Friday 26 December 2014

လက်ပံတောင်း သေဆုံးမှုကို ဥပဒေ အတိုင်း အမြန်ဆုံး ဆောင်ရွက်ရန် ရွှေဝါရောင် သံဃာတော်များ ကြေညာချက်ထုတ်

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နယ်နိမိတ် သတ်မှတ်ရန် ၀မ်ပေါင် ကုမ္ပဏီမှ ခြံစည်းရိုး ခတ်မှုကို ဒေသခံများ တားဆီးရာမှ တစ်ဆင့် ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ကျည်ထိ မှန်ကာ သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်း ကိစ္စအား အမြန်ဆုံး အကောင်အထည် ဖော်ရန် အတွက် ရွှေဝါရောင် သံဃာတော်များ စုစည်းမှု အဖွဲ့မှ ကြေညာချက် ထုတ်ပြန် ထားကြောင်း ယင်းအဖွဲ့မှ ဆရာတော် ဦးအဂ္ဂရာဇာက  The Messenger Media  သို့ မိန့်ကြားသည်။ တို့ကတော့ ကြေညာချက် ထုတ်ပြီး သွားပြီ။ ဒီကြေညာချက် အတိုင်း ဆောင်ရွက်မရွက် စောင့်ကြည့်ရ မှာပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တို့တစ်တွေ ဘယ်လို ဆောင်ရွက်မလဲ ဆိုတာကို အစည်း အဝေး တစ်ခု ကျင်းပ ပြီးတော့ လုပ်ဆောင် သွားမယ် ဟု ဆရာတော်က မိန့်သည်။

မြန်မာဝမ်ပေါင် ကုမ္ပဏီမှ လက်ပံ တောင်းတောင် တောင်ခြေ ပတ်ပတ်လည်တွင် ခြံစည်းရိုးခတ်မှုကို တစ်ပြိုင်နက် ပြုလုပ်ခဲ့စဉ် မိုးကြိုးပြင် ကျေးရွာ၊ ဆည်တည်း ကျေးရွာ၊ တုံကျေးရွာနှင့် ရွှေလှေ ကျေးရွာတို့မှ ဒေသခံများ သွားရောက် တားဆီး ခဲ့ကြောင်း သိရသည်။ လိပ်ခွံတောင်ခြေ အနီးတွင် မိုးကြိုးပြင် ကျေးရွာရှိ ဒေသခံ များကို လုံခြုံရေး တပ်ဖွဲ့များ က သေနတ် များဖြင့် ပစ်ဖောက်ကာ အကြမ်းဖက် ဖြိုခွင်းခဲ့ မှုကြောင့် ဒေသခံ အမျိုးသမီး တစ်ဦး ဖြစ်သည့် ဒေါ်ခင်ဝင်း၏ နဖူးတည့်တည့်ကို ကျည်ထိမှန်ပြီး နေရာတွင် ပွဲချင်းပြီး သေဆုံး သွားခဲ့သည်။

ယင်းကိစ္စရပ်နှင့် ပတ်သက်၍လည်း စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်က ဥပဒေ အတိုင်း အမှန်အတိုင်း ဖြစ်စေ ရမည်ဟု ကတိပေး ခဲ့ပြီး၊ လက်ရှိ တွင်လည်း အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ခုံရုံးတင်ကာ စစ်ဆေးလျက် ရှိကြောင်း သိရသည်။ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ တိုင်းရင်သား ပါတီများ စည်းလုံး ညီညွတ်ရေး အဖွဲ့နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ မှလည်း ကြေညာ ချက် အသီးသီး ထုတ်ပြန်ထား ကြပြီး ရန်ကုန်မြို့ တွင်လည်း ဆန္ဒ ထုတ်ဖော်ပွဲ များကို ပြုလုပ်ခဲ့ ကြသည်။

Messenger News Journal 

No comments:

Post a Comment