Friday 26 December 2014

တန်ဖိုးနည်း အိမ်ရာအား အငှားချထား ပေးရန် စဉ်းစားနေဟု မြို့တော်ဝန်ပြော

တန်ဖိုးနည်း အိမ်ရာ များအား မရောင်းချဘဲ အငှားချထား ပေးရန် စဉ်စားနေကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန်က The Messenger Media  သို့ ပြောသည်။ ၀င်ငွေနည်းတဲ့ ပြည်သူတွေ အတွက် စဉ်းစားပေးနေ တာပါ။ ပြီးတော့ ကျူးကျော်တဲ့ သူတွေ ကိုလည်း အိမ်ရာတွေ ဖော်ဆောင်ပေးဖို့ စီမံ ထားတယ် ဟု မြို့တော်ဝန် ဦးလှမြင့်က ဆိုသည်။

ယင်းကဲ့သို့ အငှား အိမ်ရာများ အကောင်အထည် ဖော်ဆောင်ရန် ရေရှည် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ပြီး၊ အိမ်ငှားခသည် အခန်းတန် ဖိုးကြေ ပါက နေထိုင်သူအား တိုက်ခန်း အပိုင် လွှဲပြောင်း ပေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် ဌာန အနေဖြင့် တန်ဖိုးနည်း  အိမ်ရာ စီမံကိန်းများ အကောင်အထည် ဖော်ကာ ပြည်သူ လူထုအား ရောင်းချပေးလျက် ရှိပြီး အဆိုပါ အိမ်ရာများကို နှစ်စဉ် အကောင်အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထိုမှ တစ်ဆင့် အငှားချထားပေး နိုင်ရန် စီစဉ် သွားမည် ဖြစ်ကြောင်း သိရသည်။

ဒီလိုအိမ်ရာတွေ ဖော်ဆောင်တဲ့ အခါ အစိုးရ အဖွဲ့အနေနဲ့ ပုဂ္ဂလိကနဲ့  ပူးပေါင်း ဆောင်ရွက် သင့်တယ်။ အမှန် တကယ် လုပ်ပေးချင်တဲ့ စိတ် ရှိရင် ဖြစ်ပါတယ် ဟု မြန်မာနိုင်ငံ ဆောက်လုပ်ပေးရေး လုပ်ငန်းရှင်များ အသင်းမှ ဒုတိယ ဥက္ကဋ္ဌ ဦးသာဌေးက ပြောသည်။ရန်ကုန်တိုင်းဒေသကြီး အတွင်း တန်ဖိုးနည်း အိမ်ရာများ ဖော်ဆောင်ရာတွင် ရန်ကုန် မြို့တော် စည်ပင်သည် သီးခြား ရပ်တည် နေသည့် အဖွဲ့အစည်း တစ်ခု ဖြစ်၍ ရရှိသည့် ဘဏ္ဍငွေ အပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ဆိုသည်။

ယခင် မဆလ အစိုးရ လက်ထက် ကလည်း အိမ်ရာ မရှိသည့် ၀န်ထမ်း များအား အငှားအိမ် ရာများ ချထား ပေးပြီး၊ ယခု အခါ အဆိုပါ အငှား အိမ်ရာ များကို နေထိုင်သူ များမှ ပိုင်ဆိုင်ခွင့် ရရှိကြ သော်လည်း ယခုတိုင် အိမ်လခများ ပေးဆောင် နေရဆဲ ဖြစ်ကြောင်း အစိုးရ အိမ်ရာ များတွင် ငှားရမ်း နေထိုင်သူများ ထံမှ သိရသည်။ အဆိုပါ အိမ်ရာ များတွင် သုဝဏ္ဏအိမ်ရာ၊ ဖဆပလ အိမ်ရာ၊ ရန်ကင်း အိမ်ရာ စသည်တို့ ပါဝင်ကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

Messenger News Journal 

No comments:

Post a Comment