတ်လပ် စွာ ဆွေးနွေးဖလှယ်နိုင်မည်ဖြစ် ကြောင်း သိရသည်။

Barcamp မှ ပြန်ကြားရေးတာ ဝန်ခံ ဦးဇော်ဇော်မျိုးလွင်က''ဘား ကမ့်ပွဲက လူငယ်တွေနဲ့ နှစ်စဉ် စည်စည် ကားကားကျင်းပနေတဲ့ပွဲဖြစ်တယ်။ အားလုံးလွတ်လပ်စွာနဲ့ကိုယ် ကြိုက်နှစ်သက်တဲ့ အကြောင်းအရာကို ခေါင်းစဉ်တစ်ခု ထားပြီး စိတ် ကြိုက်ပြောဆိုဆွေးနွေးလို့ရအောင် လုပ်ပေးသွားမယ်။ တက်ရောက်လာမယ့် လူငယ်တွေအတွက်လဲနည်းပညာနဲ့ တခြားဗဟုသုတတွေ၊ အဆက်အသွယ်တွေ ရနိုင်မယ့်ပွဲတော် တစ်ခုပါ'' ဟု ပြော သည်။

ယင်းဘားကမ့်ပွဲတော်တွင် အိုင်တီ၊ မိုဘိုင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် အခြားသော Topic များနှင့်လည်း ပြောဆိုနိုင်မည့်ပွဲတစ်ခုဖြစ်ကြောင်း၊ အခြားနည်းပညာပွဲများကဲ့သို့ ပညာရှင်များကသာ ဆွေနွေး ရခြင်းမျိုး မဟုတ်ကြောင်း သိရသည်။

ဆက်လက်၍ ဦးဇော်ဇော်မျိုးလွင်က ''Topic တစ်ခုကို ကိုယ်က ရွေး ချယ်ပြီး ဆွေးနွေးမယ်၊ ပွဲလာမယ့်သူ တွေကလဲ တစ်ခန်းမှာပဲဆွေးနွေးတာကို ထိုင်နားထောင်ရမှာ မဟုတ်ဘူး။ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းကို ပြော ဆိုနေတဲ့အခန်းကို သွားနားထောင်နိုင်မယ်။ အရမ်း Free ဖြစ်အောင် ပြင် ဆင်ထားတယ်'' ဟု ပြောသည်။

အဆိုပါ ဘားကမ့်ပွဲသို့ ယခင် နှစ်ကျင်းပခဲ့စဉ်က လူဦးရေ ၆၅၀၀ ကျော် တက်ရောက်ခဲ့ပြီး ယင်းပွဲကို ၂၀၁ဝပြည့်နှစ်မှစတင်၍ ရန်ကုန်မြို့၌သာမက နယ်မြို့များတွင်ပါ ကျင်းပပြုလုပ်ခဲ့ပြီး အနည်းဆုံးပြပွဲသို့ လူဦးရေ နှစ်ထောင်ကျော် သုံးထောင်ဝန်းကျင် တက်ရောက်ခဲ့ကြောင်း သိရသည်။

PPT
Democracytoday

No comments:

Post a Comment