Saturday 27 December 2014

စစ်သွေးကြွများကို ပြန်တိုက်ရန် မြန်မာအပါအ၀င် ၃ နိုင်ငံကို အိန္ဒိယ အကူအညီတောင်း

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ ဒီတပတ် အနည်းဆုံး လူ ၈၀ လောက် သေနတ် ပစ်သတ်ခံရလို့ သေဆုံးသွားရတာကြောင့် အဲဒီဒေသခံ စစ်သွေးကြွတွေ ကို ပြန်တိုက်ခိုက်ဖို့ မြန်မာ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ပူးပေါင်းဆောင် ရွက်ပေးဖို့ အကူအညီ တောင်းထားတယ်လို့ ဒီိဇင်ဘာလ ၂၆ ရက်နေ့က တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဘိုဒိုတိုင်းရင်းသားတွေအတွက် သီးခြားပြည်နယ် ရ ရှိရေး တောင်း ဆိုနေတဲ့ ဘိုဒိုလန်း အမျိုးသား ဒီမိုကရက်တစ် တပ်ဦးအဖွဲ့ က ဖြစ်မယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။

တချို့စစ်သွေးကြွတွေဟာ အိမ်နီးချင်း ဘူတန်နိုင်ငံထဲ ထွက်ပြေး သွားကြပြီးတော့ အဲဒီအဖွဲ့ခေါင်းဆောင်ဟာ မြန်မာနိုင်ငံကနေ အခြေစိုက် ညွှန်ကြားနေ တာလို့လည်း ယူဆထားပြီး ပူးပေါင်းဆောင်ရွက်ဖို့ တောင်း ဆိုထားကြောင်း တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
အာသံပြည်နယ်ဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိပြီး တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဘူတန်နိုင်ငံတွေကြား ညပ်နေတဲ့ နယ်မြေ တခုဖြစ်ပြီး စစ်သွေးကြွတွေဟာ တောထူတပ်တဲ့ တောင်တွေကြားကနေ နယ်စပ်တွေကို ဖြတ်ကျော် သွားလာလှုပ်ရှား နေကြတာလည်း ဖြစ်ပါတယ်။
DVB

No comments:

Post a Comment